လောကကြီးတွင် ဘုရားသခင်၏ မေတ္တာတော်ကို ရောင်ပြန်ဟပ်သူများ ဖြစ်ကြပါ”

ပုပ်ရဟန်းမင်းကြီး လီယိုက အပြစ်မဲ့သန္ဓေယူသော အမိမယ်တော်၏ သာသနာပြုအသင်းMissionary Oblates of Mary Immaculate  (OMI) နှင့် တမန်တော်များ၏ မယ်တော်သခင်မ ၏ ညီမများ သာသနာပြု သီလရှင်အသင်း Sisters of Our Lady of Apostles (OLA) တိုနှင့်တွေ့ဆုံခြင်းတွင် ကမ္ဘာတစ်ဝှမ်းရှိ ခက်ခဲကြမ်းတမ်းသော ဒေသများနှင့် အကူအညီ အလိုအပ်ဆုံးသူများကြားတွင် ၎င်းတို၏ သာသနာပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းအားပေးခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မိန့်ကြားသော မိန့်ခွန်းတွင် “သာသနာပြု ခေါ်ယူခြင်း” ကို ဗဟိုပြုသည့် ဝိညာဉ်ရေးရာ လမ်းညွှန်ချက်များကို ပေးအပ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက်များမှာ-

“မိသားစုစိတ်ဓာတ်” ၏ ရင်းမြစ်

ပုပ်ရဟန်းမင်းကြီးက ဘုရားရှင်ထံ ဆက်ကပ်အပ်နှံထားသော ရဟန်း၊ သီလရှင်များအတွက် စစ်မှန်သော အသိုက်အဝန်းစိတ်ဓာတ်သည် လူမှုရေးသက်သက်မဟုတ်ဘဲ ဝတ်ပြုကိုးကွယ်ခြင်းနှင့် နက်ရှိင်းစွာ ဆက်နွှယ်နေကြောင်း အလေးပေးမိန့်ကြားခဲ့သည်။ ထိုစိတ်ဓာတ်သည် –

* “ပထမဦးဆုံးနှင့် အရေးအကြီးဆုံးအနေဖြင့် ဘုရားသခင်နှင့် တွေ့ဆုံခြင်းမှ မြစ်ဖျားခံသည်” – အထူးသဖြင့် ကိုယ်တော်မြတ် စက္ကရမင်တူ၊ ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် စက္ကရမင်တူ မင်္ဂလာများမှတစ်ဆင့် ဖြစ်သည်။

* “ကျွန်ုပ်တို၏ နှလုံးသားထဲတွင် ရှင်သန်ကြီးထွားလာသည်” – “ပလ္လင်တော်နှင့် ကိုယ်တော်မြတ် ကိန်းဝပ်ရာ နေရာ” (Tabernacle) မှ တိုက်ရိုက် စီးဆင်းလာခြင်းဖြစ်သည်။

* သာသနာပြုများအား “မိသားစုသဖွယ် ရင်းနှီးချစ်ခင်မှု၊ ဂရုစိုက်မှုနှင့် စိတ်ရှည်သည်းခံသော နီးကပ်မှု” တိုဖြင့် ပြည့်နှက်စေသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရောင်ပြန်ဟပ်ခြင်း

ဤကဲ့သို အတွင်းစိတ် ဝိညာဉ်ရေးကို ပျိုးထောင်ခြင်းဖြင့် ဘာသာရေးပုဂ္ဂိုလ်များသည် “လောကကြီးတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရောင်ပြန်ဟပ်သူများ” ဖြစ်လာကြသည်ဟု ဆိုသည်။ အသင်းဂိုဏ်းနှစ်ခုစလုံးသည် သမိုင်းကြောင်း ကွဲပြားသော်လည်း အခက်ခဲဆုံးနေရာများတွင် ပါဝင်ကူညီရန် အတူတကွ ခေါ်ယူခြင်းကို ခံယူထားကြကြောင်း သတိပေးခဲ့သည်။

“အငယ်ဆုံးသော သူများ” ထံသို

သာသနာပြုခြင်း

OMI သာသနာပြုများသို မိန့်ကြားရာတွင် အသင်းတည်ထောင်သူ၏ စိတ်အစဉ်အတိုင်း “ဆင်းရဲနွမ်းပါးသူများ၏ ဂုဏ်သိက္ခာ” ကို ကာကွယ်ရန်နှင့် “လူသားတို၏ အနက်ရှိင်းဆုံး လိုအပ်ချက်များ လျစ်လျူရှုခံထားရသူများ” ကို ကူညီရန် တိုက်တွန်းခဲ့သည်။

* “အငယ်ဆုံးသော သူများအပေါ် ဦးစားပေး လမ်းဖွင့်ပေးခြင်း” ကို ဆက်လက် ထိန်းသိမ်းရန်။

* နိုင်ငံပေါင်း (၇၀) တွင် အမှုထမ်းနေကြစဉ် မိမိတို “မူလအစက စိတ်ဓာတ်ကို ထိန်းသိမ်းပြီး အသစ်တဖန် မွေးဖွားရန်” အားပေးခဲ့သည်။

ခက်ခဲသော ဒေသများမှ ငြိမ်းချမ်းရေး သက်သေခံများ

OLA သီလရှင်များအား သာသနာပြုလုပ်ငန်းများတွင် “အမျိုးသမီးများ၏ မရှိမဖြစ် ပါဝင်မှု” ကို အသိအမှတ်ပြု ချီးကျူးခဲ့သည်။ ရောဂါဘယနှင့် အသက်ပေးလှူမှုများကြားမှ “ဟုတ်ကဲ့” ဟု ဝန်ခံခဲ့ကြသော သီလရှင်များကို ဂုဏ်ပြုရင်း အောက်ပါအတိုင်း တိုက်တွန်းခဲ့သည် –

* မည်မျှပင် ခက်ခဲသော အခြေအနေမျိုး၌ ဖြစ်ပါစေ “ဤသာသနာပြုလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ရန်”။

* ယုံကြည်ခြင်းနှင့် လေးစားမှုတိုဖြင့် “ညီအစ်ကိုရင်းချာ စိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး၏ စစ်မှန်သော သက်သေခံများ” ဖြစ်လာကြရန် ဖြစ်သည်။

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *