
ရဟန်းမင်းကြီးလီယို (၁၄) ဆင်းရဲနွမ်းပါးသူများနှင့်အတူနေ့လည်စာအတူသုံးဆောင်။

ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမထဲ၌ဖြစ်ပါသည်။ အီတလီတောင်ပိုင်း၊ နေပယ်နယ်သား တို့၏မြူး ကြွရွှင်ပြနေသောတီးလုံးများကြားနေရပါသည်။ ခမ်းမကြီးအတွင်း၌လည်းဧည့်သည်တော် (၁၃၀၀) တို့ ၏ရယ်မောသံ၊ စကားပြောသံတသောသောနှင့်ပြည့်လျှံကာအသက်၀င်နေပါသည်။ ထိုဧည့်သည်တော် ကြီးများမှာဧ၀ံဂေလိကျမ်းစာထဲမှယေဇူးသခင်၏သွန်သင်ချက်အတိုင်းဆင်းရဲနွမ်းပါးသူ၊ ချို့တဲ့သူ၊ အခြေအ နေမဲ့သူ၊ စွန့်ပစ်ခံရသူ၊ မေ့လျော့ခံထားရသူ၊ ဖယ်ကြင်ခံထားရသူများဖြင့်ကြသည်။ ဤသူတို့ သည်ရဟန်းမင်း ကြီးလေအို (၁၄) နှင့်အတူနေ့လယ်စာသုံးဆောင်ရန် ဖိတ်ကြားခံထားရသူ များဖြစ်ကြ သည်။
နေ့လယ်စာအတွက်တည်ခင်းသောအစားအစာများမှာလွန်စွာရိုးရှင်းပါသည်။ အသားဖြင့်မ ဟုတ်ဘဲ ဟင်းသီးဟင်းရွက်ဖြင့်ပြုလုပ်ထားသောအီတလီအစားအစာလာဆားညှာ (lasagna)၊ ပါးပါးလျှလျှ လှီးထားသောအသားချပ်များ၊နေပယ်ဒေသထွက်သောအသီးအနှံများနှင့်အချိုတည်းရန်ကိက်မုန့်တို့ဖြင့်အ ကုန်အကျနည်းပြီး၊ အရသာလည်းရှိ၊ အာဟာရလည်းဖြစ်သောပုံစံမျိုးကိုပြင်ဆင်ထားသည်။
ထိုခမ်းမထဲ၌ပြင်ဆင်ထားသောစားပွဲတစ်ခု၌ ချစ်ခြင်း၏သာသနာပြုအသင်းမှလူငယ်တစ်ဦး သည်ရင် ခွင့်ပိုက်ကလေးတစ်ဦးအားဗူးဖြင့်အာဟာရတိုက်ကျွေးနေသည်။ သူစားရန်ယူထားသောလာဆား ညှာ ပူပူနွေးနွေးပင်လျှင်အေးစပြုနေပြီ။ သို့သော်ဂရုမစိုက်နိုင်အားပေ။
ရဟန်းမင်းကြီးသည်မွန်းတည့်ဆုတောင်း ‘အန်ဂျေလုစ်’ ဆုတောင်းပြီးနောက် အဆိုပါခမ်းမ ကြီးထဲ သို့ ကြွလာပြီး သူ့အားအသင့်စောင့်နေသောဧည့်သည်များနှင့်အတူနေ့လည်စာသုံးဆောင်ခဲ့သည်။ ‘၀မ်း သာ ကျေနပ်မှုများစွာဖြင့်ကျွန်ုပ်တို့သည်ယနေ့ နေ့လည်စာသုံးဆောင်ရန်ဤနေရာ၌ရောက်ရှိနေခြင်းဖြစ် သည်။ ဤအစီအစဉ်ဖြစ်မြောက်ရန်ပျံလွန်သွားပြီဖြစ်သောရဟန်းမင်းကြီးဖရန်စစ်အလွန်ဆန္ဒရှိခဲ့သည်။ သူ့ အားအမှတ်ရသည့်အနေဖြင့်လက်ခုပ်ဩဘာတီး၍ဂုဏ်ပြုလိုက်ပါစို့’ ဟုအခမ်းမထဲရောက် လာ သည်နှင့်ရ ဟန်းမင်းကြီးကမိန့်ကြားလိုက်ရာ ဧည့်သည်တော်များအားလုံးလည်းခမ်းညံသွားအောင် လက် ခုပ်တီးဂုဏ်ပြု ခဲ့ကြသည်။
ဆက်လက်၍ရဟန်းမင်းကြီးကဤနေ့လယ်စာကိုတည်ခင်းလှူဒါန်းပေးသော စိန့်ဗင်းဆင်းဒီ ပေါလ် အသင်း၀င်များကိုအထူးကျေးဇူးတင်ကြောင်း၊ ရဟန်းမင်းကြီးသည်စားသောက်ဖွယ်ရာများကိုကောင်း ချီးပေးနေစဉ်ကမ္ဘာပေါ်၌စားရမဲ့၊ သောက်ရမဲ့အခြေအနေမျိုးနှင့်ကြုံတွေ့နေရသူများကိုသတိရသွားပြီး၊ အ ကြမ်းဖက်ခြင်း၊ စစ်ပွဲနှင့်စားရေရိက္ခာမရှိဖြစ်နေသောကမ္ဘာပေါ်ရှိလူသားများ အတွက်ကိုလည်း သတိရဆု တောင်းမျှေ၀ပေးခဲ့သည်။
နေ့လယ်စာတည်ခင်းထားသောခမ်းမကြီးသည် လူသားများနှင့်ပြည့်လျှံနေသည်။ ခမ်းမ၏ ထောင့် တိုင်း ၌ဗင်းဆင်းအသင်း၀င်လုပ်အားပေးသူများဖြင့်ပြည့်နေသည်။ ယခုကဲ့သို့နေ့လယ်စာလှူဒါန်း ကျွေးမွေး ရခြင်းမှာ ၄င်းတို့၏အသင်းကိုတည်ထောင်သူ၏နှစ်ပေါင်း (၄၀၀) နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသော အား ဖြင့်ဖြစ်သည်။ သူတို့သည်ရွှင်ပြုံးလန်းဆန်းစွာဖြင့်လိုအပ်သည်များကိုကူညီလုပ်ဆောင်ပေးနေကြသည်။ ဧည့်သည်များအတွက်ကျန်းမာရေးအတွက်အခြေခံလိုအပ်သည့်အရာများနှင့်မကြာမီခရစ္စမတ်လည်းရောက်လာတော့မည်ဖြစ်၍အီတလီနိုင်ငံ၏ခရစ္စမတ်ကိတ် ‘panettone’ အသေးတစ်လုံးကိုလည်း ထည့်၍အသင့် ပြင်ဆင်ထားပေးသည်။
ကြွရောက်လာကြသောဧည့်သည်များသည်ရောမမြို့တွင်းမြို့ပြင်ဆင်ခြေဖုံးရပ်ကွက်တို့မှ လည်းပါ သည်။ဧည့်သည်များထဲ၌ နိုင်ဂျီးရီးယား၊ ယူကရိန်းကျူးဘား၊ ဘာစီလိုးနားတို့မှလည်းပါကြသည်။ မာသာရ်ထရေးဇာ၏သီလရှင်များဖြစ်ကြသောချစ်ခြင်း၏သာသနာပြုသီလရှင်များသည် ကလေး မိခင် များစွာ ကိုရောမ၏ဆင်ခြေဖုံးမှခေါ်လာခဲ့သည်။ ၄င်းတို့သည်လပ်တလော၌အဆင်မပြေ ဘဲဒုက္ခ ရောက်နေ၍ခိုလှုံနေ ကြသူများဖြစ်သည်။ စားပွဲတစ်ခု၌ရင်ခွင့်ပိုက်မိခင်တစ်ဦးသည် သူ၏ကလေးကို နို့တိုက်နေသည်။ သူ၏မျက် နှာပြင်၌အားနည်းနေသကဲ့သို့လော ကဓံကြောင့်ပင်ပမ်းနွမ်း လျှနေဟန် ပေါ်နေသည်။
အချို့သည်အလုပ်လက်မဲ့ဖြစ်နေကြသည်။ သို့သော်မိမိတို့၏ဂုဏ်သိက္ခာကိုမူအဆုံးရှုံးမခံဘဲ ထိန်းသိမ်း ထားသည်။ အခြားစားပွဲတစ်ခု၌အီတလီတောင်ပိုင်းမှအမျိုးသမီးတစ်ဦးသည်အရည်အချင်းမပြည့် ဟု ဆိုကာအလုပ်လက်မဲ့ဖြစ်သွားခဲ့သည်။ သူသည်ကော်ဖီဆိုင်တစ်ခု၌အလုပ်လုပ်ခဲ့သည်။ လက်ရှိ၌ သူသည် အသက် (၆၀) ပြည့်ပြီဖြစ်သည်။ သူ့အနေဖြင့်အကောင်းဆုံးလုပ်ခဲ့သည်။ ယခုအလုပ် လက်မဲ့ ဖြစ်နေရသည် မှာယနေ့ခေတ်ကာလ၌လုံး၀မလွယ်ပေ။ သို့သော်ဂုဏ်သိက္ခာရှိရှိနေထိုင်သည်။ မည်သည့် အခြေအနေ၌ဖြစ် စေအပြုံးဖြင့်ကျော်ဖြတ်ရန်ကြိုးစားရသည်ဟုသူ၏ဒုက္ခကိုရင်ဖွင့်သွားခဲ့သည်။
သူ့ဘ၀၏အခက်ခဲသည်အခြားသူများစွာ၏ဘ၀ကိုထင်ဟပ်ပေါ်လွင်စေသည်။ စီးပွားရေး ကပ်ကြောင့် စက်ရုံ၊ အလုပ်ရုံများဆက်လက်မလှည်ပတ်နိုင်သောအခါ ပိတ်သိမ်းလိုက်ရသည်။ ၀န်ထမ်းများ ကိုလည်းအလုပ်ဖြုတ်လိုက်ကြရသည်။အချို့သက်ကြီးမိဘများကွယ်လွန်သွား၍စောင့်ရှောက်မည့်သူများကို ဌားရမ်းထားရန်မလိုအပ်တော့၍လည်းအလုပ်လက်မဲ့ဖြစ်သွားသူများလည်းရှိသည်။ သို့သော် အခြေအနေအ မျိုးမျိုး၌မျှော်လင့်ချက်သည်သူဟာနှင့်သူထွက်ပေါ်လာသည်။ အာစီးစီမြို့ရှိဖရန် စ္စစကင် ဒုက္ခသည်ဂေဟာ၌ ကူညီပေးနေသောသူတစ်ဦးက ဘ၀၏အနစ်သာရကားသူတစ်ပါးကိုကူညီ ပေးရန် ဖြစ်သည်။ ဆင်းရဲသောသူ တို့ကိုကူညီပေးခြင်းသည်ဧ၀ံဂေလိတရားကိုအမှန်တကယ်အသက် သွင်း လိုက်ခြင်းဖြစ်သည်ဟုသက်သေခံပြောကြားသည်။
ယုံကြည်ခြင်းသည်ကျွန်ုပ်တို့အားရှေ့ဆက်လျှောက်ရန်တွန်းအားပေးသည်။ အခြာစားပွဲတစ် ခု၌လည်း အီတလီစကားပြောတတ်သည့် ဆိုမာလီးယားမှအမျိုးသမီးတစ်ဦးကလည်းသူ၏ယုံကြည်ခြင်းခရီး ရှည် ကြီးအကြောင်းကိုရောမလေယူလေတိမ်းဖြင့်ပြောပြရှာသည်။ သူရောမသို့အသက် (၁၂) နှစ်ကရောက်ရှိ လာခဲ့သည်။ သီလရှင်များ၏စောင့်ရှောက်မှုအောက်၌နေထိုင်ခဲ့သည်။ (၂၀၁၀) ၌ရဟန်းမင်း ကြီး ဘေနေ ဒစ် (၁၆) မှသူ့ အားဆေးကြောခြင်းမဂ်လာပေးခဲ့ကြောင်း၊ လက်ရှိ၌သူ့အနေဖြင့် အလွန်ဆိုးရွားပြင်း ထန် သော ရောဂါကိုခံစားနေရကြောင်း၊ သို့သော်အကောင်းဆုံးလက္ခံ၍ပျော်ပျော်ရွှင်ရွှင်၊ ရယ်ရယ် မော မောဖြင့်ဖြတ် သန်းကြောင်း၊ ဆက်လက်၍အလုပ်လုပ်လိုကြောင်းကိုရင်ဖွင့်သွားသည်။
သူ၏အနီး၌လည်း ယူကရိန်းနိုင်ငံ Lviv မြို့မှအမျိုးသမီးတစ်ယောက်လည်း သူ၏တစ်၀မ်းကွဲ သည်ယူ ကရိန်းစစ်ပွဲ၏ရှေ့တန်းစစ်မျက်နှာပြင်၌စစ်တိုက်နေကြောင်း၊ မည်သို့ပင်ဖြစ်စေကျွန်ုပ်တို့အနေဖြင့် ဆက်လက်ရှင်သန်ရမည်။ ဘာမျှမတတ်နိုင်ပါ။ သူ့အနေဖြင့်သူ၏နိုင်ငံနှင့်မွေးရပ်မြေသို့ပြန်ခွင့်ရှိမည်၊ မရှိ မည်ကိုမသိ။
ပန်းချီပညာရှင်တစ်ဦးဖြစ်သော Francesco Cardillo (သူ၏အနုပညာအမည်မှာ Vardel ဖြစ်သည်။) သည် Gaeta မှဖြစ်သည်။ သူသည်အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏လက်ချက်ကြောင့်အိမ်အပိုင်သိမ်း ခံလိုက်ရသည်။ သူ့အနေဖြင့်ရဟန်းမင်းကြီးအတွက်ပန်းချီကားတစ်ချပ်ကိုဆွဲပေးချင်သည်။ သူသည် ရဟန်း မင်းကြီးပေါလ် (၆) ခမ်းမထဲသို့ရဟန်းမင်းကြီးဖရန်သက်ရှိထင်ရှားရှိစဉ် ကတစ်ကြိမ်ရောက် ဖူးခဲ့သည်။ ယခုရ ဟန်းမင်းကြီးအသစ်နှစ်ထပ်မံဆုံဆည်းရသည်ဟုသူ၏ဆန္ဒနှင့် သူ၏ပီတိကိုပြော ပြရှာ သည်။
အဖွဲ့အစည်းအတွင်းအကူအညီရအောင်ရှာဖွေရမည်။ ခမ်းမကြီးထဲ၌ကင်းထောက်အဖွဲ့၊ ချစ် ခြင်းမေတ္တာ သာသနာပြုအသင်း၏လုပ်အားပေးများ၊ သူတော်စင်များ၊ သာမန်ဘာသာတူများဖြင့်ပြည့်နေ သည်။ လူ့အသိုင်းအ၀ိုင်းအတွင်း၌အန္တာရယ်စက်ကွင်းထဲ၌နေထိုင်နေကြရသူများကိုအတတ်နိုင်ဆုံးကူညီပေး ကြသည်။
ရဟန်းမင်းကြီး၏စားပွဲ၌မူ အမျိုးသမီးကြီးတစ်ဦးသည် ‘Pinocchio ’ ရုပ်စုံစာအုပ်တစ်အုပ် ကိုရဟန်း မင်းကြီးအားလက်ဆောင်ပေးရွယ်နေသည်။ ထိုအနီး၌အခြားသောအမျိုးသားတစ်ဦးလည်းရှိနေ သည်။ သူသည် Côte d’Ivoire မှဖြစ်ပြီး၊ ကက်သလစ်ဘာသာတူမဟုတ်ပေ။ သူ့အနေဖြင့်ကက်သလစ်မ ဟုတ်သော်လည်းအရေးမကြီးကြောင်း၊ သူ့အနေဖြင့်ဤနေရာလာရခြင်းသည်လွန်စွာပျော်ရွှင်ကျေနပ်ရ ကြောင်း၊ မိမိ၏အိမ်ကဲ့သို့ခံစားရကြောင်းရင်ဖွင့်သွားခဲ့သည်။
ခပ်လှမ်းလှမ်းစားပွဲတစ်ခု၌လည်း ပီရူးနိုင်ငံ၊ Chiclayo မြို့မှအမျိုးသမီးတစ်ဦးလည်းသူအ သို့ရုန်း ကန် နေကြောင်းကိုပြောပြလာသည်။ သူသည်မုဆိုးမဖြစ်သည်။ သူ၏မိခင်အို၊ သမီးနှင့်နေထိုင်နေ ကြောင်း၊ သူသည်ဆေးကုသမှုကိုခံယူနေရကြောင်း၊ နိုင်ငံတော်ကစီစဉ်ပေးမည့်အိမ်ရာကိုစောင့်နေခဲ့သည်မှာ နှစ် ပေါင်းများစွာကြာပြီဖြစ်ကြောင်း၊ ယခုအခါရရှိတော့မည့်စာရင်းထဲပါလာပြီဖြစ်ကြောင်း၊ အလုပ်ဖြစ် လိမ့် မည်ဟုမျှော်လင့်ကြောင်း၊ ယုံကြည်ခြင်းသည်သူတို့အားကူညီကြောင်း၊ ယေဇူးသခင်ကြောင့် သာအသက်ရှင် သန်နေရကြောင်း၊ စိတ်ကောင်းနှလုံးကောင်းရှိသောလူသားများ လူ့အသိုင်းအ၀ိုင်း၌ရှိ နေသေး၍ ဘုရားသခင် အားကျေးဇူးတင်ပါသည်။
နေ့လယ်စာသုံးဆောင်ပြီးသောအခါ ရဟန်းမင်းကြီးကထ၍နေပယ်ဒေသထွက်အသီးများကို ယူ၍အချို တည်းခဲ့သည်။ အသီးအချို့ကိုအိမ်သို့ပြန်ယူသွားရန်နှင့်လက်ဆောင်ထုပ်များကိုလည်းခမ်းမအ ထွက်၌ရ အောင်ယူသွားရန်မိန့်ကြားခဲ့သည်။

