
ဘာသာတူများအားလုံးသာသနာပြုတနင်္ဂနွေနေ့၌ ပါ၀င်ကြရန်ရဟန်းမင်းကြီးတိုက်တွန်း။

ကမ္ဘာ့သာသနာပြုနေ့ကိုနှစ်စဉ်အောက်တိုဘာလဒုတိယနောက်ဆုံးပတ်၌ကျင်းပလေ့ရှိ သည်။ ယခုနှစ်၌ မူ အောက်တိုဘာလ (၁၉) ရက်နေ့၌ကျရောက်သည်။ ယခုနှစ်ကမ္ဘာ့သာသနာပြုနေ့၏ဦး တည်ချက်မှာ ‘လူမျိုးများကြားမှမျှော်လင့်ခြင်း၏သာသနာပြုများ’ ဟုဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာ တစ်၀ှမ်း၌ သာသနာပြုနေသောသာသနာပြုများနှင့်ပူးပေါင်းလှုပ်ရှားခြင်း၊ တမန်တော်လုပ်ငန်းများ၌အသီးအ ပွင့်ပို မိုထွက်ရှိလာရန်၀ိုင်း၀န်းဆုတောင်းပေးကြသည်။
ရဟန်းမင်းကြီးက ကမ္ဘာ့သာသနာပြုနေ့၏အစီအစဉ်များ၌ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာ သာတူများ အနေဖြင့်ပါ၀င်ကြရန်၊ ပီရူး၌ဘုန်းကြီးအဖြစ်လည်းကောင်း၊ ဆရာတော်အဖြစ်လည်းကောင်း သာသနာ ပြုနေစဉ်က ကမ္ဘာ့သာသနာပြုများနေ့၏လှုပ်ရှားမှုအစီအစဉ်များသည် ဘာသာတူအဖွဲ့အစည်းတစ်ခု လုံးကိုပြောင်းလဲပေးသည်ကိုသတိထားမိခဲ့ကြောင်း၊ ထို့ကြောင့်ရဟန်းမင်းကြီးအနေဖြင့် လာမည့်ကမ္ဘာ့ သာ သနာပြုတနင်္ဂနွေနေ့၌မည်သို့သောအစီအစဉ်များထည့်သွင်းလုပ်ဆောင်နိုင်ရန် ကျောင်းထိုင်များ အားလမ်း ညွှန်းထားသည်မှာသင်တို့၏ဆုတောင်း၊ အကူအညီများသည် ဧ၀ံဂေလိတရားတော် ပြန့်ပွှား ရေး၊ တမန်တော် လုပ်ငန်းများအတွက်ထောက်ပံ့ကူညီကြရန်၊ သာသနာပြုစိတ်ဓာတ်များမွေးဖွားလာ အောင်ဘုရားစကားတန်း များ၌ပြုစုပျိုးထောင်ရန်၊ အသင်းအဖွဲ့သစ်များတည်ထောင်ကြရန်၊ မိမိတို့၏ သာသနာနယ်အတွင်းရှိကျွန်ုပ် တို့၏ညီအစ်ကိုမောင်နှမများအားကျန်းမာရေး၊ ပညာရေးအကူအညီ များကိုပေးကြရန်ရဟန်းမင်းကြီးက ဗွီဒီယိုဖိုင်လ်မှတဆင့်ကမ္ဘာသို့သတင်းစကားပါးထားပါသည်။
နှစ်စဉ်အောက်တိုဘာလသည် စိတ်ပုတီးလဖြစ်သည်ကိုမူ ကက်သလစ်ဘာသာတူအတော် များများ ကသိကြသည်။ အဘယ်ကြောင့်ဆိုသော် အောက်တိုဘာ (၇) ရက်နေ့၌လည်း အမိသာသနာတော် ကြီးသည် စိတ်ပုတီးသခင်မ၏ပွဲနေ့ကိုကျင်းပသောကြောင့်လည်းဖြစ်ပါသည်။
သို့သော် အောက်တိုဘာလသည် သာသနာပြုသူတို့အတွက်အထူးဆုတောင်းပေးရသော သာ သနာပြု လဖြစ်သည်ကိုမူ သိသူမရှိမဟုတ်သော်လည်းသိသူများနည်းကြသည်။ အဘယ်ကြောင့်သာသနာပြု လဟုသတ်မှတ်ရသနည်းဟုမူ နှစ်စဉ်အောက်တိုဘာလ (၁) ရက်နေ့ကသာသနာမှအမှတ်ရကျင်းပသော ပွဲနေ့ ရှင်ဖြစ်သည့် သူငယ်တော်ယေဇူး၏စိန့်ထရေးဇာအားဂုဏ်ပြုထားသောကြောင့်ဖြစ်သည်။ သူငယ် တော်ယေ ဇူး၏စိန့်ထရေးဇာသည် ကာလ်မဲလိုက်ရသေ့သီလရှင်အသင်း၀င်သူတော်စင် တစ်ပါးဖြစ် သည်။
သူသက်ရှိ ထင်ရှားရှိစဉ်ကသာသနာပြုတစ်ပါးလွန်စွာဖြစ်ချင်ခဲ့သည်။ သို့သော်သူသည်ကျန်းမာရေး ချူချာသူတစ်ဦးဖြစ် ၍ရေခြား၊ မြေခြားသို့ခရီးနှင်ရန်မှာမည်သို့မျှမဖြစ်နိုင်၍ သူ၏စိတ်ကူးကို အကောင် အထည်မဖော်နိုင်ခဲ့ပေ။ သို့သော်သူသည်အားမလျော့ခဲ့။ ရသေ့သီလရှင်တစ်ပါးအဖြစ်နှိမ့်ချစွာ ရှင်သန် ရင်း ရသေ့ကျောင်း၀င်းအတွင်း နေ့စဉ်ဆောင်ရွက်ရသည့်၀တ္တရားကြီးငယ်များကို စိတ်ပါကိုယ်ရောက် ရွှင်လန်းတက်ကြွစွာဆက်ကပ်လုပ်ဆောင်ရင်းသာသနာပြုများအတွက်ရည်ရွယ်ပူဇော်ပေးခဲ့သူဖြစ်သည်။ ထက်သန်လှသောသူ၏သာသနာပြု လိုစိတ်၊ သာသနာပြုများအတွက်စိတ်အားထက်သန်စွာ ဆုတောင်းမေတ္တာပို့သခြင်း၊ ဆက်ကပ်လုပ်ဆောင် ခြင်းများကြောင့် သူ့အားသာသနာပြုတို့ကို မှိုင်းမ သောရဟန္တာမအဖြစ်ဂုဏ်ပြုခြင်းဖြစ်သည်။
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

