ရဟန်းမင်းကြီးက နေ့စဉ်ပါစကားပွဲတော်ကိုကျင်းပနိုင်ရန်အသင့်ရှိပါဟုဘုရားဖူးများအားတိုက်တွန်း။

ရဟန်းမင်းကြီးသည် ပြီးခဲ့သောပတ်ဗုဒ္ဓဟူးနေ့ကစိန့်ပီတာရင်ပြင် (ဗာတီကန်ရင်ပြင်) ၌စုရုံး ရောက်ရှိ နေသောကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများအား ယေဇူးသခင်၏ဒုက္ခခံခြင်း၊ သေခြင်းနှင့်ရှင်ပြန်ထမြောက် ခြင်းအကြောင်းနှင့်စပ်လျင်း၍ဩ၀ါဒမိန့်ကြားခဲ့သည်။ ယေဇူးသခင်၏ဒုက္ခခံခြင်း၊ သေခြင်း၊ ရှင်ပြန် ထမြောက်ခြင်းကို ‘ပါစကား၏နက်နဲရာ’ ဟုခေါ်သည်။ ရဟန်းမင်းကြီးသည် ‘ပြင်ဆင်သည်’ ဟူသော စကား လုံးကိုရွေးနုတ်၍ဟောကြားခဲ့သည်။ ထိုစကားလုံးသည်ရိုးရှင်းသည်။ သို့သော်တန်ဖိုးဖြတ် မရသောခရစ် ယာန်အသက်တာ၏လျှို၀ှက်ချက်ပါရှိနေသည်။

ချစ်ခြင်းသည်တဒင်္ဂဖြစ်ပေါ်လာသောခံစားချက်မဟုတ်။

သံမာကု၏ဧ၀ံဂေလိကျမ်းစာ၌ ပါစကားပွဲတော်ကိုပြင်ဆင်ရာတွင် တပည့်တော်ကြီး (၁၂) ပါးက ယေဇူး သခင်အားမေးခွန်းတစ်ခုကိုမေးထားသည်။ မေးသင့်လှသောမေးခွန်းလည်းဖြစ်သည်။ ထိုမေး ခွန်းကား ‘ပါစကားညစာအတွက်ဘယ်မှာပြင်ဆင်သုံးဆောင်မလဲ’ ဟုဖြစ်သည်။ ယခုကဲ့သို့မေးမြန်းရခြင်းမှာ တပည့်တော်ကြီးများအနေဖြင့် ထူးခြားမှုတစ်ခုခုဖြစ်တော့မည်ကိုသတိထားမိသည်။ ယေဇူးသခင် ပြန် လည် ဖြေကြားရာတွင်တိုက်ရိုက်မဟုတ်ဘဲ နိမိတ်ဆောင်၍ဖြေကြားခဲ့သည်။ ‘မြို့ထဲ၀င်သွားလိုက်ပါ။

ရေအိုးသယ် ထားတဲ့လူတစ်ယောက်ကိုမင်းတို့တွေ့လိမ့်မယ်။ အဲ့လူကအခန်းတစ်ခန်း အသင့်ပြင်ထား ပြီးပြီ’ ဟုဖြေကြားခဲ့သည်။ စေလွှတ်ခံရသောတပည့်တော်ကြီးတို့သည် ရေအိုးနှင့်လူကိုမသိ။ ယေဇူး သခင်သည် အချိန်မကျမီ တပည့်တော်ကြီးများအတွက်အရာရာကိုအသင့်ပြင်ထားပြီးဖြစ်သည်။ စစ်မှန် သောချစ်ခြင်းသည် ကြုံကြိုက် ၍၊ တိုက်ဆိုင်သွားခြင်း၏အကျိုးတရားမဟုတ်။ သို့သော် အသိတရားရှိ ရှိဖြင့်ရွေးချယ်ခြင်းဖြစ်သည်။ ချစ်ခြင်း သည်ပြင်ဆင်ခြင်းကိုတောင်းဆိုသည်။ ယေဇူးသခင်သည် သူခံထမ်းရမည့်ဒုက္ခလမ်းတော်ကိုခံထမ်းရန်မှာ မည်သည့်ဖိအားမျှမပါဘဲ လွတ်လပ်စွာချစ် ပြခြင်း၏ စံဖြစ်သည်။

ဤယေဇူးသခင်၏ကျင့်စဉ်သည် ကျွန်ုပ်တို့အတွက်နှစ်သိမ့်ခြင်း၏အရင်းအမြစ်ဖြစ်စေရမည်။ သူ၏ အသက်တာသည် တဒင်္ဂဖြစ်ပေါ်လာသောစိတ်ခံစားချက်ကိုတုန့်ပြန်ခြင်းမဟုတ်ဘဲ အသိ၊ သတိရှိရှိဆုံး ဖြတ်လုပ်ဆောင်ခြင်းဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်တစ်နေရာစာပြင်ဆင်ထားသည်။

ပါစကားညစာစားပွဲအတွက်အသင့်ပြင်ထားသောအထက်ခန်း၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့အား ကြိုဆိုမည့် သူရှိမည်လောဟုပင်မတွေးမိခင်၌ ဘုရားသခင်သည်နေရာတစ်ခုကိုပြင်ထားပြီဖြစ်သည်။ ထိုနေရာ၌ ဘုရားသခင်သည်ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သည်ဟုအမှတ်ရလာစေသောနေရာဖြစ်သည်။

ကျွန်ုပ်တို့တစ်ဦးစီ ထိုနေရာကိုကျွန်ုပ်တစ်ဦးစီ၏စိတ်နှလုံးထဲ၌ရှာဖွေတွေ့ရှိနိုင်ပါသည်။ ထို နေရာကို မြင်တွေ့ပြီး၊ နေရာယူရန်နှင့်ချစ်ရန်ဖြစ်သည်။ ယေဇူးသခင်သည်အလုံးစုံကိုအသင့်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း တပည့်တော်ကြီးများလုပ်ဆောင်ရမည့်အပိုင်းကိုလုပ်ဆောင်ရန်တောင်းဆိုသည်။ ဤအ ချက်သည် ကျွန်ုပ်တို့၏၀ိညာဉ်ရေးအသက်တာအတွက် အလွန်အခရာကျသောသင် ခန်းစာကို ပေးနေ သည်။ ကျေးဇူးတော်သည် ကျွန်ုပ်တို့၏လွတ်လပ်မှုကိုမပယ်ဖျက်ပေ။ နှိုးကြားလာစေသည်။

“grace does not eliminate our freedom, but rather awakens it.”

ပြင်ဆင်ခြင်းသည် ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့်မတူ။

ကျွန်ုပ်တို့လည်း ညစာစားရန်ပြင်ဆင်ရမည်။ ထိုပြင်ဆင်ခြင်းကား ဆုတောင်း၀တ်ပြုခြင်း ထက်သာ လွန် ရမည်။ မစ္ဆားတရားသည်ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၏ဗဟိုချက်မဖြစ်သည်။ မစ္ဆားတရား သည် ကျေးဇူးတင်ခြင်းအမှုဖြစ်သည်။ ထို့ကြောင့် ကျေးဇူးဆင်ခြင်းအမှုသည် ကျွန်ုပ်တို့၏ဘ၀ထဲ၌တစ်နေရာ ရှိနေရမည်။

ဤသို့နေရာပေးနိုင်ရန်မှာ နေရာမပေးဖြစ်အောင်၄င်းတို့အား (ဘုရားဖူးများ) နောက်နှေးစေ၊ ကြံ့ကြာ စေသောအခြေအနေများကိုဖယ်ရှားရမည်။ ပြင်ဆင်ရာ၌ရှုပ်ထွေးမနေစေရန် ၊ လှည့်စားမခံရစေရန်၊ ထင်ယောင်ထင်မှားဖြစ်မှုသည်အာရုံကိုနောက်စေသည်။ သို့သော်ပြင်ဆင်မှုသည် ကျွန်ုပ်တို့ကိုအစီအစဉ် ကျန စေသည်။ ယေဇူးသခင်သည် နောက်ဆုံးညစာစားပွဲအတွက်ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် သူ၏တပည့်တော်များနားမလည်ရုံသာမက၊သူ၏တပည့်တော်တစ်ပါးသည်သူ့အားသစ္စာဖောက်မည်ကိုမသိသော်လည်း ၄င်းတို့အားသင်ယူစေလိုသည်။

ကျွန်ုပ်တို့သည်လည်း ပါစကားညစာကိုပြင်ဆင်ရန်ဖိတ်ခေါ်ခံရသည်။ ဤဖိတ်ခေါ်ချက်သည် မစ္ဆား တရားအတွက်သာပြင်ဆင်ရန်မဟုတ်။ တစ်နေ့တာဖြတ်သန်းမည့်အခြေအနေများအတွက်လည်းပြင် ဆင်ရန်ဖြစ်သည်။ ဤသို့အားဖြင့်ကျွန်ုပ်တို့၏ပထမခြေလှမ်းကိုစရန်၊ သို့မဟုတ်သူတစ်ပါး ကိုနား ထောင်ရန်၊ သို့မဟုတ်အခြားသူများပြောင်းလဲလာစေရန်စောင့်ဆိုင်းခြင်းတို့ကိုဆိုလိုသည်။

ဘုရားသခင်၏ခေါ်တော်မူခြင်းကိုနာခံ၍သူနှင့် အတူပေါင်းစည်းရန် ပြင်ဆင်လိုက်သည်နှင့် ကျွန်ုပ်တို့ သည်တစ်ဦးတည်းဖြစ်မနေတော့ပေ။ ကျွန်ုပ်တို့သည်လက္ခဏာများဖြင့်၀န်းရံထားခြင်း၊ တွေ့ဆုံ ခြင်း၊ စကားလုံးများသည်ကျွန်ုပ်တို့အားနောက်ဆုံးညစာစားပွဲခင်းကျင်းပြင်ဆင်ထားသည့်အခန်းဆီသို့လမ်းညွှန်ပြလျှက်ရှိသည်။ ထိုနေရာ၌အဆုံးမရှိသည့်နက်နဲသောချစ်ခြင်းသည် ကျွန်ုပ်တို့အား ထောက်ပံ့ ပေးလျှက်ရှိပြီး၊ ကျွန်ုပ်တို့အားဦးဆောင်ပေးသည်။ စဉ်ဆက်မပြတ် ကျင်းပလျှက်ရှိသည် ဟုမိန့်ကြား ခဲ့သည်။

ဘာသာပြန်- Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *