
ဒုတိယဗာတီကန်ကောင်စီသည် ခရစ်တော်နှင့် မိတ်ဆွေဖွဲ့ရန်ကျွန်ုပ်တို့ကို ခေါ်နေသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဒုတိယဗာတီကန် ကောင်စီ (Second Vatican Council) ဆိုင်ရာ ဓမ္မပညာသင်ကြားမှု အစီအစဉ်ကို ဆက်လက်ပြု လုပ်ခဲ့ပါသည်။ ယခုအပတ်တွင် ကောင်စီ၏ အလှပဆုံးနှင့် အရေးကြီးဆုံး စာတမ်းတစ်ခုဖြစ်သည့် ဘုရားသခင်၏ ဗျာဒိတ်တော်ဆိုင်ရာ သာသနာ့အခြေခံဥပဒေ ‘Dei Verbum’ အကြောင်းကို အလေးပေး မိန့်ကြားခဲ့သည်။
“အစေခံသည် မိမိအရှင်ပြုသမျှကို မသိသောကြောင့် ငါသည် သင်တို့ကို အစေခံဟူ၍ မခေါ်တော့ပြီ။ ငါသည် သင်တို့ကို မိတ်ဆွေဟူ၍ ခေါ်ပြီ။”
ဇန်နဝါရီလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ရှင်ယောဟန် ခရစ်ဝင်ကျမ်းလာ ယေဇူးသခင်၏ နှုတ်ကပတ်တော်ကို ကိုးကား၍ ဒုတိယဗာတီကန်ကောင်စီ၏ စာ တမ်းများကို ပြန်လည်ဖတ်ရှုလေ့လာသည့် ဆုံးမဩဝါဒကို ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ဘုရားသခင်၏ ဗျာဒိတ်တော်ဆိုင်ရာ Dei Verbum စာတမ်းကို အလေးပေးပြောကြားရာတွင် ကျွန်ုပ်တို့ အား ကိုယ်တော်၏ မိတ်ဆွေများဖြစ်လာရန် ယေဇူးသခင်၏ ဖိတ်ခေါ်ချက်ကို ပြန်လည်သတိရ စေကြောင်း
“ဒါဟာ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အခြေခံအကျဆုံးအချက်ဖြစ်ပြီး Dei Verbum က ကျွန်ုပ်တို့ကို ပြန် လည်သတိပေးနေတာ ဖြစ်ပါတယ်။ ယေဇူးခရစ်တော်ဟာ လူသားနဲ့ ဘုရားသခင်ကြားက ဆက်ဆံရေး ကို အခြေခံကနေ ပြောင်းလဲပေးခဲ့တယ်။ အဲဒီဆက်ဆံရေးဟာ အခုဆိုရင် မိတ်ဆွေဖြစ်ခြင်း (Friendship) ဆက်ဆံရေး ဖြစ်သွားပါပြီ။ ဒါကြောင့် ပဋိညာဉ်သစ်ရဲ့ တစ်ခုတည်းသော စည်းကမ်းချက် ကတော့ ‘ချစ်ခြင်းမေတ္တာ’ ပဲ ဖြစ်ပါတယ်။”
ဘုရားသခင်သည် ကျွန်ုပ်တို့အား သားသမီးများ ဖြစ်စေသည်
ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တန်းတူမဟုတ်ကြောင်း၊ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများအကြား ဆက်ဆံ ရေးမှာ အမြဲတမ်း မမျှတမှုရှိနေမည်ဖြစ်ကြောင်း ကိုယ်တော်က ဝန်ခံခဲ့သည်။ သို့သော်လည်း၊ ဘုရား သခင်၏သားတော် လူသားအဖြစ် ကြွလာခြင်းနှင့်အတူ ဘုရားသခင်၏ ပဋိညာဉ်တော်သည် နောက်ဆုံး ရည်မှန်းချက်ဆီသို့ ပွင့်သွားခဲ့တယ်။
“ယေဇူးသခင်အားဖြင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သားသမီးများအဖြစ် သတ်မှတ်ခဲ့ပြီး၊ ကျွန်ုပ်တို့ရဲ့ နုနယ်လှတဲ့ လူသားဘဝမှာတောင် ကိုယ်တော်နဲ့တူလာဖို့ ခေါ်ယူနေပါတယ်” ဟု ၎င်းက ဆိုသည်။
ဤအချက်ကို စိတ်ထဲ၌ထားလျက် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန်” နားထောင်ရန် လိုအပ်ကြောင်းနှင့် “ဘုရားသခင် သိပြီးသား အရာတွေ ကို ပြောပြဖို့ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ကိုယ်တိုင်က ဘယ်သူလဲဆိုတာကို သိရှိနားလည်နိုင်ဖို့” ဘုရား သခင်နှင့် စကားပြောရန် (ဆုတောင်းရန်) လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးခဲ့ပြီး။
နေ့စဉ် ဆုတောင်းခြင်းအတွက် အချိန်ပေးရမည်
ထာဝရဘုရားနှင့် မိတ်ဆွေဖွဲ့မှုကို ပျိုးထောင်ရန် ဆုတောင်းခြင်းသည် အလွန်အရေးကြီးကြောင်း ၊ ရှေး ဦးစွာ ဝတ်ပြုကိုးကွယ်ခြင်းနှင့် အဖွဲ့အစည်းလိုက် ဆုတောင်းခြင်းများတွင် “ကျွန်ုပ်တို့က ဘုရားသခင် ဆီက ဘာကြားချင်လဲဆိုတာကို ကိုယ်တိုင်မဆုံးဖြတ်ဘဲ၊ အသင်းတော်ကတစ်ဆင့် ဘုရားသခင်ကိုယ် တိုင်က ကျွန်ုပ်တို့ကို စကားပြောခြင်းဖြစ်သည်” ဟု ဆိုသည်။
ဤဝတ်ပြုဆုတောင်းခြင်းသည် “စိတ်နှလုံးထဲတွင် ပြုလုပ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုတောင်းခြင်းမှ တစ်ဆင့် အောင်မြင်ရရှိနိုင်သည်”
ထိုကြောင့် ခရစ်ယာန်တစ်ဦး၏ နေ့စဉ်နှင့် အပတ်စဉ် ဘဝတွင် “ဆုတောင်းခြင်း၊ တရားတော်များ ကို ထောက်ရှုဆင်ခြင်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းအတွက် အချိန်ပေးရန် လိုအပ်သည်” ဟု အလေး အနက် တိုက်တွန်းခဲ့သည်။
နောက်ဆုံးအနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိတ်ဆွေဖြစ်ခြင်းသည် လျစ်လျူရှုမှု များကြောင့် အလွယ်တကူ ပျက်စီးသွားတတ်သည်ကို ကျွန်ုပ်တို့ အတွေ့အကြုံအရ သိရှိကြောင်း ထောက်ပြခဲ့သည်။
“ယေရှုသခင်က ကျွန်ုပ်တို့ကို မိတ်ဆွေဖြစ်ဖို့ ခေါ်နေပါတယ်။ ဒီခေါ်ယူမှုကို လျစ်လျူမရှုကြပါနဲ့။ ဒီဆက်ဆံရေးကို လက်ခံကြိုဆိုပြီး အလေးထား ဂရုစိုက်ခြင်းအားဖြင့် ဘုရားသခင်နဲ့ မိတ်ဆွေ ဖြစ်ခြင်း ဟာ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းပဲဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ကြားခဲ့ပါသည်။
ဘာသာပြန်-Fr.Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

