
ဆူဒန်အလယ်ပိုင်းတွင် အကြမ်းဖက်မှုများ တိုးမြှင့်လာသဖြင့် ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်း ရှောင်နေရ။

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အာရ်အက်စ်အက်ဖ် (RSF) တို့အကြား ကိုရ်ဒိုဖန် (Kordofan) အလယ်ပိုင်း ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် လူပေါင်း ထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။ ဤပဋိပက္ခသည် ယခင်ကပင် ၁၄ သန်းကို နေရပ် စွန့်ခွာစေပြီး၊ ခန့်မှန်းခြေအားဖြင့် ၁၂၀,၀၀၀ ခန့် သေဆုံးခဲ့ရသည့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
ဆူဒန်စစ်တပ်နှင့် လက်နက်ကိုင် Rapid Support Forces (RSF) တို့အကြား ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ခန့်မှန်းခြေ လူ ၁၄ သန်း၏ ဆင်းရဲဒုက္ခများအပြင်၊ အကြမ်း ဖက်မှုများ တိုးလာသောကြောင့် ထောင်ပေါင်းများစွာသော လူများသည် ဤရက်သတ္တပတ်ကုန်တွင် ၎င်းတို့၏ နေအိမ်များကို ထပ်မံစွန့်ခွာထွက်ပြေးခဲ့ကြရသည်။
ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့သူ အိုမာ အယ်လ်-ဘာရှာ (Omar al-Bashir) ကို ဖြုတ်ချပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် အာရ်အက်စ်အက်ဖ် (RSF) တို့ အာဏာလုရန် စတင်တိုက် ခိုက်ခဲ့သည့် ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ လူပေါင်း ၁၂၀,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ခန့်မှန်းရပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရ်အက်စ်အက်ဖ် (RSF) က အယ်လ် ဖက်ရှာ (El Fasher) မြို့ကို သိမ်းပိုက်ပြီးနောက် မြောက်ပိုင်း ဒါဖူ (Darfur) တွင် အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် ကြောက် မက်ဖွယ်ရာ ရက်စက်မှုများနှင့် စစ်ရာဇ၀တ်မှုများဆိုင်ရာ သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း၊ ပြီးခဲ့သည့် သုံးရက်အတွင်း ဆူဒန်အလယ်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လူ ၂,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း မျက်မြင်သက်သေများနှင့် ကုလသမဂ္ဂ အရာရှိများက ဖော်ပြခဲ့ထားပါသည်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေး အဖွဲ့အစည်း (International Organisation for Migration) ၏ အဆိုအရ၊ နေရပ်စွန့်ခွာရသူများသည် သောကြာနေ့မှ တနင်္ဂနွေနေ့အကြား မြောက် ကိုရ်ဒိုဖန် (North Kordofan) ပြည်နယ်ရှိ ဘာရာ (Bara) ဒေသမှ မြို့နယ်နှင့် ကျေးရွာများစွာမှ ထွက်ပြေး လာကြသူများဖြစ်ကြပြီး။ ကိုရ်ဒိုဖန် (Kordofan) သည် အနောက် ဒါဖူ (Darfur) ဒေသနှင့်အတူ မကြာ သေးမီက ပဋိပက္ခ၏ ဗဟိုချက်များထဲမှ တစ်ခု ဖြစ်လာခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဆူဒန်ရှိ အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ပြီး၊ ချက်ချင်း အပစ်အခတ် ရပ်စဲရန်၊ ပါတီများအကြား ဆွေးနွေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ ဖွင့်လှစ်ရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အထောက်အပံ့ပေးရန် တောင်းဆို ပေးခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများက အရှေ့မြောက် အာဖရိကနိုင်ငံရှိ ဤအရေးပေါ် အခြေအနေကို ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဖော်ပြကြပြီး၊ လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများအပြင် နိုင်ငံ၏ ဒေသများစွာတွင် ငတ်မွတ် ခေါင်းပါးမှုက သန်းနှင့်ချီသော လူများကို ခြိမ်းခြောက်နေကြောင်းလဲ သတိပေးထားကြောင်း။ AP and other news agencies အချက်အလက်များကို ကိုးကား၍ ဗာတီကန် သတင်း ဌာနက ဖေါ်ပြထား ပါသည်။
Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

