
ရဟန်းမင်းကြီးမှဂါနာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ကြေးနန်းစာပေးပို့။

ရဟန်းမင်းကြီးမှဂါနာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ အဆိုပါကြေးနန်းစာပေး ပို့ရခြင်းမှာ ဩဂုတ်လ (၆) ရက်နေ့က စစ်တပ်ရဟပ်ယာဉ်တစ်စီးပျက်ကျခဲ့ရာလိုက်ပါသွားကြသူအားလုံးအ သက် ဆုံးရှုံးခဲ့ကြသည်။ ရဟပ်ယာဉ်ပေါ်၌လေယာဉ်မှူး (၃) ဦး၊ ခရီးသည် (၅) ဦးလိုက်ပါသွားခဲ့ကြောင်းသိရ သည်။ အဆိုပါလေယာဉ်သည် တရားမ၀င်မိုင်းတူးဖော်နေသောလုပ်ငန်းကို စီစစ်ရန် အိုဘူအာစီ (Obuasi) မြို့သို့ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ ထိုဒေသသည် တောတောင်အလွန်ထူထပ်သည်။
ရဟန်းမင်းကြီး၏ကြေးနန်းစာကို ဩဂုတ်လ (၇) ရက်နေ့ကပေးပို့ခဲ့သည်။ ကြေးနန်းစာထဲ၌ ရဟန်းမင်း ကြီးအနေဖြင့် လေယာဉ်ပျက်ကျမှု၌အသက်ဆုံးရှုံးခဲ့သောသူတို့အတွက်အထူးသတိရဆုတောင်း ပေး မည်ဖြစ်ကြောင်း၊ ထို့အတူ ပူဆွေးငိုကြွေးနေကြမည့်၄င်းတို့၏မိသားစု၊ ဆွေမျိုးသားချင်း၊ လုပ်ဖော် ဆောင်ဖက်များအတွက်လည်းဘုရားသခင်၏နှစ်သိမ့်ခြင်း ကောင်းချီးခံစားရစေရန် ဆုတောင်းပေးမည် ဖြစ် ကြောင်းမိန့်ကြားထားသည်။ ဤသို့ဖြစ်သွားခဲ့၍ ဂါနာသမ္မတအနေဖြင့် နိုင်ငံတော်၀မ်းနည်း သည့် နေ့အဖြစ် (၃) ရက်တာ၀မ်းနည်းကြောင်းပြသရန်တရား၀င်ကြေညာထားသည်။
ဘာသာပြန်- Fr. Clement Ate
News- Vatican News
Website: rvamyanmar.org


