သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝကဏ္ဍတိုင်းကို ပြောင်းလဲပေးသည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့ လူထုတွေဆုံခြင်း တွင် ပါစကားနက်နဲရာ နှင့်ပတ်သက်သည့် သင်ကြားပို့ချမှုကို ဆက်လက်ပြုလုပ်ရင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်း၌ရှိသော နှိမ့်ချမှု ကိုတောက်ရှုဝေမျှခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့ လူထုတွေဆုံခြင်းတွင် ယုံကြည်သူများကို သခင်ခရစ်တော်သည် သေခြင်းမှ ထမြောက်သော အခါ၊ သိကြားတမန်များ ဝိုင်းရံလျက်၊ အံ့ဖွယ်ရာများကို ပြုလုပ်လျက်၊ သို့မဟုတ် စကြာဝဠာ၏ လျှို့ဝှက် ချက်များကို ဖော်ထုတ်ရန် ကြီးကျယ်သော တရားစကားများကို ပြောကြားလျက် တပည့်တော်များထံ ပြန်ကြွလာခဲ့ခြင်း မဟုတ်ပေ။

ယင်းအစား၊ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ဥယျာဉ်မှူးတစ်ဦးအဖြစ်၊ ဧည့်သည်တစ်ဦး အဖြစ်၊ လမ်းသွားလမ်းလာတစ်ဦးအဖြစ် ရိုးရှင်းသော နှိမ့်ချမှု ဖြင့်သာမှတ်သာ ဖေါ်ပြခဲ့ ပါသည်။

ကျွန်ုပ်တို့နှင့် တပည့်တော်ကြီးများသည် “ထူးခြားသော အမြင်ကွင်းများ ၊ တန်ခိုးပါသော လက္ခဏာများ၊ သို့မဟုတ် လွှမ်းမိုးနိုင်သော သက်သေအထောက်အထားများ” ကို မျှော်လင့်နေကြသော်လည်း၊ သခင် ယေဇူးသည် “ရင်းနှီးမှု၊ ပုံမှန်ဖြစ်မှု၊ စားပွဲတစ်ခုတည်းကို မျှဝေခြင်း” ဟူသည့် ရိုးရှင်းမှုဖြင့် သာကြွလာ တော်မူသည်။

ရှင်ပြန်ထမြောက်ခြင်း၏ ဤ “အံ့အားသင့်ဖွယ်ရာ အချက်သည် “ကျွန်ုပ်တို့အတွက် အဖိုးတန်သော သတင်းစကားတစ်ခု” ကို ဆောင်ယူလာခဲ့တယ်၊ “ရှင်ပြန်ထမြောက်ခြင်းသည် အံ့သြဖွယ် ဇာတ်လမ်း လှည့်ကွက်တစ်ခု မဟုတ်ဘဲ၊ လူသားတို့၏ လုပ်ဆောင်ချက်တိုင်းကို အဓိပ္ပာယ်ပြည့်ဝစေသော တိတ်ဆိတ်သည့် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး၊ ခရစ်တော်၏ပါစကားနက်နဲရာ အချက်အားလုံး သည် အရိုးရှင်းဆုံး လူသားတို့၏ အပြုအမူများပင်လျှင်—ကျေးဇူးတော်ဖြစ်လာနိုင်ကြောင်း” ကျွန်ုပ်တို့ အား ပြသနေပါသည် ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။

သို့သော်လည်း “နေ့စဉ်ဘဝ၌ ခရစ်တော်၏ တည်ရှိမှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုခြင်းမှ တားဆီးနိုင် သည့် အတားအဆီးတစ်ခုရှိသည်- ဝမ်းမြောက်ခြင်းသည် ဒဏ်ရာများ ကင်းမဲ့ရမည်ဟူသော အထင်မှား မှု” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ဆက်လက်မိန့်ကြားသည်။

ဧမောက်စ်လမ်းပေါ်မှ တပည့်တော်များသည် မက်ဆီးယားသခင်နှင့်ပတ်သက်သော သူတို့၏ မျှော်လင့် ချက်များ စိတ်ပျက်ခဲ့ရသောအခါ ဝမ်းနည်းပူဆွေးခဲ့ကြတယ် သို့သော်လည်း သခင်ယေဇူးက ဝမ်းနည်း မှုနှင့် နာကျင်မှုများဟာ ဘုရားသခင်၏ ကတိတော်များကို ပယ်ဖျက်ခြင်း မဟုတ်ဘဲ၊ ယင်းအစား “ဘုရား သခင်က ကိုယ်တော်၏ အနက်ရှိုင်းဆုံးသောမေတ္တာတော် ကို ဖော်ပြသည့် လမ်းကြောင်းများပင်” ဖြစ် ကြောင်း နားလည်စေရန် ပုပ်ရဟန်းမင်းကြီးက ရှင်းပြပေးခဲ့ပါသည်။

သခင်ယေဇူး၏ ရှင်ပြန်ထမြောက်ခြင်းဟာ စိတ်ပျက်မှု သို့မဟုတ် အပြစ်ဖြင့် လွှမ်းမိုးထားခံ နေရသော လူတို့၏ ဘဝထဲးသို့“မျှော်လင့်ခြင်း ရောက်လာ ခြင်းပါ။“ဆိုလိုခြင်းက “မည်သည့် လဲကျမှုမျှ အဆုံးသတ် မဟုတ်၊ မည်သည့် ဘဝအမှောင်မျှ ထာဝရမတည်၊ မည်သည့် ဒဏ်ရာမျှ ထာဝရ မပြောက်ကင်းပဲနေရန် ရည်ရွယ်ခြင်း မရှိကြောင်း” ကျွန်ုပ်တို့အား သင်ကြားပေးနေသည်ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြား ပါသည်။

“ကျွန်ုပ်တို့သည် မည်မျှပင် ဝေးကွာနေသည်ဟု၊ မည်မျှပင် ပျောက်ဆုံးနေသည် သို့မဟုတ် မထိုက် တန် ဟုခံစားရစေကာမူ၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မပျက်စီးနိုင်သော မေတ္တာတော်တန်ခိုးကို ငြိမ်း သတ်နိုင်သည့်အရာ မရှိပါ။”

“ကျွန်ုပ်တို့၏ ဘဝအမှောင်မိုက်ဆုံး အခိုက်အတန့်များ” ၌ပင် သခင်ယေဇူးသည် ကျွန်ုပ်တို့ထံ ကြွလာပြီး ကျွန်ုပ်တို့၏ နှလုံးသားများကို နွေးထွေးစေရန် ကိုယ်တော်နှင့်အတူ နေကြရန် ကျွန်ုပ်တို့ကို တောင်းဆို နေတယ်။

“ဒါ့ကြောင့်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှိမ့်ချပြီး နူးညံ့သိမ်မွေ့ စွာတည်ရှိ့နေမှုကို အသိအမှတ်ပြုနိုင် ရန် ကျေးဇူးတော်ကို တောင်းခံကြပါစို့”၊ “ဒုက္ခ ကင်းမဲ့သော ဘဝကို တောင်းဆိုရန် မဟုတ်၊ ဝမ်းနည်းမှု တိုင်းသည် ချစ်ခြင်းမေတ္တာဖြင့် နေထိုင်လျှင် အတူတကွပေါင်းစည်းခြင်း၏ နေရာတစ်ခု ဖြစ်လာနိုင် ကြောင်း မိမိဘဝ၌ရှာဖွေတွေ့ရှိရန် ဖြစ်တယ်။

“ထို့ကြောင့်၊ ကျွန်ုပ်တို့သည်လည်း နှလုံးသားများ ဝမ်းမြောက်ခြင်းဖြင့် တောက်လောင်လျက် ကျွန်ုပ်တို့ ၏ နေအိမ်များသို့ ပြန်သွားနိုင်ပါစေ” “ရိုးရှင်းသော ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်တို့၏ ဒဏ်ရာများကို ဖယ်ရှားပစ်ခြင်း မဟုတ်ဘဲ၊ သခင်ဘုရားသည် အသက်ရှင်လျက်ရှိသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် အတူ လျှောက်လှမ်းနေသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြန်လည်စတင်ရန် အခွင့်အရေးကို ပေး နေသည်ဟူသော အသိတရားများ လင်းလက်ကြပါစေဟု ပုပ်ရဟန်းမင်းကြီး လီယိုက နိဂုံး ချုပ်ခဲ့ပါ သည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *