ဖာရ်သာ Basil Zar Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) အာဒ်တူးဒုတိယ စနေနေ့ ၁၃၊ ၁၂ ၊ ၂၀၂

https://youtu.be/xoUUx5B69j0

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ယနေ့ဧဝံဂေလိ ကျမ်းစာမှာ လူတွေက ခရစ်တော်ဆီက ကောင်းကင်ကလက္ခဏာ ကို တောင်းတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခရစ်တော် က ယောန ရဲ့ နိမိတ်လက္ခဏာ က လွဲပြီး မည်သည့် နိမိတ် လက္ခဏာ မျှ ပေးခြင်းမခံရဘူးလို့ ခရစ်တော်က မိန့်ကြားခဲ့ပါတယ်။
ဒါက ဘာကို ပြောချင်တာလဲဆိုတော့ ယောန က နီနေဝေးမြို့သားတွေ ပြောင်းလဲဖို့ ဟောကြားခဲ့တယ်။ သူတို့ဟာ နားထောင်ပြီး သူတို့ရဲ့ဘဝ တွေကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ Solomon ထက်ကြီးမြတ်တဲ့ပုဂ္ဂိုလ် ယောန ထက်ကြီးမြတ်တဲ့ ပုဂ္ဂိုလ် ခရစ်တော် ရှိနေတာကို လူတွေက ယုံကြည်ဖို့ ငြင်းဆန်ခဲ့ကြတယ်။
ဒီသတင်းစကားက ရိုးရှင်းပြီး ခွန်အားပါပါတယ်။ ဒါကတော့ ကျွန်ုပ်တို့အနေနဲ့ လက္ခဏာများစွာ မလိုအပ် နှလုံးသားတွေ ဖွင့်ထားဖို့ပဲ လိုအပ်ပါတယ်။
ဘုရားရဲ့တည်ရှိမှုက ကျွန်ုပ်တို့ဆီမှာ ရှိနှင့်နေပြီးဖြစ်ပါတယ်။
နှုတ်ကပါတ်တော်အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ဖော်ပြနေတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် ကျွန်ုပ်တို့ဆီကို ရောက်လာတယ်။ ကျွန်ုပ်တို့ရဲ့ပတ်လည်မှာ ချစ်ခြင်းမေတ္တာပြသနေတဲ့ ပုဂ္ဂိုလ်တွေ အပြုအမူတွေအားဖြင့် ဘုရားသခင် က အလုပ်လုပ်နေပါတယ်။
ကျွန်ုပ်တို့ဟာ ယုံကြည်ဖို့ တန်ခိုးလက္ခဏာပြသတာကို စောင့်နေမယ်ဆိုရင် တန်ခိုးလက္ခဏာကြီးဖြစ်တဲ့ ခရစ်တော်ကို လွဲချော်သွားမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ယနေ့မှာ ကျွန်ုပ်တို့ တစ်ဦးချင်းစီ ပြန်လည် ဆန်းစစ်ရာမှာက ငါဟာ ဘုရားရဲ့အသံကို ကြားတဲ့အခါ နောင်တရ ပြောင်းလဲရန် လွယ်ကူတဲ့ နီနေဝေးလူတွေလို ဖြစ်သလား ။ (ဒါမှမဟုတ်) ဆက်လက်ပြီးသက်သေပြဖို့ တန်ခိုးလက္ခဏာတောင်းဆိုနေတဲ့ လူအုပ်ကဲ့သို့ ဖြစ်နေသလားဆိုတာကို ထောက်ရှု စဥ်းစားရမှာဖြစ်ပါတယ်။
မိမိ ၏ နေ့စဥ်အသက်တာမှာ ဘုရားသခင်ရဲ့အချစ် ဘုရားသခင်ရဲ့ ခေါ်သံ ဘုရားသခင်ရဲ့ ကာကွယ် စောင့်ရှောက်မှုတွေကို သတိမူသောပုဂ္ဂိုလ်များဖြစ်နိုင်ရန်ကြိုးစားသွားကြပါစို့။
ဘုရားသခင်သင်တို့အားလုံးကို အစဥ်ကောင်းချီးပေးတော်မူပြီး ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်တော်မူပါစေ….

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *