
ပုပ်ရဟန်းမင်းကြီးလီယို (၁၄) သူ၏ ပထမဆုံးသော တမန်တော်ခရီးစဉ်။

ပုပ်ရဟန်းမင်းကြီးလီယို (၁၄) သူ၏ ပထမဆုံးသော တမန်တော်ခရီးစဉ်အဖြစ် တူရကီနှင့် လက်ဘနွန် နိုင်ငံများသို့ နိုဝင်ဘာလ ၂၇ ရက် ကြာသာပတေးနေတွင် ကြွရောက်မည်ဖြစ်သည်။
ခြောက်ရက်ကြာမည့် ရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်၊ ကြာ သပတေးနေ့မှ ဒီဇင်ဘာလ ၂ ရက်၊ အင်္ဂါနေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။
Council of Nicaea နီဆီးယားကောင်စီ၏ နှစ် (၁,၇၀၀) ပြည့် နှစ်ပတ်လည်အတွက် အစ်ဇ်နစ်ခ် (İznik) ၌ ရပ်နားခြင်းလည်း ပါဝင်မည့် အဆိုပါ အရှေ့အလယ်ပိုင်း နှစ်နိုင်ငံသို့ သူ၏ ပထမဆုံးသော တမန်တော် ခရီးစဉ်နှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက သူယူဆောင်လာမည့် သတင်းစကားသည် ငြိမ်းချမ်း ရေး နှင့် မျှော်လင့်ချက်ဖြစ်ကြောင်း၊ အထူးသဖြင့် ယခုလို မျှော်လင့်ချက် ဂျူဘလီ (Jubilee of Hope) အချိန် တွင် ပို၍အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။
“လူအများအားလုံးကို နှုတ်ဆက်ခွင့်ရရင် ကျွန်တော် အလွန်ပျော်ရွှင်မိမှာပါ” ဟု သူက ထပ်လောင်း ပြော ကြားခဲ့သည်။ ခရီးစဉ်သည် ဤနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန် စိတ်ကူးထားခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပြုခဲ့သည်။
Fr. Peter Kyi Maung

