
ရဟန်းမင်းကြီးလီယို (၁၄) သည်နွမ်းပါးချို့တဲ့သူများနှင့်နေ့လယ်စာသုံးဆောင်မည်။

ရဟန်းမင်းကြီးသည် လာမည့်ဩဂုတ်လာ (၁၇) ရက်၊ တနဂ်နွေနေ့၌ အာလ်ဘာနို (Albano) ဂိုဏ်းအုပ် သာသနာ၏ကြည့်ရူစောင့်ရှောက်မှုကိုခံယူနေရသောနွမ်းပါးချို့တဲ့သူများနှင့်မစ္ဆားပူဇော်မည့်အကြောင်း၊ ထိုဒေသနှင့်မလှမ်းမကမ်း၌ရှိသော ‘ဆန်တာမာရီးယာဒဲလာရိုတွန်းဒို’ (Santa Maria della Rotonda) မယ်တော်ဂူသို့လည်းသွားရောက်ဖူးမြှော်မည့်အကြောင်း၊ ရဟန်းမင်းကြီး၏မစ္ဆားပူဇော်ခြင်း၌ အဆိုပါ ဂိုဏ်းအုပ်သာသနာ၏ကရုဏာရုံး၀န်ထမ်းများလည်းပါ၀င်ပူဇော်ကြမည်ဖြစ်ကြောင်း၊ မစ္ဆားပူဇော်ချိန် မှာနံနက်ဒေသစံတော်ချိန် (၉း၃၀) ဖြစ်ကြောင်း၊ ထိုနေ့မွန်းတည့်ချိန်၌ ‘အန်ဂျေလုစ်’ မေတ္တာကိုဘာသာ တူများနှင့်အတူရွတ်ဆိုပူဇော်မည်ဖြစ်ကြောင်းဗာတီကန် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန် ခဲ့ပြီဖြစ်ပါသည်။
ထိုသတင်းထုတ်ပြန်ပြီးနောက် ဖြည့်စွက်သတင်းကိုပြီးခဲ့ သောကြာသပတေးနေ့ ကထပ်မံ ထုတ်ပြန်လာ ပါသည်။ ထို့နောက်ရဟန်းမင်းကြီးသည် ‘ဘော်ဂိုလောက်တားတိုစီ’ (Borgo Laudato Si’) ဟုအမည် ပေးထားသော သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ထားသောကြိုးဆီသို့သွားရောက် လည်ပတ် မည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ထိုနေရာ၌ပင် နွမ်းပါးချိုးတဲ့သူများနှင့်အတူနေ့လယ်စာသုံး ဆောင် မည်ဖြစ်သည်။
ရဟန်းမင်းကြီးသည် ပြီးခဲ့သော ဇူလိုင်လကလည်း ရက်သတ္တနှစ်ပတ်ကြာမျှ ထိုဒေသသို့ကြွ ရောက်ခဲ့ ပြီးနောက် ယခုတစ်ကြိမ်ထပ်မံကြွလာမည်ဖြစ်၍ဒေသခံများသည်လွန်စွာပျော်ရွှင်နေကြသည်။ ၄င်း အပြင်ချို့တဲ့နွမ်းပါးသူများနှင့်လည်းနေ့လယ်စာသုံးဆောင်မည်ဖြစ်၍ဖော်မပြနိုင်အောင်ပျော်ရွှင်နေကြကြောင်း၊ ရဟန်းမင်းကြီးသည် နွမ်းပါးချို့တဲ့သူများနှင့်တွေ့ဆုံခြင်းသည်ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဂိုဏ်းအုပ် ဆရာတော် ‘ဗီချင်းဇို ဗီးဗာ’ (Vincenzo Viva) ကပြောကြားပါသည်။
ရဟန်းမင်းကြီးနှင့်နွမ်းပါးချို့တဲ့သူများ၏နေ့လယ်စာကို ရဟန်းမင်းကြီး၏လက်အောက်ရှိ လူသားချင်း စာနာသောဌာနမှစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့သည် ထိန်းသိမ်းကြိုး၀ိုင်းကိုစောင့် ရှောက်နေ သောအဖွဲ့လည်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီးနှင့်အတူနေ့လယ်စာသုံးဆောင်မည့်သူများမှာ ဂိုဏ်း အုပ်ဆရာတော်၊ ကရုဏာရုံး၀န်ထမ်းများနှင့်သာသနာမှကြည်ရူစောင့်ရှောက်ထားသောသူများထဲမှဦးရေ (၁၀၀) ပါ၀င်သုံးဆောင်ကြမည်ဖြစ်သည်။
ရဟန်းမင်းကြီးသည် နွမ်းပါးချို့တဲ့သူများနှင့်မစ္ဆားပူဇော်မည်၊ နေ့လယ်စာသုံးဆောင်မည့်သာသနာသို့ လာမည့်ဩဂုတ်လ (၁၅) ရက်နေ့၊ အမိမယ်တော်ကောင်းကင်ဘုံသို့ဘုန်းဂုဏ်တော်နှင့်ပင့်ဆောင်ခံ ရသောပွဲတော်မစ္ဆားပူဇော်ပြီး၊ မွန်းတည့်ဆုတောင်းမေတ္တာဖြစ်သည့် ‘အန်ဂျေလုစ်’ မေတ္တာရွတ် ဆိုပူဇော် ပြီး နောက် ထိုနေ့မွန်းလွှဲပိုင်းတွင်ကြွသွားမည်ဖြစ်သည်။ ဩဂုတ်လ (၁၇) မွန်းလွှဲပိုင်းမှသာ ဗာတီကန် သို့ပြန်ကြွ သွားမည်ဖြစ်သည်။

