
ရဟန်းမင်းကြီးလီယို (၁၄) သည်ထိုင်း-ကမ္ဘောဒီးယားအရေးအမြန်ငြိမ်းချမ်းရန်ဆုတောင်းပေး။

ယမန်နေ့ (ဒီဇင်ဘာ ၁၀) သည်ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ရဟန်းမင်းကြီးသည်ခရီးထွက်ခြင်း၊ မကျန်း မမာဖြစ် ခြင်းမှလွဲ၍ ဗုဒ္ဓဟူးနေ့တိုင်း၌စိန့်ပီတာရင်ပြင် (သို့) ရဟန်းမင်းကြီးပေါလ် (၆) ခမ်းမကြီးထဲ ၌နိုင်ငံတကာ မှဘုရားဖူးများအားလက်ခံတွေ့ဆုံကာဩ၀ါဒမြွတ်ကြားခြင်း၊ အတူဆုတောင်းခြင်းကိုပုံမှန်ပြု လုပ်လေ့ ရှိသည်။
အကယ်၍ပြင်ပရာသီဥတုသည် ဘုရားဖူးတို့၏ကျန်းမာရေးကိုဆိုး၀ါးစွာ ထိခိုက်စေနိုင်သောမိုးရွာ သွန်း ခြင်း၊ နေပူပြင်းလွန်းခြင်း၊ အအေးလွန်ကဲခြင်း၊ မုန်တိုင်းအန္တာရယ်စသောအခြေအနေမျိုး ၌မူ မိုးလုံ လေလုံသောရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမထဲ၌ကျင်းပလေ့ရှိသည်။
ယမန်နေ့ဘုရားဖူးများနှင့်တွေ့ဆုံစဉ်၌ နောက်တဖန်ပြန်လည်ဖြစ်ပွားလာသောနယ်စပ်ပဋိပက္ခ အခြေ အနေယခုထက်ပို၍ကြီးထွားဆိုး၀ါးမလာစေရန်၊ အမြန်ဆုံးချုပ်ငြိမ်းအဆုံးသတ်ကြရန်ပန် ကြားခဲ့သည်။ ဒေသမငြိမ်မသက်ဖြစ်ခြင်း၊ မလုံခြုံသောကြောင့်နှစ်ဖက်မှပြည်သူများသည် မိမိတို့၏အိုး အိမ်များ စွန့်၍ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်။
ရဟန်းမင်းကြီးကစိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူးများအား ‘ထိုင်း-ကမ္ဘောဒီးယားနယ် စပ်အရေးသတင်းကိုကြားလိုက်၍စိတ်မကောင်းလွန်စွာဖြစ်သွားခဲ့ရကြောင်း၊ ပြည်သူ များအတွက် ကျွန်ုပ်ဆုတောင်းပေးပါကြောင်းမိန့်ကြားခဲ့သည်။
အသစ်တဖန်ပြန်လည်ဖြစ်ပွားသော နယ်စပ်ပဋိပက္ခသည် ဆယ်စုနှစ်နှင့်ချီသောအငြင်း ပွားမှုတစ်ခု လည်းဖြစ်သည်။ ထိုနယ်နိမိတ်တ၀ိုက်၌ ရှေးဟောင်းသာသနာ့အမွေအနစ်အဆောက်အဦးများရှိသည်။ ထိုဒေသနှင့်စပ်လျင်း၍နှစ်နိုင်ငံကြားမကြာခဏအခြေအနေတင်းမားလေ့ရှိသည်။ ထိုအခြေ အနေနှင့်စပ် လျဉ်း၍သံတမန်နည်းလမ်းအားဖြင့်အငြင်းပွားမှု၊ ပစ်ခတ်မှုကိုရပ်တန့်ထားနိုင်ခဲ့သည်။ သို့ သော်မကြာ ခဏပြန်လည်ထိုးဆွမှုများရှိလာသည်။
ထို့ကြောင့်အပစ်ရပ်သဘောတူညီထားမှုစာချုပ်သည်မကြာခဏဖောက်ဖျက်သည့်အခြေအနေသို့ရောက်ရှိစေခြင်း၊ နှစ်ဖက်နယ်စပ်ဒေသ၌နေထိုင်ကြသောပြည်သူများအားမလုံခြုံဖြစ်ပေါ်စေသည်။ ရဟန်း မင်းကြီးက လက်ရှိပဋိပက္ခချက်ချင်းချုပ်ငြိမ်းစေ၍တွေ့ ဆုံဆွေးနွေးရေးကိုအမြန်ဖော်ဆောင်ကြပါ ဟုနှစ်နိုင်ငံအစိုးရများအားပန်ကြားခဲ့သည်။
Fr. Clement Ate

