ကက်သလစ်သာသနာ၏အမှုတော်ဆောင်ထဲ၌အမျိုးသမီးဦးပဥ္စင်းအခန်းကဏ္ဍအားခွင့်မပြုနိုင်သေးဟုတာ၀န်ရှိကော်မရှင်ကပြောကြား။

ရဟန်းမင်းကြီးဖရန်စစ်မပျံလွန်ခင်က ကက်သလစ်သာသနာနာတော်ကြီး၏ဓမ္မအမှုတော် ဆောင်ထဲ ၌အမျိုးသမီးဦးပဥ္စင်း၏အခန်းကဏ္ဍကိုခွင့်ပြုနိုင်၊ မပြုနိုင်သည်နှင့်စပ်လျဉ်း၍မေးလျှောက်ထားခဲ့ သည်။ အဆိုပါအဖြေကိုဖြေကြားရန်မှာသမ္မာကျမ်းစာ၊ သာသနာ၏ရှေးထုံးသက်သေ၊ သီဩလော်ဂျီ တို့ကိုသော် လည်းကောင်း၊ မိမိတို့တိုက်တစ်ခုတည်း၏လိုအပ်ချက်ကိုသာမဟုတ်ဘဲ ကမ္ဘာတိုက်ကြီး အသီးသီးရှိအမိ သာသနာတော်ကြီး၏လိုအပ်ချက်အခြေအနေကိုလည်းဖြန့်ကျက်လေ့လာ သုံးသပ်ရဦး မည်ဖြစ်သည်။ ထို့ကြောင့် လက်တလော၌ခွင့်မပြုနိုင်သေးကြောင်းပြန်လည်ဖြေကြားထားသည်။ အဆို ပါမေးခွန်းနှင့်စပ်လျဉ်း၍လေ့လာ သုံးသပ်ရန်ခွင့်ပြုချက်ရသည်နှင့်လေ့လာနေခဲ့ရာ ယခုနှစ်ဖေဖော် ၀ါရီလမှအဆုံးသတ်နိုင်ခဲ့ပြီး ယမန်နေ့ (ဒီ ဇင်ဘာ ၄) မှတရား၀င်ထုတ်ပြန်နိုင်ခဲ့သည်။

  ဦးပဥ္စင်းအမှုတော်သည် ရဟန်းသိက္ခာအမှုတော်နှင့်ဆက်စပ်နေကြောင်း၊ ရဟန်းသိက္ခာသည် ယေဇူး သခင်မှတပည့်တော်ကြီးတို့အားပေးအပ်ခဲ့သောစက္ကရာမင်တူးဖြစ်၍တိကျပြတ်သားသောဆုံးဖြတ် ချက်ကိုမပေးနိုင်သေးကြောင်း၊ ယခုဆိုလိုသောဦးပဥ္စင်းအမှုတော်ဆောင်သည် ရဟန်းသိက္ခာနှင့် မစပ် ဆိုင် ကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်၊ လေးလေးနက်နက်အာရုံစိုက်၍ပြန်လည်ဆန်းစစ် ရအုံးမည်ဖြစ် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမိသာသနာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၌ဦးပဥ္စင်းသိက္ခာသည် သဃာ တော်အဆင့်ထဲပါ နေပြီဖြစ်သောကြောင့်ဘာသာတူများ၏၀ိညာဉ်ရေးအကျိုးအတွက်ဟုဆိုသော်လည်း ရှင်းလင်းတိကျသော အဖြေကိုပေးရန်ခက်ခဲနေပါသည်။

 အချို့တိုက်ကြီးများ၌သာသနာအမှုတော်ဆောင်များကြား ဦးပဥ္စင်းအမှုတော်ဆောင်ခြင်းအ ခန်းကဏ္ဍ လုံး၀မရှိသောတိုက်ကြီးများလည်းရှိနေသည်။ အချို့နေရာများ၌ဦးပဥ္စင်းသိက္ခာအဆင့်မဟုတ်ဘဲ သာမန် ဘာသာတူများ၏အခန်းကဏ္ဍအဆင့်၌သာ၀တ်ပြုခြင်းများတွင်တရားထောက်အဖြစ်လည်းကောင်း၊ ကျမ်းစာဖတ်အမှုတော်ကိုလည်းကောင်း၊ ထမ်းဆောင်နေကြသည်ကိုတွေ့ရသည်။ ဤအကြောင်းအရာ အ သေးစိတ်ကို ဗာတီကန်သတင်းဌာန၏စာမျက်နှာ၌ကော်မရှင်၏လုပ်ဆောင်ချက်၊ လေ့လာတွေ့ရှိ ချက်၊ ရှင်း ပြချက်ပြည့်ပြည့်စုံစုံကိုတင်ပြထားပါသည်။          

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *