
၂၀၂၅) ဂျူဘီလီနှစ်ကိုပြန်လည်ထောက်ရှုခြင်း အပိုင်း ၂

ရဟန်းမင်းကြီးအသစ်ရွေးချယ်တင်မြောက်ရန်အစည်းအဝေးစတင်ခြင်း၊
တစ်နည်းဆိုရသော ရဟန်းမင်းကြီးတစ်ပါးပျံလွန်သွားပြီဖြစ်၍လစ်လပ်သွားသောထိုအမှု တော်နေရာ အားပြန်လည်အစားထိုးခန့်အပ်ရန်ပြင်ဆင်ရတော့သည်။ ထိုသို့ရွေးကောက်နိုင်ရန်ကမ္ဘာပေါ်ရှိ သက် တော် (၈၀) မပြည့်သေးသည့်ကာဒီနယ်များအားလုံးရောမမြို့သို့သွားရောက်၍ဆုတောင်းပြင်ဆင်ရ သည်။ ထိုအစည်းအေ၀းကို ‘Conclave’ ဟုခေါ်သည်။ အနက်ကား ‘သော့’ ဟုဆိုလိုကြောင်းလည်းသိရ သည်။
ရဟန်းမင်းကြီးဖရန်စစ်၏စျာပနအခမ်းအနားများပြီးဆုံးသွားပြီးနောက် ဧပြီလ (၂၇) ရက်နေ့ က (9) ရက် တာကွယ်လွန်သူအတွက်ဆုတောင်းပေးခြင်းမစ္ဆားကို ဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin မှပထမနေ့ကိုဦးဆောင်ပူဇော်ခဲ့သည်။ နောက်တစ်နေ့မှစ၍ရဟန်းမင်းကြီး၏စျာပနအတွင်း မရောက်နိုင်သောကာဒီနယ် (၁၈၀) ပါးတို့လည်းဆိုက်ဆိုက်မြှိုက်မြှိုက်ရောက်လာခဲ့ကြသည်။ ထိုအစည်း အ ဝေးကား အထက်ကဆိုခဲ့သောရဟန်းမင်းကြီးရွေးချယ် သည့်အစည်းအဝေး မဟုတ်ဘဲ ကြိုတင် ပြင်ဆင် သောအစည်းအေ၀းဖြစ်သည်။ ထို့ကြောင့်ဤအစည်းအေ၀းအတွင်း၌မူသက်တော် (၈၀) ကျော်သွား၍ရ ဟန်းမင်းကြီးအသစ်တင်မြောက်ရာ၌မဲပေးပိုင် ခွင့်မရှိတော့သည့်ကာဒီနယ် များလည်း ပါသည်။
သာသနာ၏သမိုင်းစာမျက်နှာအသစ်ကိုသိုးထိန်းအသစ်နှင့်စတင်နိုင်ရန်စတင်ဖွင့်လှစ်ခဲ့သော နေ့ကား မေလ (၇) ရက်နေ့ဖြစ်ပါသည်။ ယခုတစ်ကြိမ်ရဟန်းမင်းကြီးအသစ်ရွေးချယ်တင်မြောက်သည့်အ စည်း အဝေးသည်သာသနာတော်ကြီး၏သမိုင်း၌အမြန်ဆုံးတစ်ကြိမ်ဖြစ်ခဲ့သည်။ ဤသို့ဆို၍သေချာစီစစ် ခြင်း မရှိဘဲ အလောသုံးဆယ်ရွေးချယ်တင်မြောက်ခဲ့ရသည်ဟုဆိုလိုသည်မဟုတ်။ ယနေ့ခေတ်၌နည်းပညာ အလွန်အဆင့်မြင့်နေပြီဖြစ်၍နည်းပညာအကူအညီများကြောင့်ကာဒီနယ်များ၏သတင်းအချက်အလက်များကိုစီစစ်ရာ၌ယခင်ကထက်များစွာမြန်ဆန်တိကျသိရှိလာရသည်။
ထိုအစည်းအေ၀းမှအမေရိကန်နိုင်ငံသား ကာဒီနယ် Robert Francis Prevost ရွေးချယ်တင်မြောက် ခံခဲ့ရ ပါသည်။ ထို့ကြောင့်သူသည်စိန့်ပီတာမှစ၍ အမိကက်သလစ်သာသနာတော်ကြီးအားဦးဆောင်သော (၂၆၇) ပါးမြောက်သိုးထိန်းအဖြစ်မေလ (၈) ရက် နေ့တွင်ထွက်ပေါ်လာခဲ့သည်။
သူသည်အမေရိကန်ပြည်ထောင်စုမှပထမဦးဆုံးရဟန်းမင်းကြီးဖြစ်လာသူဖြစ်သည်။ သက် တော်မှာ (၆၉) နှစ်ပြည့်ပြီး၊ ချီကာဂိုပြည်နယ်၌မွေးဖွားကြီးပြင်းခဲ့သည်။ သူသည်စိန့်ဩဂုတ်စတင်း၏၀ိညာဉ် ရေးနည်းလမ်းကိုကျင့်ကြံဆောက်တည်သောအသင်း၀င်ဖြစ်ပြီး ပီရူးနိုင်ငံ၌ (၂၂) နှစ်ကြာသာသနာ ပြုခဲ့ သော ကြောင့်ပီရူးတို့၏စိတ်၀ိညာဉ်ကိန်းနေသူဖြစ်သည်။ ပီရူးနိုင်ငံသားလည်းခံယူထားသည်။ ပီရူးနိုင်ငံ ၌ကျောင်း ထိုင်၊ ဆရာတော်မဖြစ်အမှုထမ်းခဲ့သည်။ သူသည်အသင်း၏အကြီးဆုံးအမှု တော်ဖြစ် သော ဥက္ကဌအဖြစ်သက် တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့ရသူဖြစ်သည်။ သူသည်သချာ်၊ ကာနွန်ဥပဒေဘွဲ့ ရဖြစ် သည်။ ရဟန်းမင်းကြီး၏ လက်အောက်ရှိရုံးတော်နှင့်ရင်းနှီးသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆရာ တော်များနှင့်ဆိုင်သောရုံးတော် ၏တာ၀န်အကြီးအကဲအဖြစ်လည်းအမှုတော်ထမ်းခဲ့သည်။
ရဟန်းမင်းကြီးအသစ်၏ဦးဆောင်မှုစတင်ခြင်း၊
အသစ်ရွေးချယ်တင်မြောက်လိုက်သောရဟန်းမင်းသည် သူ၏ရဟန်းမင်းကြီးအမည်ကို ‘လေအို’ ဟုခံ ယူခဲ့သည်။ သူမတိုင်မီ ‘လေအို’ အမည်ခံယူခဲ့ကြသောရဟန်းမင်း (၁၃) ပါးအထိရှိရာသူကား ‘၁၄’ ပါးမြောက် ‘လေအို’ဖြစ်လာသည်။ ‘လေအို’ အမည်ကိုခံယူရခြင်းမှာ သာသနာ၏လူမှုရေးဆိုင်ရာလမ်း ညွှန်ချက်စာချွန်တော်ဖြစ်သည့် ‘Rerum Novarum’ ကိုရေးသားခဲ့ပြီး သာသနာအားကောင်း သောအပြောင်း အလဲကိုပြုလုပ်ပေးနိုင်ခဲ့၍ကျေးဇူးတင်သည့် အနေဖြင့်ခံယူခြင်းဖြစ် သည်ဟုသိရပါ သည်။
ရဟန်းမင်းကြီးအသစ်သည် လူထုထံပထမဦးဆုံးအကြိမ်ထွက်ကြွလာစဉ်၌ ‘ငြိမ်းချမ်းခြင်းရှိ ပါစေ’ ဟုမိန့်ကြားခဲ့သည်။ ထိုစကားသည် (၁၀) ကြိမ်ထက်မနည်းပြန်ကြားခဲ့ရသည်။ သူ၏ဩ၀ါဒထဲ၌ ‘လက် နက်စွန့်ရေးနှင့်လက်နက်ဖြတ်သိမ်းရေးဖြင့်ငြိမ်းချမ်းရေး’ ကိုတည်ဆောက်ရန်အသားပေးထားသည်။ ထို့ကြောင့်ပဋိပက္ခပြင်းထန်လွန်းနေသောကာလ၌သတိထားမိစရာဩ၀ါဒဖြစ်ခဲ့သည်။
ကာဒီနယ်အဖွဲ့အစည်းအားလည်းရဟန်းမင်းကြီးသစ်၏အမြင်ကိုရဟန်းမင်းကြီးများ၏ဘု ရားကျောင်း ဟုခေါ်သော ‘Sistine’ ဘုရားကျောင်းအတွင်းမိန့်ကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ကြစို့။
မေလ (၁၈) ရက်နေ့သည် အသစ်ရွေးချယ်တင်မြောက်ခံရသောရဟန်းမင်းကြီးအသစ်၏ဦး ဆောင်မှု ကိုစတင်သောသမိုင်း၀င်သောနေ့ဖြစ်သည်။ စိန့်ပီတာရင်ပြင်၌မစ္ဆားတရားပူဇော်၍သိန်းနှင့်ချီသော ဘုရားဖူးများ၊ ကမ္ဘာတစ်၀ှမ်းမှနိုင်ငံ၊ အသင်းအဖွဲ့ကိုယ်စားပြုကိုယ်စားလှယ်များရှေ့မှောက်၌ အစပြု ခဲ့သည်။ ရဟန်းမင်းကြီးသစ်သည် ငြိမ်းချမ်းရေးအတွက်အရေးဆိုသောအသံတစ်သံဖြစ်လာခဲ့သည်။ ထိုတောင်းဆိုမှု ကို ကမ္ဘာ့ခေါင်းဆောင်များမေလ (၁၁) ရက်နေ့၊ တနဂ်နွေနေ့မွန်း တည့်ဆုတောင်း ဖြစ် သည့် ‘အန်ဂျေလုစ့်’ မေတ္တာရွတ်ဆိုစဉ်၌ထပ်မံတောင်းဆိုလိုက်ပြန်သည်။
ရုရှားသမ္မတပူတင်နှင့်ယူကရိန်းသမ္မတဇေလန်းစကီတို့နှင့်လည်းပြောဆိုခဲ့သည်။ ၄င်းတို့နှင့် (၃) ကြိမ် တွေ့ဆုံခဲ့သည်။ နှစ်ကြိမ်မှာရဟန်းမင်းကြီးတို့၏နွေရာသီသီတင်းသုံးသော ‘Castel Gandolfo’ ၌ ဖြစ် သည်။ ရဟန်းမင်းကြီးသစ်သည် တင်းမာနေသော အခြေအနေနှင့် စစ်ရေးများ ချုပ်ငြိမ်းစေ ရေးအတွက် ဗာ တီကန်အားကြား၀င်စေ့စပ်ပေးသော၊ သံကင်းတမန်ကင်းများကူးလူးစီးဆင်းရာ နေရာ အဖြစ် လက္ခံပေးခဲ့ သည်။ အခါအားလျှော်စွာမီဒီယာများပေါ်တက်မလာဘဲခန်း စည်းနောက်ကွယ်၌ သာတွေ့ဆုံညှိုနှိုင်းခြင်းများ ကိုလည်းပြုခဲ့ကြသည်။
လူငယ်များသည် (၂၀၂၅) ခုနှစ်၏အရည်အသွေးပြည့်၀သောဦးဆောင်သူများဖြစ်ရမည်။
ရဟန်းမင်းကြီးသစ်သည် ရဟန်းမင်းကြီးဖရန်စစ်ချန်ထားခဲ့သောအမွေအနစ်ဖြစ်သည့် လူ ငယ်သူ တော် မြတ်နှစ်ပါးဖြစ်သော ကားရ်လိုအကု့တစ်နှင့်ပီအယ်ဂျော်ဂျီအိုဖရာဆတီတို့အား စက်တင်ဘာ (၇) ရက်နေ့ ကရဟန္တာအဖြစ်တင်မြောက်ခဲ့သည်။ ဤသူတော်မြတ်နှစ်ပါးအနက်တစ်ပါးအားလူငယ်များ၏ ဂျူဘီ လီမစ္ဆား၌လည်းကောင်း၊ အခြားတစ်ပါးကိုမူဆယ်ကျော်သက်တို့၏ဂျူဗလီမစ္ဆားတရား၌လည်းကောင်း ရဟန္တာတင်မြောက်ရန်ရည်ရွယ်ခဲ့သော်လည်းရဟန်းမင်းကြီးဖရန်စစ်၏ရုတ်တရက်ပျံလွန်ခြင်းကြောင့်အစီအစဉ်များရွေ့ဆိုင်းခဲ့ရသည်။
ရဟန်းမင်းကြီးသစ်၏အမှုတော်ထမ်းသည့် (၈) လတာအတွင်းအလွန်ထူးခြားခဲ့သောအခမ်း အနားတစ် ခုမှာ ဇူလိုင် (၂၈) မှ ဩဂုတ် (၃) ရက်နေ့အထိကျင်းပသောလူငယ်ဂျူဗလီဖြစ်သည်။ အသက်အ ရွယ် အမျိုးမျိုးပါ၀င်သောလူငယ်တစ်သန်းကျော်ရောမမြို့ကြီးအားပြည့်လျှံသွားစေခဲ့သည်။
တူရကီနှင့်လက်ဘနွန်သို့တမန်တော်ခရီး
ရဟန်းမင်းကြီးလေအို (၁၄) သည်သူ၏ပထမပြည်ပတမန်တော်ခရီးကိုတူရကီနှင့်လက်ဘ နွန်သို့ နို၀င် ဘာလ (၂၇) မှ ဒီဇင်ဘာ (၂) ရက်နေ့အထိကြွရောက်ခဲ့သည်။ တူရကီသို့ကြွရောက်ရခြင်းမှာ နိုင်ဆင်း အစည်းအဝေးကြီးကျင်းပခဲ့သည့်နှစ် (၁၇၀၀) နှစ်ပတ်လည်ကိုအမှတ်ရသည့်အနေဖြင့်လည်း ရောက်ရှိခဲ့ သည်။ တူရကီနိုင်ငံအတွင်း Ankara၊ Istanbul သို့လည်းကောင်း၊ ထို့နောက် Iznik သို့လည်းကောင်း ကြွရောက်ခဲ့သည်။ Istanbul ၌မူဩသိုဒေါ့စ်ခရစ်ယာန်ခေါင်းဆောင် Bartholomew I အား တွေ့ဆုံခဲ့ သည်။
လက်ဘနွန်၌မူ (၂၀၂၀) ခုနှစ်ကပြင်းထန်စွာပေါက်ကွဲခဲ့သော ဘေရွန်ဆိပ်ကမ်းသို့သွား၍အ သက်ရှင် သန်ကျန်ရစ်နေသူတို့နှင့်၄င်းတို့၏မိသားစု၀င်တို့နှင့်ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။
ရဟန်းမင်းကြီးသစ်သည် ကမ္ဘာလူငယ်များနေ့အသေးစားကိုလည်း Bkerké နှင့်အနီးအနားမှ ဒေသမှ လူငယ် (၁၅၀၀၀) ဦးနှင့်ကျင်းပခဲ့သည်။ ရဟန်းမင်းကြီးသစ်သည်ကမ္ဘာ့ဘာသာအသီးသီးတို့၏ခေါင်း ဆောင်များနှင့်တွေ့ဆုံချိန်၌သူသည်လည်း၄င်းတို့နှင့်အတူငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြောင်း၊ စစ် မက်ဖြစ်ပွားနေသောကမ္ဘာ့ခေါင်းဆောင်ကြီးများအား လည်း၄င်းတို့အားကိုးလွန်နေသော လက်နက် ကိုချရန်လည်းတောင်းဆိုပါကြောင်းမိန့်ကြားခဲ့သည်။
(၂၀၂၆) ကိုကြိုမျှော်တွေးခြင်း၊
ဂျူဘီလီနှစ်ကိုထူးခြားခမ်းနားစွာဖြင့်ဖြတ်သန်းလာခဲ့ကြရာ ဇန္န၀ါရီလ (၆) ရက်နေ့၌စိန့်ပီတာ ဘာစီးလီ ကာမှဂျူဗလီတံခါးကိုခမ်းနားစွာပိတ်တော့မည်ဖြစ်သည်။ အခြားရဟန်းမင်းကြီး၏ဘာစီးလီဖြစ် သော စိန့်မေရီမေဂျာ၏ဂျူဗလီတံခါးကို ဒီဇင်ဘာ (၂၅) ရက်နေ့၊ စိန့်ဂျွန်လေတာရင်ဘာစီးလီကားအား ဒီဇင်ဘာ (၂၇) ရက်နေ့၊ စိန့်ပေါလ်ဘာစီးလီကာမှဂျူဗလီတံခါးကား ဒီဇင်ဘာ (၂၈) ရက်နေ့ကပိတ်လိုက်ပြီ ဖြစ်ပါသည်။
ရဟန်းမင်းကြီးနှင့်ကာဒီနယ်တို့၏ပုံမှန်အစည်းအေ၀းကို (ဇန္န၀ါရီလ ၇-၈၊ ၂၀၂၆) ၌ပြုလုပ် မည်ဖြစ် သည်။ ထိုအစည်းအေ၀းသို့ကာဒီနယ်များအားလုံးရောမသို့အရောက်လာ၍အစည်းအေ၀းမစတင် မီထောက်ရူခြင်း၊ ဆုတောင်းခြင်းကိုနှစ်ရက်တာပြုလုပ်ပြီးနောက် အစည်းအေ၀းအစပြုမည်ဖြစ်သည်။ ဤ သိုပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာရဟန်းမင်းအနေဖြင့်သာသနာတော်အားဦးဆောင်ဦးရွတ်ပြုရာ၌ ‘ထောက်ခံအားပေးရန်နှင့်အကြံဉာဏ်ပေးရန်၊’ နားထောင်ရန်၊ သာသနာပြုလုပ်ငန်း၌အတူယှဉ်တွဲလုပ် ဆောင်ရန်၊ စည်းလုံးခြင်းနှင့်ကွဲပြား၊ ကွဲလွဲနေမှုများကိုအောင်မြင်ကျော် လွှာရန်စသည့် အကြောင်း အရာများ ကိုဆွေးနွေးအကြံပြုတင်ပြကြမည်ဖြစ်သည်။
Fr. Clement Ate

