
ဘုရားသခင်၏ အချိန်နာရီကို ယုံကြည်ကိုးစားခြင်း။

ယေဇူးခရစ်တော်သည် သူ၏သာသနာပြုလုပ်ငန်းကို ယောဟန် အဖမ်းခံရသည့် “မှောင်မိုက် သောကာ လ” ၌ စတင်ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြးကာ ကျွန်ုပ်တို့သည် အပြောင်း အလဲတစ်ခု လုပ် ရန် “အကောင်းဆုံးအချိန်” ကို စောင့်ဆိုင်းနေတတ်သော်လည်း အောက်ပါအတိုင်း လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့သည် –
• ကြောက်ရွံ့မှု၊ ဝေခွဲမရဖြစ်မှု သို့မဟုတ် မသာယာသော အခြေအနေများကြောင့် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရပ်တန့်မနေပါနှင့်။
• “ဘုရားသခင်၏ အချိန်” ကို နားလည်ရန် – မိမိကိုယ်ကို အဆင်သင့်မဖြစ်သေးဟု ခံစားရချိန် သို့မဟုတ် အခြေအနေများ ခက်ခဲနေချိန်တွင်ပင် ဘုရားသခင်သည် အစဉ်အမြဲ အလုပ်လုပ် နေကြောင်း နားလည်ပါ။
• ယုံကြည်ခြင်းဖြင့် ရဲဝံ့ရန် – အလွန်အကျွံ သတိကြီးနေခြင်းထက် အခက်အခဲများကြားမှ လုပ် ဆောင်ဝံ့သည့် ရဲဝံ့သောယုံကြည်ခြင်းသို့ ပြောင်းလဲပါ။
ယေဇူးခရစ်တော်သည် သူ၏သာသနာကို ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ရောနှောရာ ဂါလိလဲပြည် မှ စတင်ခဲ့ခြင်းသည် အသင်းတော်၏ သာသနာမှာ လူတိုင်းအတွက်ဖြစ်ကြောင်း ဖော်ညွှန်းသည် –
• ခွဲခြားမှုမရှိခြင်း – ဘုရားသခင်သည် “စင်ကြယ်သောသူများ” အတွက်သာမက လူမျိုးစုံ၊ ဘာသာ စုံနှင့် လူတိုင်းနှင့် နီးကပ်စွာရှိနေကြောင်း ပြသခဲ့သည်။
• နယ်နိမိတ်များကို ကျော်လွှားခြင်း – ဧဝံဂေလိတရားတော်သည် သတ်မှတ်ထားသော နယ်မြေ သို့မဟုတ် လူစုတစ်ခုတည်းအတွက်မဟုတ်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ဖြစ်သည်။
အထီးကျန်ဆန်မှုကို ကျော်လွှားခြင်း
ခရစ်ယာန်များအနေဖြင့် လောကကြီးမှ ဖယ်ခွာနေခြင်း သို့မဟုတ် မိမိတို့၏ “ဘေးကင်းရာ ဇုန်” အတွင်း ၌သာ အောင်းနေခြင်းကို ရှောင်ကြဉ်ရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည် –
• နေရာတိုင်း၌ သက်သေခံရန် – ဧဝံဂေလိတရားတော်ကို ရှုပ်ထွေးလှသော လူမှုပတ်ဝန်းကျင် အခြေအနေတိုင်း၌ လက်တွေ့ကျင့်သုံးပြီး ဟောပြောရမည်။
• ညီအစ်ကိုရင်းစိတ်ဓာတ်ကို မြှင့်တင်ရန် – ယုံကြည်ခြင်းသည် ကွဲပြားသော ယဉ်ကျေးမှုနှင့် ဘာ သာတရားများကြားတွင် ငြိမ်းချမ်းရေးနှင့် ညီအစ်ကိုစိတ်ဓာတ်ကို ဖြစ်ထွန်းစေသည့် “တဆေး” ကဲ့သို့ ဖြစ်ရမည်။
ဝမ်းမြောက်ခြင်းဖြင့် နောက်တော်သို့လိုက်ခြင်း
ပထမဦးဆုံးသော တပည့်တော်ကြီးများကဲ့သို့ ကျင့်ကြံရန် တိုက်တွန်းချက်ဖြင့် နိဂုံးချုပ်ခဲ့သည် –
• ရက်ရောစွာ တုံ့ပြန်ရန် – သခင်ဘုရား၏ ခေါ်ယူခြင်းကို စေတနာစိတ်နှင့် ဝမ်းမြောက် သောစိတ် ဖြင့် လက်ခံပါ။
• အစဉ်အမြဲ အတူရှိနေခြင်း – မိမိတို့ဘဝ၏ အချိန်တိုင်း၊ နေရာတိုင်း၌ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာနှင့် ဂရုဏာတော် အမြဲရှိနေသည်ဟူသော ယုံကြည်ချက်ဖြင့် ရှင်သန်ပါ။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

