
ရဟန်းမင်းကြီးလီယို (၁၄) ဗင်နီဇွဲလားအတိုက်အခံနိုဘဲလ်ဆုရှင်အားလက်ခံတွေ့ဆုံ။

ရဟန်းမင်းကြီးလီယို (၁၄) သည်ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်လည်းဖြစ်ပြီး၊ များမ ကြာမီ ကနို ဘဲလ်ဆုချီးမြှင့်ခံထားရသူ မာရိယာကိုရီးနာမာချားဒိုအားယနေ့တနင်္လားနေ့၌ ဗာတီကန်တွင်လက် ခံတွေ့ ဆုံခဲ့သည်။ အမှန်မှာတနလ်ာနေ့ရဟန်းမင်းကြီးလက်ခံတွေ့ဆုံမည့် အစီအစဉ်၌မပါဘဲလက်ခံတွေ့ဆုံခဲ့ ခြင်းဖြစ်သည်။
ရဟန်းမင်းကြီး၏အစီအစဉ်ထဲသို့မွန်းတည့် (၁၂) မှပါလာခဲ့သည်။ ယခုတွေ့ဆုံခြင်းနှင့်စပ် လျဉ်း၍ ဗာတီ ကန်အနေဖြင့်မည်သည့်သတင်းမျှအချက်အလက်အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။ အတိုက် အခံခေါင်း ဆောင်သည်ဗင်နီဇွဲလားနိုင်ငံအတွင်းအာဏာရှင်အစိုးရအားလက်မခံကြောင်း၊ နိုင်ငံ၏စီးပွားရေး နှင့်လူ သားချင်းဆိုင်ရာပြဿနာများရင်ဆိုင်ကြုံတွေ့နေရသည့်အကြောင်း ကိုရဲ၀ံ့စွာထုတ်ဖော်ပြောဆိုနေသော အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
မကြာမီကမှနိုဘဲလ်ဆုကိုပူပူနွေးနွေးလက်ခံရရှိထားသောဗင်နီဇွဲလားအတိုက်အခံခေါင်း ဆောင်သည်အမေရိကန်သမ္မတနှင့်လည်းယခုတစ်ပတ်အတွင်းတွေ့ဆုံရန်မျှော်လင့်ထားသည်။
ဗင်နီဇွဲလား၏အာဏာရှင်နီကိုးလပ်စ်မာဒူးရိုအမေရိကန်၏ဇန္န၀ါရီလ (၃) ရက်နေ့နံနက် အချိန်၌ ဖမ်းဆီး ခံရပြီးနောက်နူးယောခ်မြို့ရှိအကျဉ်းထောင်၌ချုပ်နှောင်ခံထားရသည်။ သူသည်မှုးယစ် ဆေး၀ါးကူး သန်း ရောင်း၀ယ်ဖြန်ဖြူးမှု၊ အကြမ်းဖက်မှုစသောပြစ်မှုပေါင်းများစွာကိုလည်းဆွဲချက်တင်ခံ ထားရသည်။ လက်ရှိ၌ဒုသမ္မတ Delcy Rodríguez ကနိုင်ငံကိုအုပ်ချုပ်လျှက်ရှိသည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

