လက်နက်သံများခြိမ်းခြောက်နေသည့် နေရာ၌ပင် သင်တို့သည် ယေဇူးခရစ်တော်၏ သက်သေခံ များ ဖြစ်ကြသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် (၃၀) ကြိမ်မြောက် ကမ္ဘာ့သာသနာ့ဘောင်ဝင်သူတော်စဥ်များနေ့ (World Day for Consecrated Life) ဝတ်ပြုမင်္ဂလာပွဲကို ကျင်းပခဲ့ပြီး၊ အခက်ခဲဆုံးသော အခြေ အနေ များကြားတွင် ခိုင်မာသော ယုံကြည်ခြင်းဖြင့် နေထိုင်ကြသည့် သာသနာ့ဘောင်ဝင် သူတော်စဥ် အမျိုး သား၊ အမျိုးသမီးများကို ချီးကျူးစကားဆိုခဲ့ကာ ၎င်းတို့အား ‘ငြိမ်းချမ်းရေး၏ တဆေးများ’ နှင့် ‘မျှော် လင့်ခြင်း၏ နိမိတ်လက္ခဏာများ’ ဖြစ်လာကြရန် ဖိတ်ခေါ်ခဲ့သည်။

 “ရဲရင့်စွာ တည်ရှိနေခြင်း” (Courageous Presence) သာသနာ့ဘောင်ဝင်များ၏ ဘဝသည် လောက ကြီးမှ ထွက်ခွာသွားခြင်းမဟုတ်ဘဲ၊ လောက၏ အနာကျင်ရဆုံးသော အမှန်တရားများထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်၍ “ပရောဖက်ပြုချက်ဆိုင်ရာ အသံ” (Prophetic Voice) အဖြစ် အသက်ရှင် နေထိုင်ခြင်း ဖြစ်ကြောင်း

၁။ ချစ်ခြင်းမေတ္တာ၏ “နှစ်ဦးနှစ်ဖက် လှုပ်ရှားမှု”

ရှင်လုကာခရစ်ဝင်ကျမ်းကို အခြေခံ၍ ပုပ်ရဟန်းမင်းကြီးသည် သာသနာ့ဘောင်ဝင် ဘဝကို မေတ္တာနှစ်ခု ဆုံစည်းရာအဖြစ် ဖော်ပြခဲ့သည်-

  • ဘုရားသခင်၏ မေတ္တာ: သည် မိမိလူမျိုးတော်ကို ကယ်တင်ရန် လက်ကမ်းကြွလာခြင်း။
  • လူသားတို့၏ မေတ္တာ: သည် “နိုးကြားသော ယုံကြည်ခြင်း” ဖြင့် ကိုယ်တော်ကို စောင့်မျှော် နေ ခြင်း။

၂။ ပဋိပက္ခဇုန်များ၌ အစွန်းရောက်သော တည်ရှိမှု

စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအချက်မှာ “လက်နက်သံများ ခြိမ်းခြောက်နေသည့်” နေရာ၌ နေထိုင်သူ များအား ချီးကျူးလိုက်ခြင်းဖြစ်သည်-

  • စွန့်ခွာခြင်းမပြုခြင်း: သာသနာ့အသိုက်အဝန်းများသည် စစ်ပွဲများအတွင်း ထွက်ပြေးခြင်းမပြုဘဲ၊ လုံခြုံမှုမရှိသည့်တိုင် မိမိတို့လူမျိုးနှင့်အတူ ဆက်လက်ရှိနေကြောင်း အလေးပေး ပြောကြား ခဲ့သည်။
  • စကားလုံးထက် ထိရောက်သော သက်သေ: ၎င်းတို့၏ တည်ရှိနေမှုသည် အားနည်းချက်အရှိဆုံး အခြေအနေ၌ပင် ဘဝတိုင်းသည် မြင့်မြတ်ကြောင်းကို “စကားလုံးများထက် ပိုမိုထိရောက်စွာ” သက်သေပြနေသည်။

၃။ လူသားအပေါ် “ကျဉ်းမြောင်းသော” အမြင်များကို ဆန့်ကျင်ခြင်း

လူသားဘဝ၏ တန်ဖိုးကို လျှော့ချနေသည့် ခေတ်သစ်လူ့အဖွဲ့အစည်းကို ပုပ်ရဟန်းမင်းကြီးက သတိပေး ခဲ့သည်-

  • နှလုံးသားပလ္လင်တော်: လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများနှင့် အကျဉ်းသား များ သည် ဝန်ထုပ်ဝန်ပိုးများမဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်တော်ပေါ်၌ “မြင့်မြတ်သောနေရာ” ကို ရရှိထားသူများဖြစ်ကြောင်း ပြန်လည်သတိပေးခဲ့သည်။
  • ရေဆန်တက်ခြင်း: သာသနာ့ဘောင်ဝင်ဘဝသည် မာနထောင်လွှားမှုနှင့် ကိုယ်ကျိုးရှာမှုများကို စိန်ခေါ်သည့် “ဆန့်ကျင်ဘက်နိမိတ်လက္ခဏာ” ဖြစ်ကြရမည်

၄။ ခွန်အား၏ အရင်းအမြစ်- ကိုယ်တော်စက္ကရမင်းတူး

“ဘေးအန္တရာယ်များသော လုပ်ငန်းများ” ကို ရင်ဆိုင်နိုင်သည့် သတ္တိသည် မိမိဘာသာ ဖြစ်ပေါ် လာခြင်း မဟုတ်ဘဲ 

  • ပွဲတော်စားပွဲ (The Eucharist): အသက်ပေးသောမုန့် ကို တော်မြတ်စက္ကရမင်းတူးကို အခြေခံ၍ သာသနာပြုလုပ်ငန်းတိုင်းကို စတင်ခြင်း။
  • တိတ်ဆိတ်သော ကျောင်ဆောင်များ: ကိုယ်တော်ကိန်းဝပ်ရာ ရှေ့မှောက်၌ ဆုတောင်းခြင်း အား ဖြင့် မိမိတို့လုပ်ဆောင်ချက်အားလုံး၏ “မြစ်ဖျားခံရာနှင့် ပန်းတိုင်” ကို ရှာဖွေခြင်း။

၅။ ပရောဖက်ပြုချက်ဆိုင်ရာ အမွေအနှစ်

ယနေ့ခေတ် သာသနာ့ဘောင်ဝင်များအနေဖြင့် “သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံလျက်” သာသနာ တော်ကြီးကို စာသင်ကျောင်းများ၊ ဆေးရုံများနှင့် သာသနာပြုနယ်မြေများသို့ ပို့ဆောင်ပေးခဲ့ကြသော မိမိတို့အသင်းဂိုဏ်းတည်ထောင်သူ အရှင်သူမြတ်များ၏ “ဟေားကြားသွန်သင်ချက်ဆိုင်ရာ အစဉ်အ လာ” ကို ဆက်လက်သယ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ နောက်ဆုံး တိုက်တွန်းချက်: “ဘုရားသခင်၏ စီမံခန့်ခွဲမှုက သင်တို့ကို မည်သည့် နေရာသို့ ပို့ဆောင်သည်ဖြစ်စေ… အတိုင်းအဆမရှိ ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းရှိသူတို့၏ လွတ်လပ်မှုဖြင့် ညီရင်းအကိုပမါ စိတ်ဓာတ်ကို ပျိုးထောင်ကာ၊ ငြိမ်းချမ်းရေး၏ တဆေးနှင့် မျှော်လင့်ခြင်း၏ နိမိတ် လက္ခဏာများ ဖြစ်လာကြပါစေ။”

Fr. Peter Kyi Maung

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *