
လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုတို့သည် အများပြည်သူ၏ အကျိုးစီးပွားကို ရှေးရှုရမည်။

ဖေဖော်ဝါရီ ၄ ရက် ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်အမြဲတမ်းကိုယ်စားလှယ် ဂါဘရီယဲလ် ကာစီယာ (Archbishop Gabriele Caccia) က လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုတရားမျှတမှုတို့သည် အများပြည်သူအကျိုးစီးပွားကို ဖော်ဆောင်ရန် ရည်ရွယ်ရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်ချင်းစီ၊ မိသား စုများနှင့် အခြားအစုအဖွဲ့များအတွက် အများပြည်သူအကျိုးစီးပွား (Common Good) ရရှိစေရန် ကူညီပေးကြဖို့ နိုင်ငံတော်အစိုးရများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများ ဤရည်မှန်းချက်သို့ ရောက်ရှိ စေရန် ကူညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အဓိကအချက်များ
• အများပြည်သူအကျိုးစီးပွားကို ရှေးရှုရန် (The Common Good) လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ဆောင်ချက်တိုင်းသည် လူသားအားလုံး၏ အကျိုးစီးပွားအတွက် ဖြစ်ရ မည်။ နိုင်ငံတော်သည် နိုင်ငံသားတိုင်း၏ ပါဝင်မှုဖြင့် ဤရည်မှန်းချက်အောင်မြင်ရန် စနစ်တကျ စီမံပေးရမည့် တာဝန်ရှိသည်။
• လူသားဂုဏ်သိက္ခာကို ဗဟိုပြုရန် (Human Dignity) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၏ အလယ်ဗဟိုတွင် လူသား၏ ကောင်းကျိုးနှင့် ဂုဏ်သိက္ခာကို ထားရှိရမည်။ အခြေခံလိုအပ် ချက် များဖြစ်သည့် အစားအစာ၊ ရေ၊ အိမ်ရာ၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို အာမခံချက်ရှိရှိ ဖြည့် ဆည်းပေးရန် လိုအပ်သည်။
• မိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးရန် (Support the Family): မိသားစုသည် လူ့အဖွဲ့ အစည်း၏ အခြေခံအကျဆုံးယူနစ် ဖြစ်သောကြောင့် အစိုးရများက မိသားစုကို လေးစားပံ့ ပိုးရ မည်။ ထို့အပြင် မူဝါဒများချမှတ်ရာတွင် ဒေသခံအသိုင်းအဝိုင်းများ၊ ဘာသာရေးအဖွဲ့အစည်း များနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရမည်။
• ဆင်းရဲမွဲတေမှု၏ အမြစ်တွယ်နေသော အကြောင်းရင်းများကို ဖြေရှင်းရန် (Structural Poverty) ဆင်းရဲမွဲတေမှုကို ရုပ်ဝတ္ထုပိုင်းအရသာမက စိတ်ပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ထိခိုက် မှုအဖြစ်ပါ ရှုမြင်ပြီး၊ ဆင်းရဲမွဲတေမှုကို ဖြစ်စေသည့် အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာ များကို အရေးပေါ် ဖြေရှင်းရန် လိုအပ်သည်။
“ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ လူမှုပတ်ဝန်းကျင်က ဖယ်ကျဉ်ခံရမှုတွေဟာ ရုပ်ဝတ္ထုပစ္စည်း ပိုင်း ဆိုင်ရာ ဆုံးရှုံးမှုတွေသာမကဘဲ ဝိညာဉ်ရေးနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာမှာပါ ထိခိုက်စေပြီး စိတ်အား ငယ်မှု၊ မျှော်လင့်ချက်မဲ့မှုနဲ့ အထီးကျန်မှုတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းက ပြောကြားသည်။
“ဗာတီကန်အနေနဲ့ လူမှုတရားမျှတမှုနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထား ဆဲဖြစ်ပြီး၊ အများပြည်သူအကျိုးစီးပွားနဲ့ လူသားတိုင်းရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမယ့် ကြိုးပမ်းအားထုတ်မှုအားလုံးကို ဆက်လက်ပံ့ပိုးသွားမှာပါ” ဟု ဂါဘရီယဲလ် ကာစီယာက နိဂုံးချုပ် ပြော ကြားခဲ့သည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

