ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) အား ဘာသာရေးလွတ်လပ်ခွင့် မြှင့်တင်ပေးမှုအတွက် Liberty Medal(လွတ်လပ်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်) ချီးမြှင့်မည်။

အမေရိကန်အခြေစိုက် အမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေ ဗဟိုဌာန (NCC) က ၃၈ ကြိမ်မြောက် နှစ်ပတ် လည် Liberty Medal ကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ချီး မြှင့်မည်ဟု ကြေညာခဲ့သည်။

ဤဆုပေးပွဲသည် အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့်အထိမ်းအမှတ် အကြိုနေ့နှင့် တိုက်ဆိုင်နေသည်။ ပုပ်ရဟန်းမင်းကြီး၏ တစ်သက်တာလုံး ဘာသာရေးလွတ်လပ်ခွင့်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့အတွက် ကြိုးပမ်း မှုများကို အသိအမှတ်ပြုခြင်း ဖြစ်သည်။

ဖီလာဒဲလ်ဖီးယားမြို့ရှိ Independence Mall တွင် ကျင်းပမည်ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးသည် ဗာတီ ကန်နန်းတော်မှနေ၍ တိုက်ရိုက် ဗီဒီယိုစနစ် (Livestream) မှတစ်ဆင့် ကျေးဇူးတင်စကား ပြောကြား မည်ဖြစ်သည်။

ဗာတီကန် နန်းတော် သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး Matteo Bruni က ပုပ်ရဟန်း မင်းကြီး သည် ဤဂုဏ်ထူးဆောင်ဆုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဤအခမ်းအနားသည် အရပ်ဘက်နှင့် ဘာသာရေးခေါင်းဆောင်များကို စုစည်းပေးမည်ဖြစ်ပြီး၊ လွန်ခဲ့ သော နှစ်ပေါင်း ၂၅၀ က အမေရိကန် တည်ထောင်သူများ ချမှတ်ခဲ့သော စံနှုန်းများသည် ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွင် မည်သို့အကျုံးဝင်နေဆဲဖြစ်သည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ လုပ်ဆောင်မှု့

ဘာသာပေါင်းစုံ ချဉ်းကပ်မှု: ၂၀၂၅ ခုနှစ်၊ မေလတွင် ရွေးကောက်ခံရပြီးကတည်းက ပုပ်ရဟန်းမင်း ကြီး သည် ဂျူး၊ မွတ်စလင်၊ ခရစ်ယာန်နှင့် အခြားဘာသာရေး လူမှုအသိုက်အဝန်းများအကြား အပြန်အလှန် လေးစားမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကို အဓိကထား လုပ်ဆောင်ခဲ့သည်။

လူသားဂုဏ်သိက္ခာ: ဘာသာရေးလွတ်လပ်ခွင့်သည် သာမန်အခွင့်အရေးတစ်ခုမျှသာ မဟုတ်ဘဲ၊ အထူးသဖြင့် ပဋိပက္ခဒဏ်ခံနေရသူများနှင့် ဘာသာရေး လူနည်းစုများကဲ့သို့ ဖယ်ကြဉ်ခံထားရသော လူ့အဖွဲ့အစည်းများအတွက် လူသားဂုဏ်သိက္ခာ ကို ဖော်ပြခြင်းဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ရှုမြင် သည်။

ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်: လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် ဘာသာရေး လွတ်လပ်ခွင့်များ မရှိဘဲ ငြိမ်း ချမ်းရေး မရနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက်များသည် အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပထမပြင်ဆင်ချက် (First Amendment) ပါ အကာအကွယ်ပေးချက်များနှင့် ကိုက်ညီနေ သည်။

Liberty Medal နှင့် အမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေ ဗဟိုဌာန

၁၉၈၈ ခုနှစ်တွင် စတင်ခဲ့သော ဤဆုသည် ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ လွတ်လပ်ခွင့်အတွက် ကြိုး ပမ်းသူများကို ဂုဏ်ပြုခြင်း ဖြစ်သည်။

ယခုနှစ် အခမ်းအနားကို ဖီလာဒဲလ်ဖီးယား မြို့တော်အုပ်ချုပ်ရေးအဖွဲ့နှင့် ပုပ်ရဟန်းမင်းကြီး ပညာသင် ကြားခဲ့ရာ ဝီလာနိုဗာ တက္ကသိုလ် (Villanova University) တို့က ပူးပေါင်းကူညီထားသည်။

ဖီလာဒဲလ်ဖီးယားရှိ ဤဗဟိုဌာနသည် လူသားလွတ်လပ်ခွင့်ဆိုင်ရာ အကြီးမားဆုံးသော မျှော်မှန်းချက် ဖြစ်သည့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို လေ့လာရန်၊ ဆွေးနွေးရန်နှင့် ဂုဏ်ပြုရန် အတွက် ကမ္ဘာတစ်ဝန်းမှ လူများကို စုစည်းပေးသည့် နေရာဖြစ်သည်။

Fr. Peter Kyi Maung

Photo Credit:Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-united-states-liberty-medal-religious-freedom-constitution.html

rvamyanmar
rvamyanmar
Articles: 3791

Leave a Reply

Your email address will not be published. Required fields are marked *