
လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့ ။

လူကုန်ကူးမှုသည် လူမှုရေးပြဿနာတစ်ခုသာမက လူသားတို့၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည့် ကြီး လေးသော ကိုယ်ကျင့်တရားဆိုင်ရာ အပြစ်တစ်ခုလည်း ဖြစ်သည်။
ယခုအခါ ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်(CBCP) မှ လူကုန်ကူးမှု၏ အန္တရာယ်များကို သတိပေးလျက်ရှိပြီး အထူးသဖြင့် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် –
အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ: ဒစ်ဂျစ်တယ်စနစ် ထွန်းကားလာသည်နှင့်အမျှ အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် အတုအယောင်များဖြင့် လိမ်လည်စည်းရုံးခြင်းနှင့် ကလေးငယ်များအပေါ် အလွဲသုံး စား ပြုခြင်းများ ပိုမိုများပြားလာသည်။
ထိခိုက်လွယ်သူများကို အကာအကွယ်ပေးခြင်း: အမျိုးသမီးများနှင့် ကလေးငယ်များသည် လူကုန် ကူး သူများ၏ အဓိကပစ်မှတ် ဖြစ်နေသည်။
သာသနာနယ်များ၏ အခန်းကဏ္ဍ မိမိတို့၏ သာသနာနယ်များကို အသိပညာပေးရာ၊ စောင့်ကြည့် ပေးရာ နှင့် အကာအကွယ်ပေးရာ နေရာများဖြစ်အောင် ဖန်တီးကြရန်။
လာမည့် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှုတိုက် ဖျက် ရေး ဆုတောင်းခြင်းနှင့် အသိပညာပေးနေ့” တွင် လူကုန်ကူးခံရသူများအတွက် အတူတကွ ဆု တောင်းရင်း၊ ဤဆိုးသွမ်းမှုကို အမြစ်ပြတ်တိုက်ဖျက်ရန် ကိုယ်စီသတိဖြင့် ပူးပေါင်းဆောင်ရွက်ကြပါစို့။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

