
ဂျူဘီလီနှစ်သည်ပြီးဆုံးသွားမည်ဖြစ်သော်လည်းကျွန်ုပ်တို့သည်ယုံကြည်ခြင်း၏ခရီးသွားများ
အဖြစ်ဆက်လက် ရှင်သန်ကျန်ရစ်ကြရန်ရဟန်းမင်းကြီးတိုက်တွန်း။

ရဟန်းမင်းကြီးလီယို (၁၄) သည် ဂျူဘီလီနှစ်၏နောက်ဆုံးစနေနေ့အဖြစ်ဘုရားဖူးများနှင့် တွေ့ဆုံစဉ် မိန့် ကြားသောဩ၀ါဒ၌ ဂျူဘီလီနှစ်ပြီးဆုံးသွားမည်ဖြစ်သော်လည်း ခရစ်ယာန်များအနေဖြင့်မျှော် လင့်ခြင်း ၏ခရီးသွားများအဖြစ်ဆက်ရှင်သန်ကျင့်ကြံကြရန်၊ ဤတရားတော်သည်အဆုံးသတ်သွားမည်မ ဟုတ် ကြောင်းအသိပေးမိန့်ကြားခဲ့သည်။
ခရစ္စမတ်ပွဲတော်ကြီးသည်လည်းနီးကပ်လာပြီဖြစ်၍ခရစ္စမတ်တရားတော်လည်းဖြစ်သော မျှော်လင့် ခြင်းနှင့်စပ်လျဉ်း၍ဩ၀ါဒအတွင်း၌ထည့်သွင်းမိန့်ကြားခဲ့သည်။ မျှော်လင့်ခြင်းသည်ကြောက်ရွံ့ခြင်း ၌ အတွယ်နေသည်မဟုတ်။
ယေဇူးခရစ္စတူးသခင်အားဖြင့်ဘုရားသခင်နှင့်နီးကပ်စွာရှိနေခြင်း၌တည်ရှိသည်။ ခရစ္စတူးသခင်မပါလျှင် ‘သခင်သည်နီးကပ်လာပြီ’ ဟုကြွေးကြာ်ခြင်းသည်ခြိမ်းခြောက်ခြင်းဖြစ်သည်။ သို့ သော်ခရစ္စတူး သခင်ရှိ နေခြင်းကြောင့် ထိုကြွေးကြော်သံသည်သနားခြင်း၏ကတိတော်ဖြစ်လာသည်။ ခရစ္စ တူးသခင်၌ ခြိမ်း ခြောက်မှုမပါ။ ခွင့်လွှတ်ခြင်းသာရှိသည်။ ယေဇူးသခင်၏လူ့အဖြစ်တော်ကိုခံယူခဲ့သည့်အ ဖြစ်ကို ထောက်ရူခြင်းဖြင့် အသက်ပေးသောဘုရားသခင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ပြန်လည်ဆန်းသစ် ကြောင်းကိုပြတ်သားစွာပြသာနေသည့်အမှတ်လက္ခဏာဖြစ်သည်။
ရဟန်းမင်းကြီးသည် တမန်တော်ပေါလု၏ရောမဩ၀ါဒစာအားကိုးကား၍ ‘မျှော်လင့်ခြင်း၌ ကျွန်ုပ်တို့ သည်ကယ်တင်ခြင်းခံကြရသည်’ ဟုမိန့်ကြားပြီး၊ မျှော်လင့်ခြင်းသည်မသေချာမရေရာေ၀၀ါး သောခံစားချက်မျိုးမဟုတ်။ ရှင်သန်နေသော၊ အင်အားကိုထုတ်ပေးလေ့ရှိသည်။
မျှော်လင့်ချက်မရှိလျှင်အသက်မရှိ။
မျှော်လင့်ချက်မရှိလျှင် ကျွန်ုပ်တို့သည်အသေကောင်နှင့်တူသည်။ မျှော်လင့်ခြင်း၌ကျွန်ုပ်တို့ သည် အလင်းထဲသို့ရောက်ရှိလာသည်။ မျှော်လင့်ခြင်းသည်ပါရမီကြီးသုံးပါးအနက်တစ်ပါးဖြစ်သည်။ အသက် ကိုထွက်ပေါ်လာစေသောဘုရားသခင်၏အစွမ်းဖြစ်သည်။
စစ်မှန်သောအင်အားသည်အုပ်ချုပ်မှု (သို့) အကြောက်တရားကိုအောင်မြင်ခြင်း၌မတွေ့ရ။ ခြိမ်းခြောက် မှုနှင့်သတ်ဖြတ်မှုကိုလုပ်ဆောင်နိုင်ခြင်းသည်အင်အားမဟုတ်။ မောက်မာခြင်း၊ အကြောက်တ ရား၌ အကြမ်းဖက်ခြင်း၊ မည်သည့်ကောင်းကျိုးမျှမဖြစ်ပေါ်စေနိုင်သောမကောင်းမှုပင်ဖြစ်သည်။ ထိုအခြေအ နေနှင့်ဆန့်ကျင်၍ဘုရားသခင်၏ခွန်အားကားမျှော်လင့်ခြင်း၌မွေးဖွားလာသည်။ ထို့ကြောင့်မျှော်လင့်ခြင်း သည်မွေးဖွားခြင်းဖြစ်သည်။
ကမ္ဘာကြီးနှင့်ဆင်းရဲသောသူတို့၏ငိုညည်းသံကိုနားစွင့်ကြပါ။
ကမ္ဘာမြေကြီးနှင့်စပ်လျင်း၍မိန့်ကြားရာ၌လည်း တမန်တော်ပေါလု၏ဖော်ပြချက်ထဲမှကိုး ကား၍ ဘာ သာတူတို့အားတိုက်တွန်းနှိုးဆော်သည်မှာ ကမ္ဘာမြေကြီးနှင့်ဆင်းရဲသောသူတို့၏ညည်းတွားသံကို နားစွင့် ထောင်ကြပါ။ ကမ္ဘာကြီး၏မြေပေါ်မြေအောက်သယံဇတအရင်းအမြစ်များသည်အများအတွက်ဖြစ် သော်လည်းလူနည်းစုမှမတရားသဖြင့်အပိုင်ချိုင်ထားသည့်အဖြစ်ဆိုးအတွက်ညည်းတွားနေကြသည်။ ဘုရား သခင်သည်သူ၏ဖန်ဆင်းခြင်းကိုလူသားများအားလုံး၏ကောင်းကျိုးအတွက်ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တာ၀န်သည်ခိုးထုတ်ပေါင်းစားရန်မဟုတ်။ တိုးပွားများပြားအောင် လုပ်ဆောင် ရမည်။
သမိုင်းသည်ဘုရားသခင်နှင့်သူ၌အားကိုးမျှော်လင့်သူတို့၏လက်ထဲ၌ရှိ၏။
ဒုက္ခဝေဒများပင်လျှင်ယုံကြည်ခြင်းအမြင်၌အဓိပ္ပါယ်အသစ်ကိုပေးသည်။ ဥပမာအားဖြင့် မီးဖွားခြင်း ဒုက္ခ္ဝေဒနာကိုဆင်ခြင်ကြပါစို့။ ဘုရားသခင်သည်သားဖွားခြင်းေ၀ဒနာအားဖြင့်ဖန်ဆင်းခြင်းကို ဆက် လက်ပြုလပ်သည်။ လူသားများကိုတိုးပွားစေသည်။ လူသားများသည်မျှော်လင့်ခြင်းဖြင့်ဆက်လက်ရှင် သန်ကြသည်။
ထိုဒုက္ခဝေဒနာများအားဖြင့်ဘုရားသခင်၏ဖန်ဆင်းခြင်းအမှုတော်မြတ်၌ပါ၀င်ကြရန်ဖိတ် ခေါ်ထား သည်။ သမိုင်းသည်ဘုရားသခင်နှင့်သူ့အားမျှော်လင့်အားကိုးသူတို့၏လက်ထဲ၌ရှိသည်။
မယ်တော်၏အသက်တာနှင့်ခရစ်ယာန်ဆုတောင်းခြင်းကိုဆင်ခြင်မည်ဆိုပါက နာဇရက်မြို့ သူမယ်တော် မာရိယာသည်အသက်ကိုပေးသောမျှော်လင့်ခြင်း၏စံပြဖြစ်သည်။ သူ၏အသက်တာ၌ကျွန်ုပ်တို့ ယုံကြည်သူများအနေဖြင့်မြင်တွေ့ရမည်မှာကျွန်ုပ်တို့အနက်တစ်ဦးတစ်ယောက်အားဖြင့်မွေးဖွားစေရမည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုလက်တွေ့ရှင်သန်ကျင့်ကြံပြ၍ ယေဇူးသခင်၏အသံ၊ ခန္ဓာ၊ မျက်နှာ တော်ကိုပြသပေးရမည်။ ယေဇူးသခင်သည်နောက်တစ်ကြိမ်မွေးဖွားခြင်းကိုခံလိုသည်။ ထို့ကြောင့်ကျွန်ုပ်တို့ အားဖြင့်ယေဇူးသခင်၏အသံ၊ ခန္ဓာကိုကမ္ဘာကြီးအားပေးနိုင်သည်။ ဤသည် ကားကလေးများမွေးဖွားရခြင်း ၏အဓိကရည်ရွယ်ချက်၊ ဖန်ဆင်းခြင်းကစောင့်ဆိုင်းနေခြင်းဖြစ်သည်။
မျှော်လင့်ချက်ထားရှိရမည်မှာကမ္ဘာကြီးသည်ဘုရားသခင်အုပ်စိုးသောကမ္ဘာကြီးဖြစ်ရန်ဖြစ် ကြောင်းမိန့်ကြားခဲ့သည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

