
အီရတ်နိုင်ငံအတွက်ရဟန်းမင်းကြီးကိုယ်စားလှယ်အသစ်ခန့်အပ်စေလွှတ်။
ရဟန်းမင်းကြီးလီယို (၁၄) သည် အောက်တိုဘာလ (၂၆)၊ တနဂ်နွေနေ့ညနေပိုင်း၌ ဖာသာရ် Mirosław Stanisław Wachowski အားဆရာတော်သိက္ခာထပ်သည့်မစ္ဆားတရားကိုဦးဆောင် ပူဇော်ခဲ့သည်။ အဆိုပါဆရာတော်သည် ယခုအခါ ဂိုဏ်းချုပ်ဆရာတော်အဖြစ်အီရတ်နိုင်ငံအတွက်ရဟန်း မင်းကြီး ကိုယ်စားလှယ် (papal nuncio) အဖြစ်အမှုတော်ထမ်းရန်စေလွှတ်ခံရမည်ဖြစ်သည်။
မျှော်လင့်ခြင်းကိုဆက်လက်ပြုစုစောင့်ရှောက်ရန်၊ အတူတကွယှဉ်တွဲနေထိုင် နိုင်ရန်ကို တိုးမြှင့်လုပ် ဆောင်ကာကွယ်ရန်၊ ဗာတီကန်၏မှု၀ါဒမှာဧ၀ံဂေလိကျမ်းစာမှပေါက်ဖွားလာပြီး၊ ဆု တောင်းခြင်းဖြင့် အစဉ်တိုးပွားစေရမည်ကိုအစဉ်မျက်မှောက်ပြုရန်၊ အီရတ်သည်ဒုက္ခဝေဒပေါင်းသောင်း ခြောက်ထောင် နှင့်ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းနေရသောနိုင်ငံတစ်ခုဖြစ်သကဲ့သို့ အရာရာကိုအသစ်တဖန်ပြန် လည်မွေး ဖွားလာစေရန်ကြိုးစားရုန်းကန်နေကြောင်း၊ သို့သော်ခရစ်ယာန်ယုံကြည်ခြင်းအမွေအနှစ်ကြွယ်၀ သော နိုင်ငံတစ်ခုဖြစ်သော်လည်း အကြမ်းဖက်သည့်မီးတောက်မှာယနေ့ထိမငြိမ်းသတ်နိုင်သေးသောနိုင်ငံဖြစ် ကြောင်းကိုသတိရှိရန်မိန့်ကြားခဲ့သည်။
ဂိုဏ်းချုပ်ဆရာတော်ကြီး၏သိုးထိန်းဆောင်ပုဒ်မှာ ‘Gloria Deo Pax Hominibus’ (လူသား တို့၏ငြိမ် သက်ခြင်းဖြစ်သောဘုရားသခင်အားဘုန်းတော်ဂုဏ်တော်ရှိပါစေ) ဟုဖြစ်သည်။ အဓိကရည်ရွယ် သည် မှာလူ့အသက်တာကိုကာကွယ်စောင့်ရှောက်မည့်အစီအစဉ်ပင်ဖြစ်သည်။ ဘုရားသခင်၏ဘုန်းတော် ဂုဏ်တော်ကိုငြိမ်းသက်ခြင်း၌ထွန်းလင်းစေရန်ဖြစ်သည်။
ရဟန်းမင်းကြီးက နှိမ့်ချခြင်းသည် ဆရာတော်တစ်ပါး၏ပထမဦးဆုံးသောပါရမီဖြစ်ကြောင်း၊ ဗိမာန် တော်သို့သွား၍နှိမ့်ချစွာဆုတောင်းခဲ့သောအခွန်ခံသူကဲ့သို့မိမိ၏အဖြစ်၊ မိမိအပြစ်ကိုသိရှိ၀န်ခံရမည် ဖြစ်ကြောင်း၊ သိုးထိန်း၏နှိမ့်ချခြင်းသည် မိမိသည်အစေခံဖြစ်သည်။ သခင်မဟုတ်ဟူသည့်တရား အသိ မှစီး ထွက်လာခြင်းဖြစ်ကြောင်းမီးမောင်းထိုးပြမိန့်ကြားခဲ့သည်။
ယခုဂိုဏ်းချုပ်ဆရာတော်ဖြစ်သွားသူသည် ပိုလန်နိုင်ငံမှအခြေခံလူတန်းစားမိသားစုမှဖြစ် သည်။ ထို့ ကြောင့်ရဟန်းမင်းကြီးက ဆရာတော်တစ်ပါး၏အမှုတော်အသက်တာကိုလယ်သမားတစ်ဦးနှင့် ခိုင်းနှိုင်း ပြထားသည်။ မျိုးအောင်၍အထွက်တိုးကောင်းစေရန်မှာစိတ်ရှည်လက်ရှည်ပြင်ဆင်ထွန်ယှက်ရ ကြောင်း၊ စည်းစနစ်ကျနရကြောင်း၊ ထို့နောက်အပင်သန်၍အထွက်တိုးကောင်းမည်ဟုမျှော်လင့်ချက်ဖြင့် စောင့်စားရကြောင်း၊ ဆရာတော်၏အသက်တာသည်အစောင့်တစ်ဦးဖြစ်ကြောင်း၊ ပိုင်ရှင်မဟုတ် ကြောင်း၊ ဆုတောင်းခြင်းနှင့်ရှင်သန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ ဥစ္စာများပိုင်ဆိုင်သူ မဟုတ်ကြောင်း ယှဉ်ပြတရားချခဲ့ သည်။
ဂိုဏ်းချုပ်ဆရာတော်သည် ယခုမှဆရာတော်ဖြစ်လာခဲ့သော်လည်း ယခင်နှစ်များ၌ရဟန်း မင်းကြီး ကိုယ်စားလှယ်များ၏အတွင်းရေးမှူးအဖြစ် ဆီနီးဂေါ၊ ပိုလန်၊ ဗီယင်နာနိုင်ငံများ၌အမှုထမ်းခဲ့သည့်အ တွေ့အကြုံကောင်းများ၊ ဗာတီကန်အတွင်းရေးမှူး၏အကူအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည့် သစ္စာရှိ သောငယ်သားကောင်းနှယ်စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက်ရဟန်းမင်းကြီးကချီးကျူးခဲ့သည်။
ယခုရဟန်းမင်း ကြီးကိုယ်စားလှယ်အမှုတော်သည် ဒဏ်ရာဒဏ်ချက်များ၊ အနာတရများစွာဖြင့် ပြည့် နက်ခံစားနေရသောဒေ သအား သိုးထိန်းဖခင်အဖြစ်လည်းကောင်း၊ မျှော်လင့်ခြင်းကိုသက်သေခံသူ အဖြစ်လည်းကောင်းရှင်သန်ကု စားပေးရမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်ဟုဆိုရာ၌ သာသနာတော်ကြီးသည် ဒုက္ခကြုံ တွေ့ခံစားနေရသူများနှင့်အတူနီးကပ်စွာရှိနေကြောင်း၊ နှစ်သိမ့်ပေးနေ ကြောင်း၊ ပေါင်းကူးဆက်နွယ်ပေး နေကြောင်း၊ မိမိ၏အရေးကိုသာရပ်တည်ကာကွယ်ခြင်းမဟုတ်ဘဲ ဖြစ်နိုင်ချေအရှိဆုံးသောအခြေအနေဖြင့် ပေါင်းစည်းရန်အစေခံခြင်းဖြစ်ကြောင်း၊ အီရတ်နိုင်ငံ၌မိုး ဇက်၏ထုံးများကိုစောင့်ထိန်းနေကြသော Chaldean၊ Syriac၊ Armenian၊ Greek၊ Latin ၀ိနည်းများကိုကျင့်သုံးသောခရစ်ယာန်များရှိ၍ ရဟန်းမင်း ကြီးကိုယ်စားလှယ်အနေဖြင့်၄င်းတို့ကြားပေါင်းစည်း နိုင် ရေးကိုတိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။
ဆက်လက်၍တမန်တော်သောမတ်စ်နှင့်သူ၏သားတပည့်များဖြစ်ကြသော Addai၊ Mari တို့ ကချန်လှပ် ထားခဲ့သောအမွေအနစ်များဖြစ်သည်ခရစ်ယာန်များသည် များမကြာမီဆယ်စုနှစ်ကအကြမ်းဖက် ခံခဲ့ရ သော်လည်းမပျောက်မပျက်၊ ယုံကြည်ခြင်းကိုမစွန့်ဘဲဆက်လက်ဆုပ်ကိုင်ရှင်သန်နေခဲ့သည်ကိုလည်းအ မှတ်ရမည်။
ထိုဘာသာရေးအစွန်းရောက်တို့၏အကြမ်းဖက်မှုကြောင့်မိမိတို့၏ယုံကြည်ခြင်းကိုမငြင်းပယ်ဘဲ ရဲ၀ံ့စွာ သက်သေခံကာအသေခံခဲ့ကြသောဓမ္မအာဇာနည်တို့သည် သင့်အတွက်၊ အီရတ်အတွက်၊ ကမ္ဘာ့ငြိမ်း ချမ်းရေးအတွက်ဆုတောင်းပေးနေကြမည်။
နောက်ဆုံးနိဂုံးအနေဖြင့်ရဟန်းမင်းကြီးကရဟန်းမင်းကြီးကိုယ်စားလှယ်သစ်အားအီရတ်ရှိ ပြည်သူ များ သည်သင့်အပြောအဆိုထက်သင့်၏ချစ်ခြင်းမေတ္တာကြောင့်သင့်ကိုပို၍အမှတ်ရပေမည်။
ရဟန်းမင်းကြီးသည် ရဟန်းမင်းကြီးကိုယ်စားလှယ်အမှုတော်ကိုထမ်းဆောင်မည့်ဂိုဏ်းချုပ် ဆရာတော် ၏အမှုတော်ကောင်းမွန်ထိရောက်စွာထမ်းဆောင်နိုင်ရန်ငြိမ်သက်ခြင်း၏မယ်နှင့်မယ်ဆိုပိုတေးမီးယားဒေသမှရဟန္တာသူတော်သူမြတ်များအားလုံး၏ကြား၀င်ဆုတောင်းပေးခြင်းကိုတောင်းခံအပ်နှံပေးထားသည်။
ဂိုဏ်းချုပ်ဆရာတော်သစ်သည် (၁၉၇၀) ပိုလန်နိုင်ငံ၌မွေးဖွားခဲ့ပြီး၊ (၁၉၉၆) ၌ရဟန်းသိက္ခာ ထပ်ခဲ့ သည်။ ၄င်းနောက် ဗာတီကန်၏သံတမန်ကျောင်းတော်ကြီးသို့ (၂၀၀၄) ခုနှစ်တွင်ရောက်ရှိပညာသင် ကြားခဲ့သည်။ ပညာသင်ကြားပြီးနောက် (၂၀၁၉) တွင်နိုင်ငံတကာဆိုင်ရာရုံးတော်၏လက်အောက်၌အမှု တော်ထမ်းဆောင်ခဲ့သည်။ သူသည်ဘာသာစကား (၅) မျိုးကိုပြောဆိုနိုင်သည်။ များမကြာမီအီရတ် နိုင်ငံအ တွက်ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ်အမှုတော်ထမ်းဆောင်တော့မည်ဖြစ်သည်။ သူ၏အမှု တော်ထိ ရောက်အောင်မြင်ဘေးကင်းစေရန်၀ိုင်း၀န်းဆုတောင်းပေးကြပါစို့။
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

