
မန္တလေးသာသနာအတွင်းရှိ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ရုံးပေါင်းစုံဝန်ထမ်းများရဲ့ အကာ အ ကွယ်ပေးခြင်းအမြင်ဖွင့်သင်တန်းကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ဘုန်းတော်ကြီးများ သီလရှင်များနှင့် သာသနာ့ အမှု ထမ်းဆောင်နေသော ရုံးပေါင်း စုံဝန် ထမ်းအတွက် သိရှိနားလည်ထားရမည့် (Safeguarding Awareness Training) အကာအကွယ်ပေးခြင်း အမြင်ဖွင့်သင်တန်းကို မတ်လ ၂ရက်မှ ၈ရက်၊ ၂၀၂၆နေ့ အထိ ကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ ဒွန်ဘော့စ်ကို ဓမ္ဓရိပ်သာ၌ ဘုန်းတော်ကြီး Fr. Henry Brang Mai နှင့် အဖွဲ့များမှ သင်ကြားပို့ချပေးခဲ့ ပါသည်။
သင်တန်းသို့ မန္တလေးမြို့အနီးတစ်ဝိုက်ရှိ သာသနာစီရင်စုအသီးသီးမှဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် သာသနာ့အမှုထမ်းဆောင်နေ ကြသော ဆရာ/မ များ၊ သီလရှင်များ၊ သာသနာ့ ရုံဝန်ထမ်းများ လာတက် ရောက်ခဲ့ပါသည်။
Safeguarding awareness Training နဲ့ပတ်သက်ပြီး မန္တလေးသာသနာ၏ ဆရာတော်ကြီး မာကု ဦး တင်ဝင်း မှအားပေးစကားပြောကြားရာမှာ
“ ဒီသင်တန်းက မန္တလေးသာသနာအတွက်သာမက ကက်သလစ်သာသနာတစ်ခုလုံး၊ ကမ္ဘာကြီးတစ်ခုလုံး အတွက်အကျိုးရှိပါတယ်။ ဘာလို့လဲဆို အခုခေတ်မှာ မီဒီယာတွေက အရမ်းလွမ်းမိုးလာတဲ့အခါ ကလေး လူကြီး အကုန်လုံးကဒီရေစီးထဲမှာမျှောနေတဲ့အခါမှာ မဖြစ်သင့်တာတွေဖြစ်ဖြစ်ကုန်ကြတယ်၊ မကြုံ သင့်တာတွေကြုံကြတယ်၊ နောက်မကြားဝံ့မနာသာတွေလည်း ဖြစ်ကြရတယ်။ ဒါကြောင့် အဲ့လိုဖြစ် တဲ့သူတွေကို ဘယ်လိုကူညီမလဲ၊ နောက်ပြီးကိုယ့်အတွက်လည်းမဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ကိုယ်နဲ့ဆက်စပ်သူတွေကိုလည်းပဲ ဘယ်လိုဒီအသိတရားတွေရှိလာအောင် တတ်စွမ်း သမျှလုပ်ပေးမလဲ။ ဆိုတဲ့အသိတွေရတဲ့အတွက် ဒီ Safeguarding သင်တန်းက အင်မတန် ကကျိုးရှိတဲ့ အရာဖြစ်ပါတယ်။
တို့ဘုန်းကြီးတွေ၊သီလရှင်တွေ၊ ဓမ္မဆရာတွေဆိုတာကတော့ အားနည်း နေတဲ့နေရာကို သန်မာလာ အောင်လုပ် ပေးရမယ်၊ မသိတဲ့နေရာသိအောင်လုပ်ပေးရမယ်၊ လွဲနေတဲ့နေရာကို တည့်အောင် လုပ်ပေး ရမယ်။ နောက်တစ်ခါ လုံးဝမသိတဲ့နေရာတွေမှာ သိအောင်သင်ကြားပေးရမယ်ဆိုတာက တို့တွေမှာ တာဝန်ရှိ တယ်။
ဒါကြောင့် ကိုယ်သိတာကို သူများကို ပြန်မျှဝေနိုင်မှ ဒီသင်တန်းလေးက ကိုယ့်အတွက်လည်း အဓိပ္ပာယ်ရှိ သလို့တစ်ခြားသူအတွက်လည်းအဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။ ဖယောင်းတိုင်တစ်တိုင်ပဲထွန်းလျှင် တစ် တိုင်ပဲမီးလင်းမှာ အဲ့တော့ဖယောင်းတိုင်တွေအများကြီးထွန်းလိုက်လျှင်အလင်းပိုရသလို ကျွန်ပ်တို့ တစ် ယောက်ချင်းဆီကနေ ဖယောင်းတိုင်လေးတွေ ပွားပေးနိုင်ဖို့ အားပေးပါတယ်ဟု “ အားပေးစကား ပြောကြားခဲ့ပါသည်။
Safeguarding သင်တန်းလုပ်ရခြင်းအကြောင်းကို တာဝန်ခံဘုန်းတော်ကြီး Fr. Henry Brang Mai မှလည်းခုလိုပြောကြားခဲ့ပါသည်။
“ ဒီသင်တန်းကိုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ ကလေးသူငယ်များနှင့် ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိတဲ့ သူတွေကို အကာအကွယ်ပေးနိုင်ဖို့နှင့် လုံခြုံမှုပေးနိုင်ဖို့ဖြစ်ပါတယ်။ သာသနာတွေ မှာ Safeguarding Policy တွေရှိရှိပြီးသာဖြစ်ပေမဲ့ ပိုမိုပြည့်စုံအောင် update လုပ်ဖို့ဖြစ်ပါတယ်။
Safeguarding Policy ဆွဲဖို့လုပ်တဲ့အချိန်မှာ ဘုန်းတော်ကြီးတွေ အားလုံးရဲ့ အမြင်တွေ၊ ယူဆချက်တွေ၊ အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး ပိုကောင်းအောင်လုပ်ဖို့အဓိကဖြစ်ပါတယ်။ ဒါကြောင့် အခုဒီသင်တန်း မှာဆို ဘုန်းတော်ကြီးတွေရဲ့အမြင်တွေကို အဓိကမေးမြန်းခြင်းဖြစ်ပါတယ်။ ပြီးတော့ဒီ Safeguarding က ခုလုပ်ပြီးရပ်သွားတာမျိုးမဟုတ်ပဲ ကျွန်ုပ်တို့ သာသနာမှာရော ပတ်ဝန်းကျင်မှာရော အားလုံးအတွက် လုံခြုံစိတ်ချရမှုရှိအောင် အမြဲတမ်းဒီအရာကို လုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်ပါတယ်” ဟု ပြောကြား ခဲ့ပါသည်။
Safeguarding သင်တန်းဦးဆောင်ပို့ချပေးခဲ့တဲ့ Sr. Jamie နွေနွေအိ မှလည်း ခုလိုပြောပြခဲ့သည်
ဒီမန္တလေးသာသနာမှာ Abuse Free Zone နေရာဖြစ်စေချင်ပါတယ်။ ကျွန်ုပ်တို့အတိတ်မှာ မှားခဲ့ တာ တွေ ရှိကောင်းရှိနိုင်တယ်၊ ဘယ်သူမှအမှားနဲ့တော့ မကင်းနိုင်ဘူး။ ဒါမဲ့ဒီလိုအမှားကနေမှန်တဲ့လမ်းကို လျှောက်နိုင်ရမယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့တော့ ဒီSafeguarding အတွေးအခေါ်တွေတွေက သိပ် ပြီး အံဝင်မှာမဟုတ်ဘူး ဒီအတွေးအခေါ်တွေက အနောက်တိုင်းကလာတဲ့ အတွေးအခေါ်ဖြစ်နေလို့ ပါ ဒါမဲ့တဖြည်းဖြည်း လက်ခံလာမယ်လို့မျှော်လင့်ပါတယ်။
မန္တလေးသာသနာထဲ့ကိုလာတဲ့ Religious တိုင်း မန္တလေးသာသနာက ဒီ Safeguarding ကို တစိုက်မတ် မတ်လုပ်နေပါလားဆိုတဲ့ အသိတစ်ခုခု ရသွားစေဖို့မျှော်မှန်းထားပါတယ်။ ဒီလိုသင်တန်းတွေကို ခနခန မလုပ်နိုင်ရင်တောင် တစ်နှစ်တစ်ခါလောက်တော့ ပြန်ပြီး Reflection. Renew ပြန်လုပ်ဖို့တော့ လိုတယ်။ ဘာလို့ဆို ခေတ်တွေ အတွေးအခေါ်တွေ အပြုအမူတွေက ပြောင်းလဲနေတော့ ဒီကျွန်ုပ်တို့ရဲ့ Safeguarding DNA မပျောက်သွားအောင် တစ်နှစ်တစ်ခါလောက် ပြန်ပြီးလုပ်ဆောင်ဖို့လိုပါတယ်။
Safeguarding သင်တန်းလာတက်ရောက်ကြတဲ့ ဘုန်းတော်ကြီးများနှင့် ဝန်ထမ်းအချို့မှလည်း ခုလို ပြောခဲ့သည်။
Fr. Peter Yan Naung
ဘဝမှာပြုပြင်ပြောင်းလဲစရာတွေ၊ ကိုယ်ကိုတိုင်၌ရော အခြားသူတွေကို အသိပညာပေးဖို့ရော အဖိုးတန် တဲ့ဗဟုသုတတွေရခဲ့တဲ့အတွက် အရမ်းအကျိုးရှိတဲ့ သင်တန်းတစ်ခုအဖြစ်မြင်ပါတယ်။
ဒီကရရှိလာတဲ့အရာတွေနဲ့ ကိုယ်တာဝန်ကျရာ သာသနာနယ်မြေတွေမှာ လုပ်ဆောင်မဲ့ သင်တန်းဖြစ်ဖြစ်၊ အခြားအစီအစဉ်တွေမှာပဲဖြစ်ဖြစ် ရာနှုန်းပြည့်မဟုတ်ရင်တောင် အတိုင်းအတာတစ်ခုထိ ပြန်လည် မျှဝေပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ် လုပ်ဆောင်ဖို့လည်း ဆန္ဒရှိပါတယ်။
Fr. John Kyaw Thu Ya
ဒီသင်တန်းတက်ရခြင်းအားဖြင့် ကိုယ့်ရဲ့ အားနည်းချက်တွေ အမှတ်မထင်လုပ်လိုက်တဲ့ အရာတွေကို ပြန်ပြီးသတိပြန်ပေးသလိုဖြစ်တော့ ဝမ်းလည်းနည်းသလိုဖြစ်တယ်။ ဒါမဲ့ပြန်ပြီးတော့လည်းကျေးဇူးတင် တယ် လက်ခံနိုင်တဲ့အတွက် ကျေးဇူးတော်လို့မြင်ပါတယ်။
ဒီကရလာတဲ့ ဗဟုသုတတွေနဲ့ ကိုယ့်သာသနာနယ်က ဘာသာဝင်တွေ၊ ကလေးတွေ နှင့်ဘယ်လို ပြောဆို ဆက်ဆံရမယ်ဆိုတာပိုမိုသိရှိလာသလို ဒီကလေးတွေကို ဘယ်လိုအကာအကွယ်ရမယ်ဆိုတာတွေ ကိုလည်း ပိုသိလာတယ်။ ကိုယ့်နယ်က ဘာသာတူတွေ ကလေးတွေကိုလည်း ပြန်လည် ဝေမျှပေးဖို့ ဆုံးဖြတ်ထားပါတယ်။
Fr. Peter Sein Hlaing Oo
ဒီ Safeguarding ကို အသင်းတော်အနေနဲ့လည်း ပုပ်ရဟန်းမင်းကြီးက ဦးဆောင်ပြီးလုပ်ဆောင်နေကြ ပါတယ်။ ကျွန်ုပ်တို့ဆီမှာတော့ ကံကောင်းတယ်လို့ပဲပြောရမလား ဘာမှမဖြစ်သေးခင် ခုလိုသင်တန်းကို တက်ထားရတော့ ကြိုတင်ကာကွယ်ခွင့်ရလိုက်တဲ့အရာတစ်ခုလို့ မြင်ပါတယ်။
ကမ္ဘာမှာဘာဖြစ်နေတယ်ဆိုတာကိုလည်းသိရမယ် ပြီးတော့ကိုယ့်ရဲ့ဒေသနှင့်ကိုက်ညီတဲ့ အနေအထား အတိုင်းအကျိုးရှိအောင်ပြန်ပြီးအသုံးချရမယ်။ ဒီသင်တန်းရဲ့အကျိုးသက်ရောက်မှုက ကျွန်ုပ်တို့ ဘယ် လောက်ထိကြိုးစားအားထုတ်လဲ၊ ဘယ်လောက်စိတ်ဝင်စားမှုရှိလဲ ဘယ်လိုနည်းစနစ်တွေရှာဖွေအသုံး ပြုလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီလိုသင်တန်းတွေဆက်လက်လုပ် ဆောင် နိုင်ဖို့ လိုအပ်ပါတယ်။
Fr. John So Tin
ဒီ Safeguarding က ကလေးငယ်တွေနဲ့ အကူအညီလိုအပ်တဲ့ သူတွေကိုကူညီပေးဖို့ ကာကွယ်ပေးဖို့ အစီစဉ်ကောင်းဖြစ်ပါ တယ်။ ဒီဟာတွေကိုလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ရဲ့ တာဝန်ဝတ္တရားလည်းဖြစ်တယ်။ ဒါကြောင့်ဒီဟာကို စနစ်တကျနဲ့ လုပ်မယ်ဆိုရင်တော့ အကျိုးရှိမယ် တိုးတက်မယ်လို့ ယုံကြည်ပါတယ်။ မန္တလေးသာသနာအတွက် ဒီ Safeguarding နဲ့ပတ်သက်ပြီး လိုအပ် တဲ့ Policy အတိကျနဲ့ ထွက်လာ တာမြင်ရတော့ အောင်မြင်လာမယ်လိုမြင်မိပါတယ်။
Catherine (မသန်စွမ်းကလေးများကို စာသင်တဲ့ဆရာမ)
ဒီသင်တန်းကိုလာတက်ရတဲ့အတွက် ကိုယ်မသိရသေးတဲ့အရာတွေကိုသိရတယ်။ ကိုယ်ကိုယ်တိုင်က မသန်စွမ်းကလေးတွေကို စာသင်ပေးနေတဲ့ဆရာမတစ်ယောက်ဖြစ်တဲ့အတွက် ဒီကလေးတွေကို ဘယ် လို ကိုင်တွယ်မယ် ဘယ်လိုအကာအကွယ်ပေးမယ်ဆိုတာတွေကို ပိုသိလာရပါတယ်။ ဒီကလေး တွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံအောင်ဘယ်လိုထားရမယ်ဆိုတာတွေကို လည်း သိရတဲ့ အတွက် အများကြီးအကျိုးရှိပါတယ်။
Lowance (ကွန်ပျူတာဆရာ HEC)
ဒီသင်တန်းကနေ လူတစ်ယောက်ကို ဘယ်လောက်ထိအကာအကွယ်ပေးလို့ရဆိုတာတွေကို အရင်က မသိ ခဲ့ပေမဲ့ခုသိလာရတယ်။ ကိုယ်က အပြစ်လိုမထင်ရတဲ့အရာတွေက ခုဆိုဘယ်ဟာတွေက ဘယ် Abuse နဲ့ညှိတယ် ဘယ်လိုလုပ်ရင် ကောင်းတယ်မကောင်းဘူးဆိုတဲ့ဗဟုသုတအသစ်တွေ ရရှိပါတယ်။
Sr.Olivia Nu Nu Khaing( ISR ၊ Safeguarding team member)
ဒီသာသနာ့ ဝန်ထမ်းတွေကို သင်တန်းပေးရခြင်းက ဒီသာသနာထဲမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတွေ မဖြစ်အောင်လို့ရည်ရွယ်တာက တစ်ချက်၊ ပြီးတော့မိမိကိုယ်ကို လည်း Safe ဖြစ်သလို သာသနာ့ ဝန်ထမ်းတွေကလည်း သူတို့ရဲ့ပတ်ဝန်းကျင်မှာ လုံခြုံစိတ်ချ ရတဲ့ဝန်းကျင်တစ်ခုကို ဖန်တီးပေးသွားနိုင် မယ်။နောက်ပြီးလိုအပ်တဲ့သူတွေကိုလည်း အများကြီးအကာအကွယ်ပေးနိုင်မယ်လို့မြင်ပါတယ်။

