ဆင်းရဲသားတို့၏ ငိုကြွေးသံများကို နားထောင်ပေးပါ။

အားလုံးပဲ မင်္ဂလာပါ။

ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “ဆင်းရဲသားတို့၏ ငိုကြွေးသံများကို နားထောင်ပေးပါ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ထုတ်ပြန်ခဲ့သော “Laudato Si” စာချွန်တော်မှ ဒုတိယအချက်ဖြစ်တဲ့ “ဆင်းရဲသားတို့၏ ငိုကြွေးသံကို နားစွန့်ကြလော့” ဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ယနေ့ခေတ် ကျွန်ုပ်တို့ရဲ့ ကမ္ဘာဟာ အပစ်တစ်ခုကို ကျူးလွန်ဖို့ ရန်တုန့်ဆိုင်းမနေတတ်တော့ပဲ၊ မရှက်တတ်တော့ပဲ၊ လုပ်လေ့လုပ်ထရှိတဲ့အရာတစ်ခုလို လုပ်ဆောင်နေကြပြီး ဖြစ်ပါတယ်။

ကမ္ဘာ့အဖွဲ့စည်းများရဲ့ ကိုယ်ကျင့်တရား ပြတ်ပျားမှုတွေ၊ မိမိတို့ရဲ့ အကျိုးမြတ်တွက်ပဲ ကြည့်တဲ့ လုပ်ရပ်တွေဟာ အချိူးစားမညီလှတဲ့ လူဘောင်အဖွဲ့စည်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။

ထိုကဲ့သို့ သယံဇာသများ ထုတ်ယူသုံးဆွဲတဲ့အချိန်မှာ လက်ဝါးကြီးအုပ်စိုးမှုတွေ ရှိလာပြီး၊ ကမ္ဘာကြီးရဲ့ ငိုကြွေးသံဟာ ဆင်းရဲသားများရဲ့ ငိုကြွေးသံတွေဖြစ်လာခဲ့ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝကပ်ဘေးအန္တရာယ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူတွေ ရှိပေမဲ့၊ ထိုဆင်းရဲသားများ၏ အသံကိုတော့ နားထောင်တဲ့လူရှားပါးတဲ့အကြောင်းကို ဒီဗီဒီယိုလေးထဲမှာ ရှင်းပြပေးထားပါတယ်။

တင်ဆက် — ဝီလျံ ဇော်နိုင်ဦး

တည်းဖြတ် — စတီဗင်

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *