ချာလီကာ့အား စက်တင်ဘာ (၂၁၊ ၂၀၂၅) ရက်နေ့၌သဂြိုလ်ခဲ့။

စက်တင်ဘာ (၁၁၊ ၂၀၂၅) ရက်နေ့ ယူထာတက္ကသိုလ်ကျောင်းထဲ၌ ကျောင်းသူကျောင်းသား များနှင့် ဟော ပြောပွဲနှင့်အမေးအဖြေပြုလုပ်နေစဉ် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ပစ်ခတ်ခြင်းကြောင့် အသက် ဆုံးရှုံးခဲ့ရသော ချာလီကာ့အား စက်တင်ဘာ (၂၁၊ ၂၀၂၅) ရက်နေ့၌သဂြိုလ်ခဲ့သည်။ သူ့အားလူချင်း ဖြစ်စေ၊ သူ၏ဟောပြောပွဲများမှဖြစ်စေ၊ မီဒီယာများမှဖြစ်စေသိကျွမ်းသော ကမ္ဘာတစ်၀ှမ်းမှသူ၏ ပရိ တ်သတ် များသည် ၄င်းတို့လေးစားရ၊ အားကျရသူအားနောက်ဆုံးဂါရ၀ပြုနှုတ်ဆက်ကြတော့မည်။

သူ့အားခေါင်း ဆောင်တစ်ဦးအနေဖြင့်သာဂုဏ်ပြုနေကြ၊ နှမျောတသနေကြခြင်းမဟုတ်။ သူ၏ဘာသာ ရေးခံယူချက်နှင့် ယုံကြည်ခြင်းအတွက်လည်းဖြစ်သည်။ သူ၏ဘာသာရေးခံယူချက်၊ အယူ၀ါဒများသည် မတူညီမှုကိုငြင်းခုံအ နိုင်ယူရန်သက်သက်မျှမဟုတ်ပေ။ သူယုံကြည်သည်ကိုလက်တွေ့ကျင့်ကြံ ရှင်သန် သည်။ ဟောပြောထုတ် ဖော်သည်။ သူ၏လုပ်ကြံခံရခြင်းသည် လူထောင်ပေါင်းများစွာအား ဆုတောင်း ခြင်းကိုပြန်လည်ပြုရန်၊ ဘုရား ကျောင်းပြန်တက်ရန်၊ ဘုရားသခင်ကိုမိမိတို့၏ဘ၀၌ပိုင်ဆိုင်ထားရန် စသောအသိတရားများကိုပြန်လည် မွေးဖွားလာစေသည်ဟုလည်းခံစားနေကြသည်။

သူ၏စျာပန အခမ်းအနားသည် သူ၏ရုပ်ကလပ်ရှိသည့်နေ ရာ၌ကျင်းပနေမည်ဖြစ်သော်လည်း သူ့အား လေးစားအားကျသောနိုင်ငံ၊ ‌ဒေသအသီးသီးမှပရိတ်သတ်တို့၏စိတ် နှလုံး၌ကား ခံစားချက်တူညီစွာ စုစည်းမိနေကြမည်။ ၀မ်းနည်းကြေကွဲဖွယ်အခြေအနေမျိုး၌ပင် ယုံကြည်ခြင်း သည်အသက်ထက်ပို၍ သန်မာအားကောင်းနေကြောင်း၊ မျှော်လင့်ခြင်းသည် မည်သို့မျှပျောက်ဆုံးသွားမည်မ ဟုတ်ကြောင်းကို သူ၏အသက်တာသည်ဖော်ပြနေပါသည်။

Fr. Clement Ate

(Shalom World News)

Website: rvamyanmar.org

#rvamyanmar#CharlieKirk#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *