
မသေချာမရေရာတဲ့အရာတိုင်းကိုရင်ဆိုင်ဖို့ရန် အမိမယ်တော်ထံ ဆက်ကပ်ထားဖို့ မိခင်တစ်ဦးအား ပုပ်ရဟန်း မင်း

Piazza San Pietro မဂ္ဂဇင်း၏ ၁၈ ရက်နေ့နောက်ဆုံးထုတ်ပြန်ချက်သတင်းအရ လောရာ အမည်ရှိ မိခင် တစ်ဦးက ပုပ်ရဟန်းမင်းကြီး လီယို ထံ ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး သူမ ဘဝရုန်း ကန်နေရမှုများကို ရဟန်းမင်းကြီးထံလိပ်မူ၍ စာတစ်စောင်ရေးသားပေးပို့ခဲ့ပါသည်။
ထိုအမျိုးသမီးထံသို့ ပုပ်ရဟန်းမင်းကြီး လီယိုပြန်လည် ရေးသားပေးပို့သောစာကို Piazza San Pietro မဂ္ဂဇင်းတွင်ထည့်သွင်းဖော်ပြပေးထားပါသည်။
အမိမယ်တော့အားဖြင့် မသေချာမရေရာသည့်အရာများကိုရင်ဆိုင်နိုင်သည်။
လောရာ Laura အမည်ရှိမိခင်တစ်ဦးက သူမမှာခိုင်မာသောယုံကြည်ခြင်းလည်းရှိတယ်။ သူမရဲ့အမျိုး သားကလည်းသူမကိုချစ်တယ်၊ လှပတဲ့သမီး၃ယောက်ကိုလည်း ခရစ်ယာန်ယုံကြည်ခြင်းနဲ့ ကြီးပြင်းစေ ခဲ့တယ် သို့သော်လည်းသူမမှာ နှောက်ယှက်ခြင်းတွေနဲ့လွှမ်းမိုးခံနေရမှု့ကြောင့် သူမဘဝ ဝေဝါးစွာဖြစ် နေတဲ့အတွက် ပုပ်ရဟန်းမင်းကြီးထံအကြံဉာဏ်တောင်းစားပေးပို့ခဲ့တယ်။
ပုပ်ရဟန်းမင်းကြီးလီယို၏ပြန်လည်ပေးပို့သည့်စာထဲမှာတော့ သင့်ရဲ့ယုံကြည်ခြင်းဟာ ခိုင်မာမှုကင်းမဲ့ နေသလားဟုသင်တွေ့နေမိလို့ပါ။ သင့်နှလုံးသားရဲ့အမှန်တရားနဲ့ယုံကြည်မှုအပေါ်မှာ ထားရှိတဲ့စိတ်အား ထက်သန်မှုဟာ သင်နဲ့သင့်မိသားစုအတွက် ကောင်းကြီးမင်္ဂလာတစ်ပါးပါပဲ။ အမိမယ်တော်ကိုအားကိုးပါ သင့်ရဲ့မသေချာမှုတွေကိုသင်ရင်ဆိုင်နိုင်ပါလိမ့်မယ်။
ဝိညာဉ်ရေးရာတိုးတက်မှုရဲ့အခြေခံကျသောခရစ်ယာန်တို့၏မေတ္တာပြခြင်း၊ ဘုရားရှင်ကျေးဇူး တော်နဲ့ ပေါင်းစပ်ခြင်း၊ ဘုရားရှင်အလိုတော်ကိုလုပ်ဆောင်ခြင်းတွေဟာ အမိမယ်တော်စံပြ လုပ်ခဲ့တဲ့အရာ တွေ ပါပဲဟု၊ ရဟန်းမင်းကြီး ရေးသားပေးပို့သောစာတွင် ဖော်ပြထားကြောင်း ဩဂုတ်လ ၁၈ ရက် နေ့ က ထုတ်ပြန်သော piazza San Pietro မဂ္ဂဇင်းတွင် ရေးသားဖော်ပြပေးထားပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

