ရဟန်းမင်းကြီးလီယို (၁၄) သံတမန်များအားဩ၀ါဒမြွတ်ကြား။

(၁၇၀၁) ခုနှစ် ကသာသနာတော်ကြီးကိုဦးဆောင်နေသောရဟန်းမင်းကြီး ကလေးမင်း (၁၁) က ‘သာသ   နာ၏သံတမန်များမွေးထုတ်ပေးသောကျောင်း’ ကိုတည်ထောင်ခဲ့သည်။ ဤသင်တန်း ကျောင်းသို့ တက် ရောက် ခွင့်ရသောရဟန်းတော်များသည် သင်တန်းပြီးဆုံးသွားသောအခါဗာတီကန်၏သံ တမန်များ အဖြစ်လည်းကောင်း၊ လိုအပ် သည့်အမှုတော်များ၌လည်းကောင်းပေးအပ်သောအမှုတော်ကိုထမ်း ဆောင်ကြရသည်။ ရဟန်းမင်းကြီးများ အနက်ဤ ကျောင်းတက်ရောက်ခဲ့၍သံတမန်များအဖြစ်လည်း ကောင်း၊ အခြားသောအမှုတော်များကိုလည်းထမ်းဆောင်ခဲ့ပြီးနောက် ရဟန်းမင်းကြီးဖြစ် လာခဲ့ကြ သူများမှာ (၁) ရဟန်းမင်းကြီးကလေးမင်း (၁၃)၊ (၂) ရဟန်းမင်းကြီးလေအို (၁၂)၊ (၃) ရဟန်း မင်းကြီး လီယို (၁၃)၊ ရဟန်းမင်းကြီးဘေနေဒစ် (၁၅) နှင့်ရဟန်းမင်းကြီးပေါလ် (၆) တို့ဖြစ်ကြသည်။

 ယခုနှစ် (၂၀၂၆) သည် အဆိုပါသင် တန်းကျောင်းကြီး တည်ထောင်ခဲ့သည့် (၃၂၅) နှစ်ပြည့်နှစ်ပတ် လည် နှစ်လည်းဖြစ်သည်။ ထို့ကြောင့်ရဟန်း မင်းကြီးလီယို (၁၄) သည်ဤ မင်္ဂလာအချိန်ခါသမယ အားဂုဏ် ပြုကြိုဆိုသောအားဖြင့်အဆိုပါကျောင်းဆက် လက်ရပ်တည်နိုင်ရေးတာ၀န်ထမ်းဆောင် နေကြသော အလုပ်အမှုဆောင်များအဖွဲ့ထံသို့သ၀တ်လွှာပေးပို့၍ဤသင်တန်းကျောင်းအဓွန့်ရှည်တည်တံ့ခိုင်မြဲရန်ကောင်းချီးပေးခြင်း၊ ရဟန်းမင်းကြီး၏သာသနာ့အမှုတော် များထိ‌ရောက်အောင်မြင်ရရှိစေ သောဘုရား သခင်အားလည်းကောင်း၊ အမှုတော်ထမ်းဆောင်နေသူများအား လည်းကောင်းကျေးဇူးတင် ကြောင်း မိန့်ကြားထားသည်။

 သ၀တ်လွှာထဲ၌ရဟန်းမင်းကြီးကသူမတိုင်ခင်အမှုတော်ထမ်းခဲ့ကြသောရဟန်းမင်းကြီးများ ကလည်းဤ သင်တန်းကျောင်း၏ရည်ရွယ်ချက်ကို ပြတ်လပ်မသွားစေရန်နှင့်ဆက်လက်ကြီး ထွားလာ စေရန်ကြိုးစားခဲ့ကြကြောင်း၊ ထို့ ကြောင့် လည်းရဟန်းမင်းကြီးအားကိုယ်စားပြု သောသံတမန်များ မွေး ထုတ်ပေးနိုင် ခဲ့ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ် ပျံလွန်ခါနီး၌ Il Ministero Petrino (The Petrine Ministry ပေတရု၏ အမှုတော်ဆောင်ခြင်း) ဟုအမည်ပေးထားသော စာအုပ်တစ်အုပ်ကိုထုတ်‌ဝေ ခဲ့ကြောင်း၊ အဆိုပါစာအုပ်ထဲ၌ ဤသင်တန်းကျောင်းအားခေတ်ကာလနှင့်အညီပိုမိုထိ ရောက် သော ထုဆစ်ပုံဖော်မှုနှင့်မည်သည့်အသိ၊ အ တတ်ပညာများဆက်လက်ထည့်သွင်းပို့ချပေးသင့်ကြောင်းများကို သုတေသနပြုလုပ်နေကြောင်းမိန့်ကြားထားသည်။

 ရဟန်းမင်းကြီးလီယို (၁၄) သည်သူအရိုက်အရာကိုဆက်ခံခဲ့သောရဟန်းမင်းကြီးကဲ့သို့သံ တမန်များ သည် ရဟန်းမင်းကြီးအားကိုရသောကိရိယာများဖြစ်ကြောင်းအတည်ပြုထားသည်။ မကြာမီကပြန် လည် မွမ်းမံလိုက်သည့် သင်တန်းကျောင်း၏လက်စွဲစာအုပ်၌ ပါသည့်အတိုင်းပို့ချသ‌သော ဘာသာရပ် တို့၏ရည်ရွယ်ချက်များ နိုင်ငံရေး၊ သမိုင်း၊ ဥပဒေရေး၊ စီးပွားရေး၊ ဘာသာစကားများကို ပေါင်းစည်း ပြီးရဟန်းငယ်များကို အရည်အချင်းရှိလာအောင်ပြုစုပျိုး ထောင် ပေးလျှက်ရှိသည်။

 ရဟန်းမင်းကြီးသည် ကျောင်းတော်ကြီး၏ဘက်စုံတာ၀န်ခံများ၊ ကျောင်းသားများ၏ယုံကြည် ခြင်း၊ ပွင့်လင်းမှု၊ မိမိတို့၏ဇာတိဇစ်မြစ်ကိုမမေ့မလျော့ဘဲအပြောင်းအလဲများကိုလက်ခံနိုင်ခြင်းစသောကြိုး စားအားထုတ်မှု၊ ပေါင်းစည်းမှု၊ ဆန်းသစ်မှုများအတွက်ကျေးဇူးတင်ကြောင်း၊ လက်ရှိသင်တန်း တက် ရောက် နေကြသောကျောင်းသားများအား သင်တန်းကာလအတွင်းစိတ်ရှည်ဇွဲကြီးရန်၊ သံတမန်အမှု တော်သည်အ သက်မွေး၀မ်းကျောင်းအမှုမဟုတ်ကြောင်း၊ တမန်တော်လုပ်ငန်းနှင့်ဆိုင်သောခေါ်တော် မူခြင်းဖြစ်ကြောင်း၊ အယုံအကြည်မဲ့သည့်အခြေအနေ၊ နေရာ၊ ဆက်ဆံရေးဖြတ်တောက် ပိတ်လှောင် ရန်ကြိုးစားသည့်အခြေအ နေ၌အဆိုပါတံတိုင်းကိုဖြိုချနိုင်ရန်၊ ရင်ကြားစေ့ရေးလမ်းကြောင်းကို ဖွေရှာ ရသောအမှုတော်ဖြစ်သည်။ သံတ မန်အမှုတော်သည်ဧ၀ံဂေလိတရားတော်မှမွေးဖွားလာသည်။ နည်း ပရိယာယ်မဟုတ်။ ချစ်ခြင်းမေတ္တာအပေါ် မူတည်သည်။ အောင်နိုင်သူ၊ သို့မဟုတ် ရှုံးနှိမ့်သူများကို ဖော် ထုတ်ရသည်။ အဟန့်အတားမတည်ဆောက်ရ။ စစ်မှန်သောပေါင်းစည်းခြင်းကို ဖန်တီးပေးရသူ များဖြစ် သည်။

 သံတမန်များအနေဖြင့်ဩဇာနှင့်မပြောမီဘုရားသခင်၏အသံကိုလည်းကောင်း၊ အားနည်း သောသူများ ၏အသံကိုလည်းကောင်းဦးစွာနားထောင်ရမည်။ သံတမန်များသည်မမြင်နိုင်သောခိုင်ခန့်သည့် တံတား ကိုတည်ဆောက်ရန်၊ မျှော်လင့်ချက်၊ ကောင်းကျိုးရှိသည့်တံတာများတည်ဆောက်ရန်ခက်ခဲသည့် နေရာ ၌အထောက်အပံ့များအဖြစ်အသုံးတော်ခံရန်ခေါ်တော်မူခြင်းခံထားရသည်။

ဩ၀ါဒ၏နိဂုံး၌ရဟန်းမင်းကြီးကကျောင်းသားများနှင့်ကျောင်းဆင်းသွားကြပြီဖြစ်သော ကျောင်းသား ဟောင်းများအား ၄င်းတို့၏ကျောင်းနှင့်၄င်းတို့၏စံပြ၊ ၄င်းတို့အားမှိုင်းမသောရဟန္တာဖြစ်သည့် ရသေ့စိန့် အန်ထော်နီထံမှသင်ယူကြရန်၊ သူသည်အကျိုးမဲ့ဖြစ်နေသော တိတ်ဆိတ်၍တင်းမာနေသောအခြေ အနေကိုဘုရားသခင်နှင့်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့်အသီးအပွင့်များသီးပွင့်လာအောင်ပြုပြင်ပြောင်းလဲပေး နိုင်ခဲ့သူဖြစ်ကြောင်း၊ ၀ိညာဉ်ရေးအသက်တာ၌နက်ရှိုင်းစွာ အမြစ်တွယ်သောရဟန်း များဖြစ် ကြရန်၊ သို့မှသာ ဆုတောင်းခြင်းမှခွန်အားယူလျှက်တွေ့ဆုံဆွေးနွေးရန်ခက်ခဲသောသူများ၊ အခြေအနေ များအား အကောင်း ဆုံးဖြတ်သန်းအောင်မြင်ကျော်လွှားနိုင်ပေမည်ဟုအားပေးတိုက်တွန်းခဲ့သည်။ 

Fr. Clement Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *