
တံတားတည်ဆောက်သူများဖြစ်ကြပါဟုရဟန်းမင်းကြီးတိုက်တွန်း။

ပေါင်းစည်းသူများဖြစ်ရန်ယေဇူးသခင် သင်တို့အားဖိတ်ခေါ်သည်။ တံတားတည်ဆောက်သူ များဖြစ်ကြ ပါ။ အကွဲကွဲအပြားပြားဖြစ်နေသော၊ သံသယများကြားရှင်သန်နေသောကမ္ဘာကြီးအားယုံကြည်မှုကို ကြဲ သူများဖြစ်ကြပါ။ သင်တို့ခရစ်ယာန်ဖြစ်သည်ကိုပြသရန်၊ ဧ၀ံဂေလိတရား၊ ဧ၀ံဂေလိအသက်တာကို တက်ကြွစွာရှင်သန်ရန်၊ယေဇူးသခင်နှင့်တွေ့ဆုံခြင်းမှရသေ၀မ်းမြောက်ခြင်းကိုအခြားသူများအားဝေမျှရန် မကြောက်ကြနှင့်။ သင်တို့သည်တစ်ဦးတည်းထီးထီးကြီးမဟုတ်။ ကလေးတို့သည်မိဘတို့၏ချစ်ခြင်း၊ ဂရု စိုက်မှု၊ ခွင့်လွှတ်ခြင်း၊ အားပေးခြင်းကိုအမြဲခံရသကဲ့သို့ ဘုရားသခင်သည်လည်းကျွန်ုပ်တို့ကို ထို့ အတူပင်လုပ် ဆောင်ပေးလျှက်ရှိပါသည်။
ရဟန်းမင်းကြီးသည် လာမည့်နို၀င်ဘာ (၂၃) ရက်နေ့၌ကမ္ဘာတစ်၀ှမ်းရှိဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် အသီးသီး ၌ကျင်းပမည့် (၄၀) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့၌သူကိုယ်တိုင်မိန့်ကြားထားသောသတင်းစ ကားကို ကိုးကား၍ ပျော်ရွှင်၀မ်းမြောက်ခြင်းကိုသက်သေခံသူများဖြစ်ကြပါ။ ခရစ္စတူးသခင်၏အလင်းတန်း ကို သင်တို့မိသားစု၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် သင်တို့ တိုး၀င် ရှင် သန်နေသောအသိုင်းအ၀ိုင်းသို့သယ်ဆောင်သွားကြပါ။ သို့မှသာလျှင်နုနယ်ပျိုမျှစ်သော သာသနာ ၏ငယ်ရုပ် ကိုဥရောပအလယ်ပိုင်းတခွင်သို့ထွန်းလင်းနိုင်ပေမည်။ အသက်သစ်၏အရင်းအမြစ် ဖြစ် သောဥရော ပတခွင်၌သင်တို့ဘိုးဘေးတို့၏ယုံကြည်ခြင်းသည်ယနေ့ထိတိုင် ဆက်လက်ရှင်သန် နေသည် ကိုအသိရှိပါ။
(ရဟန်းမင်းကြီးသည်ဆလိုဗက်ကီးယားနိုင်ငံမှလူငယ်များအားဗွီဒီယိုဩ၀ါဒမြွတ်ကြားစဉ်) ကယ်သီဒရယ် သည်ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း၏နှလုံးသာဖြစ်သည်။ လူငယ်များယခုကဲ့သို့စုရုံးနိုင်ခြင်း သည် စည်းလုံးခြင်း၏လက္ခဏာ၊ ညီအစ်ကိုရင်းချာစိတ်နှင့်ငြိမ်းချမ်းရေးကိုပြသနေခြင်းဖြစ်သည်။ ယေဇူးသ ခင်၏ချစ်ခြင်း၌ကျွန်ုပ်တို့ပေါင်းစည်းနေခြင်းသည်ဤစိတ်ကိုကျွန်ုပ်တို့၏စိတ်ထဲ၌ဆက်လက်ရှင်သန်စွဲမြဲနေ စေသည်။
ရဟန်းမင်းကြီးသည်ဤဗွီဒီယိုဖိုင်လ်ဩ၀ါဒကိုဆလိုဗက်ကီးယားနိုင်ငံ၊ Košice ဂိုဏ်းချုပ်သာ သနာမှ စိန့်ဧလိဇဘက်ကယ်သီဒရယ်၌စုရုံးနေကြသောလူငယ်များအား နို၀င်ဘာလ (၈) ရက်နေ့၊ စနေနေ့က မြွတ်ကြားခဲ့သည်။
ဤလူငယ်များသည် Košice ဂိုဏ်းချုပ်သာသနာ၌လူငယ်ဂျူဘီလီကျင်းပရန်စုရုံးရောက်ရှိနေ ခြင်းဖြစ် သည်။ လူငယ်ဂျူဘီလီမစ္ဆားကို သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်၊ ဆလိုဗက်ကီးယား ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သော ဆရာတော် Bernard Bober နှင့်ရဟန်း မင်းကြီး၏ကိုယ်စားလှယ် ဂိုးဏ်းချုပ်ဆရာတော် Nicola Girasoli တို့မှဦးဆောင်ပူဇော်ခဲ့ကြသည်။
ဂျူဘီလီပွဲတော်အခမ်းအနားကို ဆလိုဗက်ကီးယားကက်သလစ်လူငယ်၊ Godzone၊ (၂၀၂၃) ပေါ်တူဂီ နိုင်ငံ၊ လစ္စဘွန်ကမ္ဘာလူငယ်များနေ့၌လည်းတီးခတ်တင်ဆက်ခဲ့သော ဒီဂျေဖာသာရ် Guilherme Peixhoto (၈ီလဲရ်မီ ပေရိုးတို)တို့၏တင်ဆက်ဖျော်ဖြေမှုများဖြင့်အဆုံးသတ်ခဲ့သည်။ နောက်ဆုံး၌ အားလုံးကိုအမိမယ်တော်၏ မှိုင်းမခြင်း၌အပ်နှံ၍ရဟန်းမင်းကြီး၏ကောင်းချီးဖြင့်အဆုံး သတ်ခဲ့ သည်။
Fr. Clement Ate

