

ဖာသာရ် Peter ကြည်မောင်(မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာနာ) (၃၃)ကြိမ်မြောက်သာမန်ကာလ မြောက်သာမန်ကာလ ကြာသပတေးနေ့ ၂၁၊ ၁၁၊ ၂၀၂၅
21.Nov 2025
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရသော ရှင်လုကာ ၁၉:၄၅-၄၈ မှာ သခင်ခရစ်တော်က ငါ၏အိမ်တော်သည်ဆုတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟုကျမ်းစာတော်မြတ်၌ရေးထားလျက်ရှိတယ်။ သို့သော်သင်တို့သည်သူခိုးဓားပြခိုအောင်းသောနေရာဖြစ်စေကြဟုသူတို့အားမိန့်တော်မူ၏။ ကျမ်းစာရဲ့ဒုတိယအပိုင်းမှာတော့ရဟန်းအကြီးအကဲများနှင့်ကျမ်တပ်ဆရာများ၊ လူတို့ခေါင်းဆောင်တို့သည်ကိုယ်တော့်ကိုသတ်ရန်အခွင့်အလမ်းရှာကြ၏။
ဒီကနေ့ကျမ်းစာရဲ့ပထမပိုင်းလေးမှာ သခင်ခရစ်တော်ဗိမာန်တော်ကိုသန့်ရှင်းရေးလုပ်တဲ့အကြောင်း၊ ကျမ်းတတ်ဆရာတွေရဟန်းအကြီးအကဲးတွေကသခင်ခရစ်တော်ကိုစိတ်ဆိုးခဲ့ကြတယ်။ သူတို့ဘာလို့စိတ်ဆိုးကြတာလဲ။ ဒီဗိမာန်တော်ထဲမှာ ပူဇော်ရာယစ်ကောင်တွေရောင်းခြင်း၊ ဗိမာန်တော်အလှူငွေကောက်ခံခြင်း၊ ငွေလဲလည်ခြင်းသည်၊ ဒီလုပ်ငန်းတွေကနေတဲ့ရဟန်းကြီးကဲ့သို့ ဝင်ငွေကောင်းနေခဲ့ကြတယ်။
သူတို့ရဲ့စီးပွားရေးကိုထိခိုက်လာတဲ့အခါ မက်ဆီးရာသခင်၊ ဘုရားသားတော်၊ ပရောဖက် ၊ ရောဂါဝေဒနာကုသပေးသူ၊ လူတွေကိုဘုရားထံလမ်းပြပေးသူ၊ ကယ်တင်ခြင်းပေးသူတွေ၊ ဒီပုဂ္ဂိုလ်ကိုဖျက်ဆီးပစ်ဖို့ကြိုးစားကြတယ်။
သို့သော်လည်းအမှန်တရားကိုလွယ်လွယ်နဲ့ဖျက်ဆီးလို့မရဘူး။ သခင်ခရစ်တော်ကို လေးစားစွာနားထောင်ကြတဲ့လူတွေအများကြီးရှိသောကြောင့်၊ သခင်ခရစ်တော်ကိုရန်ပြုရန်သူတို့တတွေအခွင့်အလမ်းမရခဲ့ကြဘူး။
ကျနော်တို့လောကလူသားတွေလည်းအဲ့လိုပါပဲ၊ မိမိစီးပွားရေးကိုထိခိုက်လာပြီဆိုလျှင်၊ ဘုရားကိုလည်းလက်မခံနိုင်ဘူး၊ အမှန်တရားကိုလည်းလက်မခံနိုင်ဘူး၊ တရားမျှတမှုကိုလည်းလက်မခံနိုင်ဘူး၊ မိမိစီးပွားဥစ္စာကိုထိခိုက်လာသူကို ဖျက်ဆီးပြစ်ခြင်ကြတယ်။။
မိမိစီးပွားဥစ္စာနဲ့ ဘုရားကိုရွေးပါဆိုလျှင် မိမိစီးပွားဥစ္စာကိုသာရွေးတတ်ကြတယ်။ ဘုရားလုပ်ပေးခဲ့တဲ့၊ အသက်ရှင်ခြင်းကျေးဇူးတော် ကျန်းမာယဉ်ကျေးဇူးတော်၊ အသိပညာ၊ ပါရမီကျေးဇူးတော်တွေအားလုံးကိုမေးလျော်သွားကြတယ်။
မိမိဥစ္စာပစ္စည်းနဲ့ပတ်သက်လာလျှင်၊ အမှန်တရားလည်းလာမပြောနဲ့။ တရားမျှတမှုလည်းလာမပြောနဲ့။ ချစ်ခြင်းမေတ္တာလည်းလာမပြောနဲ့။ ကိုယ်ချင်းစာတရားလည်းလာမပြောနဲ့။ အားလုံးကိုရန်သူလိုပြန်ပြီးတုန်ပြန်တတ်ကြတာ ကျွန်တော်တို့လူသားတွေရဲ့သဘာဝပါပဲ။
ဓမ္မမိတ်ဆွေရောဘယ်လိုစိတ်နေစိတ်ထားမျိုးရှိနေလဲ။ သင်၏ဥစ္စာပစ္စည်းကိုထိခိုက်လာလျှင်ဘုရားကိုအမှန်တရားကိုယ်ချင်းစာတရားကိုတရားမျှတခြင်းကိုစွန့်ပစ်မည်ပုဂ္ဂိုလ်လား။ မိမိကိုယ်တိုင်စဉ်းစားဆင်ခြင်ပါ။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။။

