
“ကိုယ်တော်မြတ်စက္ကရာမင်တူးကိုအခြေခံသောယုံကြည်ခြင်းအသက်တာ” ခေါင်းစဉ်ဖြင့်ငါးရက်တာ သင်တန်းကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်မြို့ စိန့်အလောရှက် ကက်သလစ် အခြေခံရဟန်း ဖြစ်သင်ကျောင်း(မိုင်နာ) ကျောင်း၌ မန္တလေးသာသနာလုံးဆိုင်ရာ Verbum- Domini ဘုရား၏နှုတ်က ပါတ်တော်အဖွဲ့မှ ဦးဆောင်ပြီး ချီးမွမ်းကိုးကွယ်ခြင်းနှင့် သမ္မာကျမ်းစာလေ့လာခြင်း သင်တန်းကို ကျင်း ပခဲ့ပါသည်။
“ကိုယ်တော်မြတ်စက္ကရာမင်တူးကို အခြေခံသော ယုံကြည်ခြင်းအသက်တာ” ဆိုသည့် ခေါင်းစဉ်နှင့် ဧပြီလ ၁၃ရက်ကနေ ၁၇ရက်နေ့ အထိ ငါးရက်တာကို တာဝန်ခံ Rev.Fr. Augustine Win Myint မှဦးဆောင်ပြီး ဧည့်သည်တရားဒေသနာဟောကြားမည့်ဘုန်းတော်ကြီးများအဖြစ် ရန်ကုန်သာသနာမှ ဆရာတော်ကြီး Francis သန်းထွန်း နှင့် Rev. Fr. Marcian သက်ကျော်တို့ မှသင်ကြားပို့ချခဲ့ပါသည်။
သင်တန်းသို့ ရန်ကုန်းသာသနာနှင့် မန္တလေးသာသနာ စီရင်စုအသီးသီးမှ ဘာသာဝင်များ ကလေး လူကြီး လုငယ် ပေါင်းစုံလာရောက်ပါဝင်ခဲ့ကြပါသည်။
သင်တန်းလာရောက်ပို့ချပေးခဲ့သော ဆရာတော်ကြီး ဖရန်စစ် သန်းထွန်းမှ ပြောကြားရာမှာ
“ဒီနေရာမှာလာရောက်ကြတဲ့သူတွေ အားလုံးဟာ တစ်လုံးတစ်ဝတည်းနဲ့ ဘုရားရှင်ကို ချီးမွမ်းကိုးကွယ်ဖို့ အတူတကွ ဆုတောင်းဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်တဲ့ အတွက် ခုလိုစုံစုံ လင်လင်နဲ့ တွေ့ရတာ အရမ်း ဝမ်းသာပါတယ်။
ဘုရားရဲ့ကျေးဇူးတော်ကြောင့် ဒီလိုလာရောက်တွေ့ဆုံကြတယ် ဒီလိုအချိန်မှာ ကျွန်ုပ်တို့ က ချီးမွမ်းကိုး ကွယ်ခြင်းနှင့် ယုံကြည်ခြင်းအသက်တာကို တည်ဆောက်တာဖြစ်တဲ့ အတွက် ဒီမှာရှိတဲ့ လူကြီးရော ကလေးရော လူငယ်ရော အားလုံးအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ကျွန်ုပ်တို့ကက်သလစ်ဘာသာဝင်တွေက တစ်ခါတစ်ခါကျရင် အရမ်းတန်ဖိုးရှိပြီး လေးနက်တဲ့ မစ္ဆား တရားတော်မြတ်ရဲ့ အနက်အဓိပ္ပာယ်ကို နားမလည်ကြဘူး ဘာကြောင့်နားမလည်တာလဲဆို ဘုရားရဲ့ နှုတ် ကပါတ်တော်ကို ကောင်းကောင်း မဆာငတ်လို့ဖြစ်တယ်။ ဒါကြောင့် မစ္ဆားတရားပြီးရင် ချီးမွမ်းကိုးကွယ် ခြင်းလုပ်တယ် ဆိုတာတန်ဖိုးရှိတဲ့ အရာလေးတစ်ခုဖြစ်တယ်။
ဒီပွဲရဲ့ အနှစ်ချုပ်ကတော့ ကိုယ်တော်မြတ်စက္ကရာမင်တူးနှင့် အာပတ်ဖြေခြင်းကို လေးနက်စွာ နားလည် အောင်ပြုလုပ်ပေး မဲ့အရာဖြစ်ပါတယ်။ စက္ကရာမင်တူးအားဖြင့် ယုံကြည်ခြင်းအသက်တာကို တည် ဆောက် ခြင်း ဆိုတဲ့နေရာမှာ အခြားသော ချီးမွမ်းကိုးကွယ်ခြင်းထက် ယုံကြည်ခြင်း အသက်တာ မှာ စက္ကရာမင်တူးများကို တည်ဆောက်ပြီးတော့ဒီသိလာတဲ့အရာတွေကို ပိုပိုပြီးလေးနက်စွာ အသက် ရှင်နိုင်အောင်လို့လုပ်ပေးတဲ့ ဘာသာရေးသင်တန်းတစ်ခုဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
အဓိကတော့ ကက်သလစ်တွေရဲ့ ယုံကြည်ခြင်းတွေမပျောက်ရဘူး ပြီးတော့ တစ်ဦးစီရဲ့ ယုံကြည်မှု တွေလည်းတိုးပွားရမယ်။ အဲ့အပေါ်မှာမူတည်ပြီးတော့ အသင်းတော်ရဲ့သွန်သင်မှု အောက်က နေပဲသွား နေဖို့လိုပါတယ်။
သင်တန်းလာတက်ရောက်သူများ၏ ပြောစကားများ
Bosco Yan Naing Soe ( worship Leader(Yangon Archdiocese)
ဒီမှာ ကိုနိုနို တို့ကနေပြီးတော့ မေမြို့မှာ သင်တန်းလေးတစ်ခု ရှိတယ် အဲဒီမှာသူတို့နဲ့ အတူတူ ချီးမွမ်း ကိုးကွယ်ခြင်းမှာ လာရောက်ပူးပေါင်းပေးဖို့ဖိတ်ခေါ်တဲ့ အတွက် လာရောက်ခြင်းဖြစ်ပါတယ်။ ကျွန်းတော်တို့ အရင်တုန်းကဆိုရင် လူကြီးဆိုလူကြီး၊ ကလေးဆိုကလေး၊ လူငယ်ဆိုလူငယ် သတ်သတ် စီခွဲပြီးလုပ်ကြတယ်။ ခုဒီမှာကြတော့ လူငယ်၊ လူကြီး၊ ကလေး၊ အကုန်လုံးပါဝင်တာ တွေ့ တဲ့ အခါကြ တော့အရမ်းဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။
ဘာလို့ဆို အားလုံးက ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်ဖို့လိုတယ်လေး လူကြီး လူငယ် ကလေး အသက်အရွယ်မရွေး အားလုံးပါဝင်ပြီး ချီးမွမ်းကိုးကွယ်ခြင်းလုပ်တာ ဒီမန္တလေးသာသနာမှာပဲ တွေ့ရတာ တစ်ခြားသာသနာမှာတော့ မတွေ့ရသေးပါဘူး။ ကျွန်ုပ်အနေနဲ့ ဒီနေရာမှာ လာပြီးတော့ပါဝင်ခွင့်ရတဲ့အ တွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် အကုန်းလုံးက စိတ်ဝင်တစား အားရပါးရ ပါဝင်ကြ တဲ့ အတွက်လည်းအားရမိပါတယ်။
Jacinta ( Yangon)
ဘာသာဝင်တစ်ယောက်အနေနဲ့ ဒီလိုရခဲတဲ့အချိန်တွေမှာ ဘုရားနဲ့ပိုပြီးရင်းနှီးအောင် ဘုရားအကြောင်း တွေပိုနားလည်လာအောင် ဒီလိုသင်တန်းကို တက်သင့်ပါတယ်။ ဒါက ကိုယ့်ရဲ့ ဝိညာဉ်ရေးလမ်းစဉ်တွေ မှာပိုမို အသိတရားတွေရလာထင်လို့ လာတက်ဖြစ်တာပါ။ ဒီမှာသင်တန်းလာတက်ခြင်းဖြင့် မိတ်ဆွေ အသစ်တွေလည်းရလာတယ် အများနဲ့အတူတကွချီးမွမ်းကိုးကွယ်ခြင်းမှာ ပါဝင်ရတဲ့ အတွက်လည်း အရမ်းပျော်ပါတယ်။
Lucia ( Yangon) အင်းစိန် )
အရင်ကတော့ တစ်ခါမှဒီသင်တန်းကို မပါဝင်ဖူးဘူး အရင်ကဆိုသာသနာတွေမှာ လူငယ်တွေပဲ သီးသန့် camp တွေရှိတယ် လုပ်ဖြစ်တယ်လေး။ ဒီနှစ်မှာတော့ ဒီချီးမွမ်းကိုးကွယ်ခြင်း အစီအစဉ်မှာ တစ်ခါမှ မပါ ဝင်ဖူးတော့စိတ်ဝင်စားလို့ ဒီမှာလာပါဝင်ဖြစ်ပါတယ်။
ဒီမှာက အကုန်ပေါင်းပြီးလုပ်တယ်ဆိုတော့ ဗဟုသုတအစုံရပါတယ် ဘာလို့ဆို လူငယ်တွေပဲ ဆိုရင် လူငယ်နဲ့ဆိုင်တဲ့အရာတွေပဲ ပို့ချတာများတယ်လေး ခုကလူကြီးရော ကလေးရော လူငယ်ရေား အသက် အရွယ်မရွေးအကုန်းပါဝင်တယ်ဆိုတော့ မသိရသေးတဲ့ဗဟုသုတအသစ်တွေ အများကြီးရခဲ့ပါတယ်။
Christina ( St. Peter& St. Paul Church ( MDY) )
ဒီသင်္ကြန်ကာလမှာဒီမှာခုလိုသင်တန်းရှိတယ်ဆိုတာ သိတော့ဝမ်းသားစွာနဲ့ လာပြီးတော့ဘုရားရဲ့နှုတ်က ပါတ်တော်တရားကိုနာချင်လို့ ပြီးတော့ရင်ထဲမှာရှိတဲ့ စိတ်အနာအစာလေးတွေကို ပြုပြင်ပြောင်းလဲဖို့ အတွက်ကျွန်မ ဒီသင်တန်းကို လာတက်ခဲ့တာပါ။ ဒီမှာငါးရက်တာ ဆရာတော်တွေ ဘုန်းကြီး တွေ ဟော ကြားချက်တွေကို တရားနာကြတယ် ပြီးတော့ အဖွဲ့လိုက်အတူတကွ ဘုရားကိုချီးမွမ်းကြတယ် စက္ကရာ မင်တူးတွေရဲ့အကြောင်းတွေကို ပိုပြီးလေးလေးနက်နက်သိလာတယ်။ ဒါကြောင့်ဒီသင်တန်းက ကျွန်မ အတွက်က တကယ်ကို အကျိုးရှိပါတယ်။


