
အာရှတိုက် မုန်တိုင်းဒဏ်ခံရသူများအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး။

ပုပ်ရဟန်းမင်းကြီး လီယို သည် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့၏ အစိတ်အပိုင်းများကို ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်းဖုန်းမုန်တိုင်း ဒဏ်ခံရသူများအတွက် ဆုတောင်း ပေးခဲ့ပါသည်။
ဓမ္မဆရာများ ဂျူဘလီပွဲတော် အတွက် ကျင်းပသော မစ္ဆားတရားတော် အဆုံးပိုင်း နှင့် နေ့လယ် Angelus ဆုတောင်း မရွတ်ဆိုမီ၊ ပုပ်ရဟန်းမင်းကြီး လီယိုသည် စိန့်ပီတာရင်ပြင်၌ စုဝေးရောက် ရှိနေ သော ယုံကြည်သူများအား မိန့်ကြားရာတွင် ‘အလွန်အားပြင်းသော တိုင်းဖုန်းမုန်တိုင်း’ သည် အာရှဒေသ များစွာကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ‘အထူးသဖြင့် ဖိလစ်ပိုင်၊ ထိုင်ဝမ်ကျွန်း၊ ဟောင်ကောင်မြို့၊ ကွမ်တုန်းဒေသ နှင့် ဗီယက်နမ် တို့တွင်ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း။
‘ထိခိုက်ခံစားရသူများ၊ အထူးသဖြင့် အဆင်းရဲဆုံးသောသူများအား ကျွန်ုပ်၏ နီးစပ်မှုနှင့် ဆုတောင်းပေး မှုများဖြင့် အတူရှိကြောင်း။ သေဆုံးသူများ၊ ပျောက်ဆုံးသူများ၊ နေရာရွှေ့ပြောင်းရသော မိသားစုများစွာ၊ ဆင်းရဲဒုက္ခခံရသော လူပေါင်းများစွာ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် အရပ်ဘက်အာဏာပိုင်များ အတွက်လဲ ဆုတောင်းပေးနေကြောင်း’ ပုပ်ရဟန်းမင်းကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။
‘လူတိုင်း ဘုရားသခင်ကို ယုံကြည်ကိုးစားရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်မှုကို ပြသရန် ကျွန်ုပ်တိုက် တွန်းပါသည်။ အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ရန်အတွက် သခင်ဘုရားသည် ခွန်အားနှင့် သတ္တိကို ပေးသနားတော်မူပါစေ’။
ယခုနှစ်တွင် အပြင်းထန်ဆုံးဟု ဆိုနိုင်သော ရာဂါဆာ (Ragasa) တိုင်းဖုန်းမုန်တိုင်း သည် တရုပ်ပြည် တစ်နေရာတည်းတွင် လူပေါင်း နှစ်သန်းကျော်ကို ရွှေ့ပြောင်းစေခဲ့ကြောင်း။ ကျယ်ပြန့်သော ပျက်စီးဆုံး ရှုံးမှုများ၊ ရေကြီးမှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် မြေပြိုမှုများအပြင် ဖိလစ်ပိုင်တွင် အနည်းဆုံး ၂၅ ဦး နှင့် ထိုင်ဝမ်တွင် ၁၄ ဦး သေဆုံးစေခဲ့ကြောင်း ဗာတီကန် သတင်းဌာနက ဖော်ပြထား ပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

