ရဟန်းမင်းကြီးလီယို (၁၄) ဗာတီကန်၌ကျင်းပသောမိသားစုပွဲ၌ပါ၀င်ဆင်နွှဲ။

ရဟန်းမင်းကြီးလီယို (၁၄) သည် စက်တင်ဘာ (၆)ရက်နေ့ညနေပိုင်းဗာတီကန် ၀င်းအတွင်းကျင်းပသော မိ သားစုပွဲ၌ပါ၀င်ဆင်နွှဲခဲ့သည်။ အဆိုပါပွဲကိုဆပ်ပြာရည်ဖြင့်ပြုလုပ်ထားသောရောင်စုံပူ ပေါင်းမှုတ် သည့်နေရာ၊ ကလေးများနှစ်ခြိုက်သော သူရဲစာခြောက်ရုပ်များ၊ လေထိုးလျောစီးကစားစရာများ၊

စား သောက်နိုင်သောနေရာများ၊ ကလေးများပန်းချီရေးဆွဲနိုင်သည့်နေရာ၊ရောင်စုံခြယ်ရန် ဗူးများ၊ က လေးအ ကြိုက်ကစားစရာများ၊ တိုက်ရိုက်တင်ဆက်သောမြူးဇစ်ဖျော် ဖြေရေးစသော အစီအစဉ် များကို စနစ်တကျစီစဉ်ထားပေးသည်။

ကလေးတို့၏အာရုံကိုဖမ်းစားရန်ပြုလုပ်ထားသော ကစားစရာများစွာရှိနေလင့်ကစား ကလေးတို့၏ စိတ်အာရုံကိုဖမ်းစားနိုင်ဆုံးသူမှာ ရဟန်းမင်းကြီးကိုယ်တိုင်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ကလေးငယ် ရာနှင့်ချီရှိနေသောရင်ပြင်သို့ကြွလာပြီး ကလေးများအားရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။ မိသားစုပွဲနေ့ ကိုနှစ် စဉ်ကျင်းပသည်။ ယခုနှစ်၌ မေလတွင်ကျင်းပရန်စိစဉ်ထားခဲ့သည်။ သို့သော်အားလုံးသိကြသည့်အ တိုင်း ဧပြီလမှစ၍မေလ (၈) နေ့အထိသာသနာတော်ကြီးအတွင်း၌ မျှော်လင့်မထားသောအခြေအနေများ ကြောင်း ရေးဆွဲအတည်ပြုထားခဲ့သောအစိအစဉ်များစွာကိုရွေ့ဆိုင်းခဲ့ကြရသည်။ ထိုအစီအစဉ် များအ နက် မိသားစုပွဲနေ့လည်းတစ်ခုပါသွားခဲ့သည်။

 ပွဲခင်းထဲ၌ ရာထောင်ချီသောကလေးမိဘများက ၄င်းတို့၏ကလေးများနှင့်အတူပွဲခင်းထဲ ရောက်ရှိနေ ကြသည်။ ကလေးအများပိုင်းသည် ဗာတီကန်မှကြီးမှူးစီစဉ်သော နွေရာသီသင်တန်းသို့တက် ရောက် ခဲ့သောကလေးပိုများသည်။ ရဟန်းမင်းကြီးကိုယ်တိုင်ကြွရောက်ခဲ့၍ ပျော်စရာအတိဖြစ်ခဲ့ရသည်။ ရဟန်းမင်းကြီးသည် အဆောက်အဦးမှထွက်လာသည်နှင့်မိုက်ခရိုဖုန်းကိုတောင်းယူကာ စု‌ဝေး ရောက် ရှိ နေသောကလေးထုကြီးအားနှုတ်ဆက်စကားဦးဆိုလိုက်ပါရာကလေးများကလည်းလက်ခုပ်ဩဘာများပေး၍ လည်းကောင်း၊သီချင်းများသီဆို၍လည်းကောင်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြ သည်။   ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏မိသားစု၀င်များဖြစ်ကြသည်။

ဟဲလို .. ကောင်းသောညနေခင်ပါ .. အခုလိုမိသားစုပွဲနေ့မျိုးမှာ အတူတူဆုံတွေ့ပျော်ရွှင်ရ တာဘယ် လောက်ကြည်နူးစရာကောင်းသလဲ။ ကလေးတွေကိုစုစုရုံးရုံးအခုလိုမြင်တွေ့ရတာ အရမ်းကြည်နူး ကျေ နပ်စရာကောင်းတယ်။ သင်တို့မိဘတွေသင်တို့ကိုချစ်ကြသလိုဘဲ အခုလိုအတူတကွဆုံ ဆည်းရတဲ့အ ချိန်မှာ ကျွန်တော်တို့တကယ်ဘဲတစ်ဦးကိုတစ်ဦးချစ်ကြရမယ်။ ဘာကြောင့်လဲဆိုရင်ကျွန်တော် တို့ရဲ့ နောင် တော်လည်းဖြစ်၊ကျွန်တော်တို့ရဲ့မိတ်ဆွေကောင်းလည်းဖြစ်တဲ့ယေဇူးသခင်ကြောင့် ဘုရားသ ခင်ရဲ့ မိသားစု ၀င်တွေဖြစ်လာတယ် ဟုရဟန်းမင်းကြီးကသူ၏ဗီဇအတိုင်း ဆယ်ကျော်သက်လူငယ်များ၊

ကလေးများနှင့်ရင် ခွင်ပိုက်ကလေးများအား ယဲ့ယဲ့လေးပြုံး၍နှုတ်ဆက်စကားမိန့်ကြားခဲ့သည်။

 နှလုံးကိုကျယ်လောင်စွာဖွင့်ပြီး ဒီအခိုက်အတန်းကိုအနစ်သာရရှိရှိဖြတ်သန်းကြရအောင်။ မိ သားစု၀င် ဖြစ်ရတာ၊ စည်းလုံးတာ၊ အချင်းချင်းချစ်ခင်ရင်းနှီးသိကျွမ်းရတာ၊ အတူတကွပွဲပျော်ကျင်းပကြတာ၊ အထူးသဖြင့်ဘုရားသခင်ပေးတဲ့ အသက်ရဲ့ကျေးဇူး၊ မိသားစုရှိခြင်းရဲ့ကျေးဇူးကရတဲ့ ပျော်ရွှင်ကြည်နူးမှု က ဘာနဲ့မှမလဲနိုင်ဘူး။ ထုတ်ဖော်မပြောပြနိုင်ဘူး။

မိသားစု၏ပေးဆက်အနစ်နာခံမှုနှင့်သက်သေခံမှု အားလုံးကိုကြိုဆိုပါတယ်။ဒီနွေးထွေးလှတဲ့ပျော်ပွဲ အခင်းအကျင်းအတွက်လည်းကျေးဇူးတင် ပါတယ်။ ဒီလိုသက်သေခံတဲ့အသက်တာဟာ ယနေ့ကျွန် တော်တို့ကမ္ဘာကြီးအတွက်အရမ်းကိုအ‌ရေးကြီးပါတယ်။ ဒီလိုမိဘတွေကိုယ်တိုင်သားသမီးတွေနဲ့ အတူ နီးနီးကပ်ကပ်နဲ့ပွဲကျင်းပတဲ့အစီအစဉ်မှာပါ၀င်ပေးတဲ့ သက်သေခံအသက်တာတွေအတွက် မိဘတွေကို အရမ်းကျေးဇူးတင်တယ်။ မိသားစုကိုသင်တို့ပေးဆက်အနစ် နာခံပြီးအကောင်းဆုံးလုပ်ပေးခဲ့သမျှတွေ အတွက်ကျေးဇူးတင်ပါတယ်။ တစ်ခါတစ်လေကြီးမားတဲ့ပေးဆက် အနစ်နာခံမှုတွေအားဖြင့် မိသား စုပေါင်းစည်းနိုင်ကြတယ်။ ဒီသတင်းစကားဟာ ယေဇူးသခင်ကျွန်တော်တို့အတွက်ချန်လှပ် ပေးထားခဲ့ တဲ့စိတ်ဓာတ်ဖြစ်တယ် ဟုမိန့်ကြားခဲ့သည်။

ဆုတောင်းနှုတ်ဆက်ခဲ့၊

 ရဟန်းမင်းကြီးသည် အခမ်းအနားအစီအစဉ်အစပြုရန် ကလေးများအားလုံးလည်းရွတ်ဆို ပူဇော်နိုင် သော ‘ဂုဏ်ကျေးဇူးတော်’မေတ္တာကိုအတူတကွရွတ်ဆိုပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးနှင့် အတူသူ၏ လုပ်ဖော်ဆောင်ဖက်များလည်းတက်ရောက်ခဲ့ကြသည်။ ရဟန်းမင်းကြီးသည် မိသားစုပွဲတော်၌တစ်နာရီ မျှကလေးမိဘများနှင့်ကလေး၊ လူငယ်များအားရင်းနှီးစွာပွေ့ဖက်၊ လက်ဆွဲနှုတ်ဆက်၊ ကောင်းချီးများပေး ခြင်း၊ အမှတ်တရာဓာတ်ပုံများရိုက်ခြင်းများကိုပြုလုပ်ခဲ့သည်။ ပီဇာကိုလည်းလက် ဆောင်အဖြစ် ရရှိခဲ့ သေး သည်။ ထို့နောက်ရဟန်းမင်းကြီးသည်သူသီတင်းသုံးသော ကျောင်းတိုက်သို့ပြန် လည်ကြွသွားခဲ့ သည်။ မိသားစု၀င်ဖြစ်ရခြင်း၊ ရဟန်းမင်းကြီးနှင့်အတူရှိခွင့်ရခြင်းတို့သည် လွန်စွာပျော်ရွှင်ကြည် နူးဖွယ် ဖြစ်ရပါသည်။

ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3925

Leave a Reply

Your email address will not be published. Required fields are marked *