အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌသမ္မတထရမ့်နှင့်တွေ့ဆုံခဲ့။

ဂိုဏ်းချုပ်ဆရာတော် Paul Coakley သည် Oklahoma ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် ဖြစ်သည်။ သူသည်ပြီးခဲ့သော (၂၀၂၅) နို၀င်ဘာလကအမေရိကန်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ၏ဥက္ကဌအဖြစ်ရွေးကောက်တင်မြောက်ခံထားရသည်။ သူသည်ယမန်နေ့ (ဇန္န၀ါရီလ ၁၂) ရက် နေ့က အမေရိ ကန်သမ္မတထရမ့်၊ ဒုသမ္မတ [JD] Vance၊ အခြားသောအစိုးရ အဖွဲ့၀င်တို့နှင့် အိမ်ဖြူတော် ၌လူချင်းတွေ့ဆုံ၍ အားလုံးကစိုးရိမ်နေကြသောအကြောင်းအရာဖြစ် သည့်ရွေ့ပြောင်းတို့ အရေးနှင့် ဗင်နီဇွဲလားနိုင်ငံ၏အချုပ်အခြာအကြောင်းများကိုဆွေးနွေးခဲ့ကြကြောင်း၊ ယခုကဲ့သို့ ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးသည့်အတွက်လည်းကျေး ဇူးတင်ကြောင်း၊ ဆက်လက်၍လည်း ယခုကဲ့သို့ လုပ်ဆောင်သွား နိုင်ရန်မျှော်လင့်ကြောင်းတို့ကိုပြောကြားခဲ့ ကြောင်းအမေရိကန်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ ချုပ်၏ပြောရေးဆိုခွင့်ရှိသူ Chieko Noguchi ကပြောကြားထားပါသည်။

သို့သော်တွေ့ဆုံဆွေးနွေးခဲ့သည့်အကြောင်းအရာ၊ အခြေအနေသေးစိတ်ကိုမူသတင်းသမား များအား အသိမပေးထားပေး။ သို့သော်အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt အနေဖြင့် တွေ့ ဆုံဆွေးနွေးသည့်မှတ်တမ်းများကိုသမ္မတထံမှတောင်းခံသွားမည်ဖြစ်ကြောင်းကို ကက်သလစ်ရုပ် သံ အစီအ စဉ်၏သတင်းသမားတစ်ဦးဖြစ်သော Owen Jensen အားပြန်လည်ဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးလီယို (၁၄) ကရွေ့ပြောင်းနေထိုင်သူများသည်ဂုဏ်သိက္ခာရှိရှိထားရှိပေးရ မည့်အ ကြောင်း၊ အမေရိကန်ပြည်ထောင်စုအတွင်းမှီသင်းနေထိုင်သောသူများအားလုံး လည်းရွေ့ပြောင်း နေ ထိုင်သူများအရေးနှင့်စပ်လျင်း၍ အမေရိကန်ကက်သလစ်ဆရာတော်ကြီးများ၏ကြေညာချက် သတင်း စကား များကိုနားစွင့်ထောင်ကြရန်တိုက်တွန်းထားသည်။

အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သူဂိုဏ်းချုပ်ဆရာတော်က ပြီးခဲ့သော (ဒီဇင်ဘာ ၂၁၊ ၂၀၂၅) အမေရိကန်ရုပ်သံတစ်ခုဖြစ်သော CBS ၌ပြည်တွင်းအရေးနှင့် စပ်လျင်း၍သ မ္မတထရမ့်နှင့်ရွေ့ပြောင်းနေထိုင်သူတို့အရေးကိုတွေ့ဆုံဆွေးနွေးနိုင်ရန်ကြိုးစားပြီး၊ အတူတကွ လက်တွဲ လုပ် ဆောင်နိုင်သောအခွင့်အရေးကိုဖန်တီးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ ထို့အတူခေတ် ကြေးမုံနှင့်စပ် လျဉ်း၍ပွင့် လင်းစွာမိမိတို့၏အမြင်များကိုပြောဆိုဆွေးနွေးနိုင်ကြောင်းပြော ကြားခဲ့ဖူးသည်။

ဇန္န၀ါရီ (၄) ရက်နေ့က အမေရိကန်စစ်တပ်မှဗင်နီဇွဲလားနိုင်ငံ၏သမ္မတအားဖမ်းဆီးပြီး နောက်ပိုင်း ရဟန်းမင်းကြီးက ဗင်နီဇွဲလားနိုင်ငံသားတို့၏အခွင့်အရေးနှင့်နိုင်ငံ၏အချုပ်အခြာကိုအပြည့်အ ၀လေး စားမှုရှိရန်မိန့်ကြားခဲ့သည်။ ဇန္န၀ါရီလ (၁၂) ရက်နေ့အစောပိုင်းကလည်းရဟန်းမင်းကြီး သည် ဗင်နီဇွဲ လားနိုင်ငံ၏အတိုက်အခံခေါင်းဆောင်လည်းဖြစ်၊ ဒီဇင်ဘာလကမှနိုဘဲလ်ဆုကို လောလော လတ်လတ် လက် ခံရရှိထားသော မာရိယာကိုရီးနာမာချားဒိုအားဗာတီကန်၌လက္ခံတွေ့ ဆုံခဲ့သေး သည်။

ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *