လက်ဘနွန်တွင် ပျံလွန်သွားသော ဘုန်းတော်ကြီးအတွက် ပုပ်ရဟန်းမင်းကြီး ဝမ်းနည်းကြေ ကွဲ ကြောင်း နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း။

(Pope Leo XIV (@Vatican Media)

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့သည့် လက် ဘနွန် ဘုန်းတော်ကြီး ဖာသာရ် ပီယဲလ် အယ်လ်-ရာဟီ (Fr. Pierre El-Rahi) အတွက် ဝမ်းနည်း ကြေကွဲ ကြောင်း ဖော်ပြခဲ့ပြီး၊ လက်ဘနွန်ပြည်သူများနှင့်အတူ ထပ်တူရှိနေကြောင်းနှင့် စစ်ပွဲအတွင်း သေဆုံးခဲ့ရ သည့် အပြစ်မဲ့သားကောင်များအတွက် ဆုတောင်းပေးကြရန် ခရစ်ယာန်ဘာသာဝင်များကို တိုက်တွန်း ခဲ့သည်။

“အီရန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံး ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆုတောင်းကြပါစို့။ အထူးသဖြင့် အပြစ်မဲ့ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ အမြောက်အမြား သေဆုံးနေရ ခြင်းအတွက် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆုတောင်းသံများသည် ဆင်းရဲဒုက္ခရောက်နေသူများအတွက် နှစ် သိမ့်မှုဖြစ်စေပြီး အနာဂတ်အတွက် မျှော်လင့်ချက်မျိုးစေ့ ဖြစ်ပါစေ။”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗာတီကန်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော အပတ်စဉ် လူထုတွေ့ ဆုံပွဲ၌ ဤကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 ဘုန်းတော်ကြီး ပီယဲလ် အယ်လ်-ရာဟီ၏ ဈာပနအခမ်းအနားကို လက်ဘနွန်နိုင်ငံ၊ ကလာယာ (Qlayaa) မြို့၌ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ကြောင်း၊ ဘုန်းတော်ကြီး အယ်လ်-ရာဟီသည် လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ရွာတစ်ရွာမှ မာရိုနိုက် (Maronite) ဂိုဏ်းဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အာရဗီဘာ သာစ ကားဖြင့် ‘အယ်လ်-ရာဟီ’ ဆိုသည်မှာ “သိုးထိန်း” ဟု အဓိပ္ပာယ်ရကြောင်း၊ အဆိုပါဒေသများသည် ယခု ရက်ပိုင်းအတွင်း “စစ်ပွဲ၏ အနိဋ္ဌာရုံကို တစ်ကျော့ပြန် ခံစားနေရကြောင်း” “အခုလို ပြင်းထန်တဲ့ စမ်းသပ် မှုတွေ ကြုံတွေ့နေရတဲ့ အချိန်မှာ ကျွန်ုပ်ဟာ လက်ဘနွန်ပြည်သူအားလုံးနဲ့အတူ ရှိနေကြောင်း” ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဖာသာရ် ပီယဲလ်ဟာ ကောင်းမြတ်သောသိုးထိန်းဖြစ်တဲ့ ယေဇူးသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်မှု တွေအတိုင်း မိမိရဲ့ဘာသာဝင်တွေအနားမှာ အမြဲရှိနေခဲ့တဲ့ စစ်မှန်တဲ့ သိုးထိန်းတစ်ဦး ဖြစ်ပါတယ်” ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘာသာဝင်အချို့ ဒဏ်ရာရရှိသွားကြောင်း ကြားသိရသည်နှင့် ဘုန်းတော်ကြီးသည် ချက်ချင်းပင် မတွန့်မဆုတ်ဘဲ ကူညီရန် ပြေးသွားခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြန်လည် မိန့်ကြား ခဲ့သည်။

လက်ဘနွန်သတင်းမီဒီယာများ၏ အဆိုအရ အဆိုပါ မာရိုနိုက်ကက်သလစ် ဘုန်းတော်ကြီးသည် အစ္စရေးတင့်ကားတစ်စီး၏ ပစ်ခတ်မှုကို ခံခဲ့ရသော ဘာသာဝင်များ၏ အိမ်တစ်လုံးအား ကူညီရန် ကြိုးပမ်းနေစဉ် တနင်္လာနေ့က လက်ဘနွန်နိုင်ငံ၊ ကလာယာမြို့၌ ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ဖာသာရ် အယ်လ်-ရာဟီသည် လူငယ်အချို့နှင့်အတူ သူ၏သာသနာနယ်မြေရှိ တောင်ပေါ်ဒေသရှိ အဆို ပါအိမ်သို့ အပြေးအလွှား သွားရောက်ခဲ့သော်လည်း တင့်ကားက ထိုအိမ်ကို ထပ်မံပစ်ခတ်ခဲ့သဖြင့် ဘုန်းတော်ကြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။

“သူပေးဆပ်ခဲ့တဲ့ အသွေးအသားတွေဟာ ချစ်လှစွာသော လက်ဘနွန်နိုင်ငံအတွက် ငြိမ်းချမ်းရေးမျိုးစေ့ ဖြစ်ပါစေကြောင်း ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့သပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ဆုတောင်းပေးခဲ့သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-mourns-lebanese-priest-killed-due-to-iran-war.html

rvamyanmar
rvamyanmar
Articles: 3778

Leave a Reply

Your email address will not be published. Required fields are marked *