မှန်ကန်တဲ့ ဘဝနေထိုင်နည်းကို ပြောင်းလဲဖို့ နောက်ကျတဲ့အချိန်မှ သိမြင်တတ်လာကြတယ်။

ဒီနေ့မှာ အိမ်ထောင်ရှင် အမျိုးသမီးတွေများသောအားဖြင့် မှန်ကန်တဲ့ ဘဝနေထိုင်နည်းကို ပြောင်းလဲဖို့ နောက်ကျတဲ့အချိန်မှ သိမြင်တတ်လာကြတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားမှာဖြစ်ပါ တယ်။

            အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ မိမိကိုယ်မိမိ လုပ်ပိုင်ခွင့် မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ ပြီးပြည့်စုံတဲ့ အမှန်အကန်ဘဝတွေကို ဒီ Mindset ကနေ ဦးဆောင်ပြီး အောင်မြင်တဲ့ အိမ်ထောင်ရှင် အမျိုးသမီးဘဝကို ရောက်တာပါ။

            ဒါကြောင့် မိမိရဲ့ အနာဂတ် ဘဝအတွက် အခုတင်ပြမဲ့အကြောင်းအရာတွေကို သင်ခန်းစာ သဖွယ် သင်ယူရင်ဖြင့် အချိန်မနောက်ကျသေးဘူးလို့ ပြောချင်ပါတယ်။

            များသောအားဖြင့် ကျွန်မတို့ အမျိုးသမီးတွေက ကိုယ့်မိသားစုအတွက် ပထမနေရာမှာ ထားပြီး လိုလေသေးမရှိအောင်၊ မလစ်ဟာအောင် လုပ်ဆောင်ပေးတတ်တဲ့ အမူအကျင့်တွေရှိတတ် ကြပါတယ်။ ဆုံးခန်းတိုင်ထိ မိမိမှာ တာဝန်တွေရှိတယ်ဆိုပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ အင်အား တွေကို အိပ်သွန်ဖာမှောက် လုပ်ပေးလေ့ရှိကြတယ်။ ဒုတိယအတွေးဆိုတာ မရှိကြဘူး။

            တကယ်တမ်း မိမိရဲ့ ရှိသမျှအင်အားတွေကို ဒီမိသားစုကို ဘာမှထပ်ပြီး မလိုအောင် ဖြည့်ဆည်းပေးတဲ့အခါမှာ ပင်ပမ်းလွန်းအားကြီးပြီး ထပ်ပြီးလုပ်ဆောင်ပေးရမဲ့အခါ လျော့လာပါ တော့တယ်။ အခုလို အင်အားတွေ လျော့ကျလာတဲ့အခါမှာ စိတ်ရှည်မှုက သိပ်မရှိတော့ဘူး။ မိမိကိုယ် မိမိ ငြီးငွေ့စရာကောင်းလာပြီး စိတ်ကုန်တဲ့ စကားတွေစပြီးပြောလာပါတယ်။ မိသားစုကို အစွမ်းကုန် မလုပ်ပေးနိုင်တော့ဘူးဆိုတာ ကိုယ်တိုင်သိလာတယ်။ မိသားစုအပေါ်မှာ တာဝန်သိစိတ်တွေနဲ့ လုပ်နေတာပေမယ့် တက်တက်ကြွကြွ မလုပ်ပေးနိုင်တော့ဘူး။ ချစ်ခြင်းမေတ္တာမပါလို့လဲမဟုတ်ပေမဲ့ ဒီလိုဖြစ်ရတာ ဘယ်အကြောင်းအရာကစတာလဲအပေါ် ခံစားချက်ကို အပြည့်အဝထည့်ပြီး မလုပ်ပေး နိုင်လာတာတွေက ရုပ်ပိုင်းဆိုင်ရာမှာ၊ စိတ်ထဲမှာ စိတ်လှုပ်ရှားမှုက ထိခိုက်လွယ်လာတယ်။

            မိမိက မိသားစုကို အပြည့်အဝပြုစုစောင့်ရှောက်ချင်ပေမယ့် အခုလို ခံစားလာရပြီး ဒါကို ဘယ်လိုပြန်လည်ကောင်းမွန်လာအောင် မိမိကိုယ်မိမိ Fit သင့်လျော်အောင် ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာ စဉ်းစားရတော့မယ်။

            မိမိသားစုလုပ်ဆောင်ပေးနိုင်ဖို့ မိမိကိုယ်ကို take care အရင်ဆုံလုပ်ရတော့မယ်။ မိမိကိုယ် မိမိ self-care က အရာအုပ်လုံးထက် အခြေခံအုတ်ဖြစ်ဖြစ်တယ်။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့  သဘောမဟုတ်ဘူးဆိုတာ နားလည်ရပါမယ်။ မိမိကိုယ်ကို မိမိက ပြန်ပေးဆပ်ရတော့မယ်။ စိတ်ရှည် ပေးရတော့မယ်။ မိမိကိုယ်ကို မိမိက ပြန်ပေးဆပ်ရတော့မယ်။ ပိုကြင်နာပေးရတော့မယ်။ ပြန်ပေး ဆပ်ရတော့မယ် ရုပ်ပိုင်းဆိုင်ရာကို အထိအခိုက်မရှိအောင် စိတ်ဝိညာဉ်ကိုပါ တစ်ပါတည်း စောင့်ရှောက်ရတော့မယ်။

            မိမိကိုယ်မိမိ စောင့်ရှောက်တဲ့အခါမှာ မိမိသားစုကို သေချာအောင် မလုပ်ပေးနိုင်တာ မဟုတ် ပေမယ့် မိမိရဲ့ ခွန်အားတွေပြန်လည်ရရှိလာမယ်။ ပတ်ဝန်းကျင်ကိုလည်း ပြန်ပြီး care လုပ်နိုင်လာ ပါတယ်။ မိမိရဲ့ ကျန်းမာတဲ့ နေထိုင်နည်းတွေက ပတ်ဝန်းကျင်ကိုလည်း စံပြသဖွယ် ဖြစ်လာစေပါ လိမ့်မယ်။

            မိမိရဲ့ ကျန်းမာရေါ်အတွက် အင်အားတွေထပ်ဖြည့်မယ် မိမိရဲ့ အတွေးအခေါ်တွေ ဉာဏ်ရည် ဉာဏ်သွေးတွေ မိမိရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို ဆန်းစစ်ပြီး care လုပ်တာက မိမိရဲ့ ဂုဏ်သိက္ခာကိုလည်း လေးစားစရာရောက်စေပါတယ်။ မိမိဘာသာသိမြင်လာတယ်။ ပြီးတော့ relationship ကိုလည်း ပိုပြီး တိုးတက်ကောင်းမွန်ပြီးပြည့်စုံလာစေပါတယ်။ မိမိဘဝကလည်း အခုလို မိမိကိုယ်မိမိ ဦးစားပေးလာတဲ့အခါမှာ  မိမိရဲ့ ခွန်အားတွေ ပျော်ရွှင်မှုတွေ အရည်အသွေးတွေ တိုးတက်လာပြီး မိမိသားစုအတွက် အချိန်မရွေး လုပ်ဆောင်လာနိုင်တာတွေက မိမိကိုယ်တိုင် အံ့အား သင့်လာစေပါတယ်။ ဒါတွေက မိမိကိုယ်ကို ဂရုစိုက်ပေးတာက တစ်ကိုယ်ကောင်းဆန်မှု ကင်းတဲ့ လုပ်ရပ်တစ်ခုပါ။ မိမိရဲ့ မိသားစုကို အကောင်းဆုံး ပြုစုစောင့်ရှောက်လာနိုင်မယ်။ မိမိရဲ့ နေစဉ်အလုပ် တွေ မိမိရဲ့ဘဝ ပိုပြီး တိုးတက်လာမယ်။

            ဥပမာလေးတစ်ခုနဲ့ ပြောရရင် ဖန်ခွက်တစ်ခုမှာ ဘာမှ မရှိရင် ဘာမှ သွန်းလောင်းပေးနိုင်မှာ မဟုတ်သလို၊ မိမိမှာ ခွန်အားတွေ ဉာဏ်အားတွေဘာမှ မရှိရင် မိသားစုကို ဘယ်လိုပေးဆပ်နိုင်မှာလဲ

            မိမိက မိသားစုအတွက် ရှိသမျှကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားတွေနဲ့ ပေးဆပ်လိုက်တဲ့ အခါမှာ မိမိမှာ နောက်ထပ်ပေးဆပ်ဖို့ရာ မကျန်တော့ပဲဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ မိသားစုက လည်း မိခင်နဲ့ မနီးစပ်ပဲ ထိတွေ့မှုနည်းသလို ခံစားရပြီး မိမိကိုယ်တိုင်ကလည်း စိတ်ဓာတ်ရော ခွန်အားတွေပါလျော့ကျသွားပါတယ်။

            ဒါကြောင့် မိမိကိုယ်ကို ပြန်ပြီးပြုစုစောင့်ရှောက်တဲ့ခါ မိမိကိုယ်တိုင် ကျေနပ်မှုရတဲ့အပြင် မိမိပတ်ဝန်းကျင် သားသမီးမိမိရဲ့ relationship ပါ ကျေနပ်မှုရစေတာပါ။ မိမိက အချိန်ယူပြီး မိမိခန္ဓာ ကိုယ်ကို အနားပေးမယ် လိုအပ်တဲ့အရာတွေကို ပြန်ဖြည့်မယ်။ ဒါဆိုရင် မိမိက လက်တွဲဖော်ကောင်း ပြန်ဖြစ်လာမယ်။ ပိုမိုကောင်းမွန်လာတဲ့ မိခင်တစ်ဦးဖြစ်လာမယ်။ ပိုပြီး စိတ်ရှည်တဲ့သူ တစ်ယောက် ဖြစ်လာမယ်။ ခွန်အားတွေလည်း ပိုရှိလာမယ်။ ပိုလည်းပျော်ရွှင်လာမယ်။ မိမိနဲ့ နီးစပ်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ပိုမိုကောင်းမွန်ဆက်ဆံတတ်လာမယ်။ မိမိရဲ့ ကောင်းတဲ့အမူအကျင့် ကောင်းတွေကို စတင်ပြလာမှာပဲဖြစ်ပါတယ်။

            ဒါကြောင့် မိမိကိုယ်မိမိ ထိန်းသိမ်းပြုစုစောင့်ရှောက်မှု self-care က မိမိဘဝကို သရုပ်ဖော် နိုင်ဖို့ အခြေခံအကျဆုံးသော ကန္တတစ်ခုဖြစ်ပါတယ်။ အဲ့ဒါက မိမိကိုယ်မိမိအားကောင်းစွာနဲ့ ပြန်ချစ် တဲ့ အချစ်ဆိုရင် မမှားပါဘူးဆိုတာ တင်ပြရင်း အဓိပ္ပါယ်ရှိတဲ့ ဇနီးကောင်း/မိခင်ကောင်း တစ်ယောက် အဖြစ် ကြိုးစားနိုင်ပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *