ရဟန်းမင်းကြီးသည်အရှေ့တောင်အာရှရေဘေးသင့်ပြည်သူများအတွက်ဆုတောင်းပေး။

အရှေ့တောင်အာရှဒေသတစ်၀ှမ်း၌ ရေ‌ဘေး၊ မြေပြိုမှုများကြောင့်လူပေါင်း (၁၅၀၀) ကျော် အသက် ဆုံး ရှုံး ခဲ့ရသည်။ လက်ရှိ၌အင်ဒိုနီးရှားနိုင်ငံတွင်သေဆုံးသူစာရင်း (၈၈၃) ဦးရှိကြောင်း၊ သီရိလင်္ကာ နိုင်ငံ၌ (၄၈၆) ဦး၊ ထိုင်းနိုင်ငံ၌ (၁၈၅) ဦးနှင့်မလေးရှားနိုင်ငံ၌ (၃) ဦးအသီးသီးစာရင်း ထုတ်ပြန်ထားပါ သည်။

  ယမန်နေ့ အာဒ်၀င်တူးကာလဒုတိယပတ်တနင်္ဂနွေနေ့မွန်းတည့်ဆုတောင်းချိန်၌ သဘာ၀ ဘေးဒုက္ခ ကြုံ နေကြသောဒေသရှိပြည်သူများ၊ သဘာ၀ဘေးသင့်ရောက်၍အသက်ဆုံးရှုံးခဲ့သောမိမိတို့၏မိ သားစုများ အတွက်ပူဆွေး၀မ်းနည်းနေသောသူများအတွက်သတိရဆုတောင်းပေးခဲ့သည်။ နိုင်ငံတကာအဖွဲ့ အစည်း အားလည်းလက်တွေ့ကျထိရောက်သောလူသားချင်းစာနာသောအကူအညီများပေးရေးကိုလည်းပန် ကြားတိုက်တွန်းခဲ့သည်။

 သဘာ၀ဘေးသင့်နေသောဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များလည်းရောက်ရှိ နေပြီး အပူ တပြင်းလုပ်ဆောင်နေကြသည်။ သတင်းများအရသီရိလင်္ကာနှင့်အင်ဒိုနီးရှားနိုင်ငံ၌မြေအောက် တွင်နစ် မြှုပ်နေပြီးပြန်မဆယ်နိုင်သေးသည်အလောင်းများစွာရှိနေကြောင်း၊ နိုင်ငံပေါင်း၍လူပေါင်း (၉၀၀) ခန့်မှာ ပျောက်ဆုံးနေကြောင်းဖော်ပြထားသည်။

 အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာထရာကျွန်း၌သာသနာပြုနေသောကာပူချင်ရသေ့များအနေဖြင့် လည်း အိုးအိမ် မဲ့သွားသော၊ ထွက်ပြေးတိမ်းရှောင်လာကြသောမိသားစုများအားကျောင်းအတွင်း၌ခိုလှုံမှု ပေးထား ရကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ Sibolga ပြည်နယ်၏ကာပူချင်းရသေ့အသင်း၏ဒေသအကြီးအကဲ ဖြစ် သော ဖာသာရ် Yoseph Norbert Sinaga က အဆိုးဆုံးသောအခြေအနေမှာကျော်လွန်သွားပြီ။

လူသား ချင်းစာနာသောအကူအညီများကိုယခုမှစတင်ရကြောင်း အဘယ်ကြောင့်ဆိုသော် ပြည်သူများ သည်ဘေး လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်သွားကြသောကြောင့်ဖြစ်ကြောင်း ယခုတစ်ဖြေး ဖြေးနှင့် ပြန်လာနေထိုင်လာ ကြပြီဖြစ်ကြောင်း၊ လက်တလော၌ရေနှင့်မီးပြတ်လပ်မှုကိုကြုံနေရကြောင်း၊ အထူး သဖြင့်သောက်ရေပြတ် လပ်နေမှုသည်အလွန်ဆိုး၀ါးသောအခြေအနေဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ရသေ့ ကျောင်း၌ပင် ရေမရှိကြောင်း၊ တောတွင်းစမ်းချောင်းများမှခပ်ယူသုံးစွဲနေရကြောင်း၊ ကျွန်ုပ်တို့ညီ အစ်ကိုမောင်နှမများသည်အရေးတကြီး အကူအညီလိုအပ်ကြောင်း၊ နောက်ပိုင်း၌၄င်းတို့၏ နေအိမ်များ ပြန်လည်တည်ဆောက်ပေးရေးကိုလည်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ Sibolga သာသနာအတွင်း အသေအပျောက်အလွန်များခဲ့ကြောင်း ဗာတီကန် သတင်းဌာနသို့ဖြေကြားခဲ့သည်။   

ဘာသာပြန် Fr. Clement Ate


News- Vatican News


Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *