(၂၇) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်(စ်) မယ်တော်သခင်မဘုရားကျောင်းပွဲကျင်းပ။

(၂၇) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်(စ်) မယ်တော်သခင်မဘုရားကျောင်းပွဲကျင်းပ။

အာဗီအေမြန်မာ၊၁၄၊၂၊၂၀၂၆

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မိတ္ထီလာဇုံ၊ရမည်းသင်းမြို့၌တည်ရှိသော ဆုတောင်းပြည့် လုဒ်(စ်) မယ်တော်သခင်မ ဘုရားကျောင်းပွဲမစ္ဆားတရားတော်ကို (၁၄.၂.၂၀၂၆) စနေနေ့ နံနက် ၈းဝဝ အချိန်တွင် ဘုန်းတော်ကြီး Fr. Philip Tin Htun မှ ဦးဆောင်ပူဇော်ပေးခဲ့ပြီး ဩဝါဒတရားကို Fr. Saw Justine (SJ) မှမြွက်ကြား ခဲ့ပါသည်။

“ဒီနေ့ဒီမှာဘာသာတူတွေအများကြီးနဲ့တွေ့ရတာဝမ်းသာပါတယ် ကျွန်ုပ်သိသလောက် ဒီမှာက ဘာသာတူ တွေနည်းတယ်လို့ကြားထားတယ်။ ဒါမဲ့အခုလို အချင်းချင်း ကူညီပြီးစည်းစည်းလုံးလုံးနဲ့ ဒီနေ့ပွဲကို ကျင်း ပနေတာမြင်ရတော့ ဝမ်းသာပါတယ်။

မယ်တော်ပြောခဲ့တဲ့စကားတွေထဲမှ စကားတစ်ခုကို ထောက်ရှု့နိုင်ရန်ဝေမျှပေးချင်ပါတယ်။”နောင်တ ယူကြပါ အပြစ်သားတွေအတွက်ဆုတောင်းပေးပါ” အပြစ်သားလို့ပြောတဲ့အခါမှာ ကျွန်ုပ်တို့အားလုံးပါ ဝင်ပါတယ်။ ဒီအပြစ်တွက်နောင်တရပြီးထပ်မလုပ်မိအောင်ဆင်ခြင်ဖို့လိုတယ် ပြီးတော့ကျွန်ုပ်တို့တွေ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ဆုတောင်းပေးဖို့လည်းလိုပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်ုပ်တို့ ဒီနေရာမှာ အေးချမ်းစွာနေရပေမဲ့ တစ်ချို့နေရာတွေမှာ စိုးရိမ်မှုတွေ၊ မလုံခြုံမှုတွေနဲ့ အသက် ရှင်နေထိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့အတွက်လည်းကျွန်ုပ်တို့ သတိရဆုတောင်းပေးရ မယ်” ဟု မစ္ဆားတရား၌ Fr. Saw Justine (SJ) မှမြွက်ကြား ခဲ့ပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Kyaw Thu Ya မှလည်း ကျောင်းပွဲကျင်းပရခြင်းနဲ့ပတ်သက်ပြီး ခုလိုပြောပြသည်။

“လုဒ်(စ်) မတော်သခင်မဘုရားကျောင်းသည် ၂၀၂၅ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးသွားပြီး ယခုချိန်၌ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ များကို ဒီမယ်တော်ဂူရင်ပြင်၌ ရွှေ့ပြောင်းကျင်းပခြင်း ဖြစ်သည်။

ဒီ(၂၇) ကြိမ်မြောက်မယ်တော်ဘုရားကျောင်းပွဲကို အခက်အခဲတွေကြားကနေ ခုလိုကျင်းပနိုင်တာဟာ မယ်တော်ရဲ့ကူညီစောင်မမှုကြောင်းပါ ခုလိုအချိန်မှာ သွားရလာရခက်ခဲပေမဲ့လည်း ဒီလုဒ်(စ်) မယ်တော် ဘုရားကျောင်းပွဲအနယ်နယ်အရပ်ရပ်က ဘာသာတူတွေလာကြတယ်။ အလှူရှင်တွေက လည်းလာ ရောက်ကူညီလှူဒါန်း မှုကြောင့် အောင်မြင်စွာကျင်းပနိုင်တာဖြစ်ပါတယ်။

ဘုရားကျောင်းအသစ်ပြန်ဆောက်ဖို့တွက်လည်း ဘာသာတူတွေ အလှူရှင်တွေအားလုံးနဲ့အတူ တိုင်ပြင် ဆွေးနွေးပြီးကြိုးစားနေပါတယ်။ သက်ဆိုင်ရာ ဌာနတွေဆီကနေ တည်ဆောက်ဖို့ ခွင့်ပြုချက် အမြန် ရဖို့ကိုလည်း လုပ်နေသလို မယ်တော်ဆီကိုလည်း ဒီကဘာသာတူတွေနဲ့အတူ နေ့တိုင်းဆု တောင်း ပါတယ်။

ဘာသာတူတွေကိုလည်းအားပေးချင်တာက ဘာပဲလုပ်လုပ် ဆုတောင်းခြင်းနဲ့စတင်ပါ။ မိသားစု တွေထဲ မှာလည်း အတူတစ်ကွ စိတ်ပါပါနဲ့ စိပ်ပုတီး ငါးလုံးဖြစ်ဖြစ်၊ ဆယ်လုံးဖြစ်ဖြစ် အတူတကွစိပ်ပြီး မယ်တော်ထံဆုတောင်းပါ မယ်တော်ကူညီနိုင်တယ်ဆိုတာကို ယုံကြည်ပါ”ဟု ကျောင်းထိုင် ဘုန်းတော် ကြီး Fr. John Kyaw Thu Ya ကပြော ကြားခဲ့ပါသည်။

Sr. John Mary (FSAG)

ဒီဘုရားကျောင်းပွဲကို အမြဲလိုလို ဘုရားကျောင်းကြီးထဲမှာပဲကျင်းပရာကနေ ခုလိုမမျှော်လင့်ပဲ အပြင်မှာ ရောက်သွားတော့ စိတ်ထဲမှာတော့ တစ်မျိုးခံစားရတယ်။ ဒီမှာက ဘာသာတူတွေနည်းပြီး တစ်ယောက် နဲ့တစ်ယောက်ကလည်း ဝေးကြတော့ တစ်ခုခုလုပ်ကြမယ်ဆိုရင် တွေ့ဆုံနိုင်ဖို့ခက်ခဲတာတွေတော့ ရှိပါတယ်။

ဘုရားကျောင်းအသစ်အမြန်ပြန်ရဖို့ကိုလည်းဆုတောင်းပါတယ်။ ဘာလို့လဲဆိုတော့ အပြင်မှာက မသက် သာလို့သာ လုပ်နေကြရတာလေး ကားသံ၊ ဆိုင်ကယ်သံ၊ ရထားသံ၊ အသံမျိုးစုံ နဲ့ဆူညံနေတော့ ဝတ်ပြု ခြင်းမှာ အာရုံသိပ်မရဘူး။ ဘုရားကျောင်းထဲမှာဆိုရင်တော့အဲဒီပတ်ဝန်းကျင်က အသံတွေ သိပ်မကြား ရတော့ ဘုရားကိုပိုအာရုံစိုက်လို့ရတယ်။ ဒါကြောင့် ဘုရားကျောင်းသစ်အမြန်ရပါစေလို့ ဆုတောင်း ပါတယ်။

ဘုရားကျောင်းပွဲတော်သို့ မိတ္ထီလာဇုန် အတွင်းရှိ သာသနာစီရင်စုအသီးသီးမှ ဘုန်းတော်ကြီးများ၊ သီလ ရှင်များ၊ ဘာသာဝင်များ လာရောက် ပါဝင်ဆုတောင်းခဲ့ပါသည်။ မန္တလေးမှလူငယ်များမှ လည်းကွာယာ သီချင်းများဖြင့် လာရောက်ပါဝင်ခဲ့ပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *