ဇနီးသည်တစ်ယောက်က တစ်ခါတစ်ရံမှာ ငြီးတွားသလို ငြီးညူသလို ပြောဆိုတဲ့ အခြေခံ အကြောင်းရင်း ကဘာလို့လဲ။

ဒီနေ့မှာ ဇနီးသည်တစ်ယောက်က အမြဲတမ်မဟုတ်ပေမဲ့ တစ်ခါတစ်ရံမှာ အတွင်းစိတ်ဆန္ဒ ပြင်းပြစွာ ဖြစ်ပေါ်တဲ့အခါမှာ ငြည်းတွားသလို ငြည်းညူသလို ပြောဆိုတဲ့ အခြေခံ အကြောင်းရင်းကို ဖတ်ရှုခဲ့တဲ့စာအုပ်များမှတဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။

            အမြဲတမ်းတော့ အဲ့ဒီလို ဆန္ဒတွေမဖြစ်ပေါ်ပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့ အဲ့ဒီလိုပြုမူရတာလဲ၊ အဲ့ဒီလို ငြည်းငြူတာဘာကြောင့်လဲ၊ ဒီဇနီးကိုယ်တိုင်ကော သိရဲ့လား။

            တကယ်တမ်းကတော့ ဒီနေ့ခေတ်ရဲ့ လေ့လာစမ်းသပ်မှုတွေမှာ ဇနီးသည်တစ်ယောက် အတွင်းစိတ် လှုပ်ရှားထိခိုက်ခံစားမှုတွေ သူ့ခင်ပွန်းအနားမှာ အနီးကပ်ရှိနေချင်ခဲ့လိုပါလို့ စမ်းသပ်မှု တွေအရ ရေးသားထားတာတွေ့ရပါတယ်။

            ဇနီးသည်က အဲ့ဒီလို အတွင်းစိတ်ဆန္ဒဖြစ်ပေါ်နေတာကို ခင်ပွန်းက အထူးပဲ သိဖို့လိုပါတယ်။

            ဒီဇနီးသည်က သူ့ခင်ပွန်း၊ သူ့အနားမှာရှိပေးပြီး ဆက်နွယ်မှု Connect ဖြစ်ချင်လို့၊ ဇနီးသည် က အဲ့ဒီလိုဖြစ်နေရင် ခင်ပွန်းက ဇနီးရဲ့လက်ကို ဆုပ်ကိုင်ပြီး အားပေးစကား ပြောပေးပါ။ ပြီးတော့ မိသားစုအတွက် ဝေယျာ၀စ္စတွေလုပ်ရလို့ အရမ်းပဲ ပင်ပန်းနေလား မေးပေးပါ။

            သူမရဲ့ ခံစားချက်တွေကို မဝေဖန် မဆုံးဖြတ်ပဲ၊ သူမနဲ့ အတူခံစားပေးလိုက်ပါ။

            သူမလိုချင်နေတာက ခင်ပွန်းဆီက ချစ်ခြင်းမေတ္တာ၊ သူမကို အထူးအာရုံစိုက်သတိပြုစေချင် တာ၊ ခင်ပွန်းဆီက နူးညံ့သိမ်မွေ့တဲ့ အချစ်တွေကို အမြဲပေးစေချင်တာ။

            ခင်ပွန်းအနေနဲ့ သူမစိတ်ချမ်းသာမဲ့ နေရာမျိုးလေး ခေါ်သွားပေးစေချင်တာ။

            သူမကို ချစ်တယ်ဆိုတဲ့ လက်ဟန်ခြေဟန်ပဲဖြစ်ဖြစ် ပြပေးစေချင်တာ၊ အဲ့ဒီလို ခံစားချက်မျိုး နေ့စဉ်ခံစားချင်တာ၊ ခင်ပွန်းက သူမ နားမှာနေပြီး  ရင်ထဲမှာရှိတဲ့ စကားတွေကို ရင်ဖွင့်ပြီး ပြောစေ ချင်တာ နွေးထွေးတဲ့စကားတွေကို ကြားချင်တာ။

            ခင်ပွန်းရဲက ရင်တွင်းဖြစ် စကားတွေ ဖွင့်ပြောတာကို နားထောင်ချင်တာ။

            နှလုံးသားချင်း ရင်းရင်းနှီးနှီးရှိစေချင်တာ။

            ရင်ထဲက စကားတွေကို ဖွင့်မပြောပဲ ဆိတ်ငြိမ်နေတာကို ဘဝင်မကျနေတာ၊ အမှန်အတိုင်း ထုတ်ဖော်ပြောစေချင်တာ။

            ဇနီးမယားတစ်ယောက် ခင်ပွန်းဆီကနေ ရိုးသားဖြောင့်မတ်ခြင်းကို ယုံကြည်ချင်တာ။

            ဒါမှ ခင်ပွန်းကို ယုံကြည်မှုနဲ့ သူ့ဘဝကို တည်ဆောက်ချင်တာ၊ ခင်ပွန်းက ဇနီးကို သာမန် မိတ်ဆွေနဲ့ ပြောသလို မဟုတ်ပဲ ဇနီးတစ်ယောက်ပြောနည်းပြောဟန်နဲ့ ပြောစေချင်တာ။

            ခင်ပွန်းတစ်ယောက် အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မိမိအိမ်ထောင်ကို ဦးဆောင်ဦးရွက် ပြုစေချင်တာ။

            ဇနီးတစ်ယောက်ဖြစ်စေချင်တာက သူတို့ မိသားစုကြောက်ရွံ့မှုတွေ စိတ်ဖိစည်းမှုတွေ၊ မသေချာတဲ့ ဖြစ်စဉ်တွေမှာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့။

            မိသားစုရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်တာထက်၊ အမျိုးသားတစ်ယောက်ရဲ့ အတ္တ၊ ဂုဏ်သိက္ခာ သူမကို ပြနိုင်ဖို့ သူမက မြင်ချင်တာ။

            နောက် ဇနီးတစ်ယောက် သိချင်တာက အတွေးထဲမှာကော သူမအတွက်ပဲလား၊ သူမနဲ့ ယှဉ်ပြိုင်မယ့် သူမရှိစေဖို့ သူ့အပေါ် သစ္စာရှိဖို့၊ ယုံကြည်ဖို့နဲ့ မှန်မှန်ကန်ကန် ဆက်ခံခံဖို့ ဇနီး တစ်ယောက် အနေနဲ့ရချင်တာ။

            မိမိက စက်ပစ္စည်းတစ်ခုနဲ့ လက်ထပ်ပေါင်းသင်းတာမဟုတ်တဲ့အတွက် လူသားဆန်တဲ့ ခင်ပွန်းတစ်ယောက်အဖြစ် မျှော်လင့်ချင်တာ။   

            လင်နဲ့မယား အခုလိုအကြောင်းအရာတွေကြောင့် ရန်ဖြစ်စကားများဖို့မဟုတ်ပါဘူး။

            ဒါက failure ကျရှုံးသွားတာလည်းမဟုတ်ပါဘူး။ လမ်းဆုံအလှည့်အကြောင်းလေးတစ်ခုပါ။

            တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်နေရင် နှစ်ယောက်စလုံး ပြောင်းလဲလို့ရပါ တယ်။

            ဇနီးမယားဆိုတာ အခုလို အမြဲတမ်းမဟုတ်ပေမဲ့ တစ်ခါတစ်ရံမှာ အတွင်းစိတ်ခံစားချက် ပြင်းပျတဲ့အခါမှာတော့ မြည်တွန်တောက်တီး နေအုံးမှာပဲ ဆိုတာကို ခင်ပွန်းက သိထားမယ်ဆိုရင် နားလည်ခွင့်လွှတ်မှုတွေနဲ့ လူသားဆန်တဲ့ အိမ်တောင်ရှင် အမျိုးသားကောင်းတစ်ယောက်အဖြစ် ကြိုးစားရင်း ကျက်သရေရှိတဲ့ အိမ်ထောင်တစ်စုကို တည်ထောင်နိုင်မှာပါဆိုတာ တင်ပြရင်း အမိန့် အတွက် ရပ်နားလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *