ဒီကနေ့မှာတော့ဩဂုတ်လ၈ ရက်နေ့ရဲ့ပွဲနေ့ရှင်ဖြစ်တဲ့ ရဟန္တာဒေါမိနစ်အကြောင်းနဲ့ စိန်ဒေါမိနစ်ကို မယ်တော်သခင်မဖော်ပြခဲ့တဲ့ စိပ်ပုတီးစိပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ဆက်ပေးချင်ပါတယ်။စိန်ဒေါမိနစ်ကို ၁၁၇၀ ခုနှစ်မှာ စပိန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ရဟန်းသိက္ခါခံယူပြီးတဲ့နောက်မှာအော်စမာမြို့မှာရှိတဲ့ကက်သီဒြယ်မှာတာဝန်ချခြင်းခံခဲ့ရပါတယ်။အဲ့ဒီနေရာမှာသူဟာ စိန်ဩဂုတ်စတင်းရဲ့ ဉပဒေတွေကိုလိုက်နာကျင့်ကြံခဲ့ပါတယ်။၁၂၀၄ခုနှစ်မှာဒိန်းမတ်စ်ကို သွားတဲ့လမ်းခရီးမှာဟော်တည်ပိုင်ရှင်တဦးကိုပြောင်းလဲစေခဲ့ပါတယ်။ဒါကြောင့်ဒေါမိနစ်ဟာတရားဒေသနာဟောကြားခြင်းဟာသူ့ရဲ့စိတ်ဓာတ်တက်ကြွမှုကိုဖြစ်ပေါ်စေတဲ့အဓိကစွမ်းရည်ဖြစ်ကြောင်းသိရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာပြင်သစ်နိုင်ငံတောင်ပိုင်းမှာထွန်းကားလျက်ရှိတဲ့ဘာသာရေးဂိုဏ်းတစ်ခုကို ပြောင်းလဲစေဖို့ရန်အတွက်စေလွှတ်ခြင်းခံခဲ့ရပါတယ်။နှစ်အနည်းငယ်ကြာအောင်အပြင်းအထန်တရားဟောခြင်းတွေကြောင့်လည်းကောင်း သူရဲ့သန့်ရှင်းတဲ့ဘဝနေထိုင်မှုနဲ့ပုံသက်သေတွေကြောင့် လူအများအပြားဟာကက်သလစ်ဘာသာကိုပြန်လှည့်ယုံကြည်လာကြပါတယ်။အယူဝါဒလွဲမှားသူတွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာအောင်မြင်မှုရှိတဲ့ရသေ့တွေကို ဒေါမိနစ်က ဓားအစားဆုတောင်းမေတ္တာဖြင့်သင်တို့ကိုယ်ကိုသင်တို့လက်နက်တပ်ဆင်ပါ။ကောင်းသောအဝတ်အစားတွေအစား နှိပ်ချခြင်းကိုယူသင်ဝတ်ဆင်ပါလို့ ဟောကြားခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ရဲ့ကောင်းမွန်တဲ့ဆုံးမဩဝါဒတွေကို ဘယ်စာအုပ်ကနေလေ့လာသလဲလို့မေးတဲ့အခါမှာ သူဟာချစ်ခြင်းမေတ္တာစာအုပ်ကလွဲပြီး ဘယ်စာအုပ်ကမှမဟူတ်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ဒီလိုနဲ့ဒေါမိနစ်ဟာသူ့ရဲ့သာသနာပြုအပေါင်းအပါအနည်းငယ်နဲ့အတူ အသင်းတော်ကိုဆန့်ကျင်ပြီးလွဲမှားတဲ့အယူဝါဒတွေကို ဟောပြောနေသူတွေကို ခုခံတန်ပြန်နိုင်ဖို့ရန်အတွက် ဟောပြောသက်သေခံခြင်းကိုအလေးပေးထားတဲ့ ဒေါမိနစ်ကန်အသင်းဂိုဏ်းကို၁၂၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။သူ့ရဲ့အသင်းသားတွေဟာ မွန်မြတ်သောစာပေလေ့လာမှုနဲ့ တရားဟောပြောခြင်းတွေကိုပြုလုပ်ဆက်ကပ်ကြပါတယ်။ သူတို့အသင်းဂိုဏ်းဟာ တရားဝင်ထောက်ခံမှုကို ၁၂၁၆ ခုနှစ်မှာရရှိခဲ့ပါတယ်။စိန်ဒေါမိနစ်ကို အမိမယ်တော်မာရီယားကိုယ်တိုင်ရူပါရုံထင်ရှားပြခဲ့စဉ်ကစိပ်ပုတီးရဲ့မူရင်းအဓိပါယ်ကို ဖော်ထုတ်ပေးခဲ့ပါတယ်။ဒါကြောင့်စိပ်ပုတီးစိပ်ခြင်းရဲ့သဒ္ဒါကြည်ညိုမှုဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာထင်ရှားပေါ်ပေါက်လာခဲ့ပါတယ်။ဒါ့အပြင်စိပ်ပုတီးကိုသဒ္ဒါကြည်ညိုမှုဟာ ဉရောပတလွှာမှာပြန့်နှံသွားခဲ့ပါတယ်။

စိန်ဒေါမိနစ်ကိုမယ်တော်သခင်မဖော်ပြခဲ့တဲ့ စိပ်ပုတီးရဲ့အကျိုးကျေးဇူးတွေကတော့

စိပ်ပုတီးစိပ်ခြင်းအားဖြင့် ငါ့ကိုဝတ်ပြုသူတွေကို အထူးကျေးဇူးတော်တွေကိုချပေးမယ်

စိပ်ပုတီးစိပ်သူတွေကိုကာကွယ်မယ်

စိပ်ပုတီးစိပ်ခြင်းအားဖြင့်ငရဲမီးဒဏ်မှကာကွယ်မှာဖြစ်ပြီး အခြားအပြစ်ရှိတဲ့အခြေအနေတွေကနေ ကင်းစင်စေပါမယ်

ကောင်းသောအလေ့အကျင့်ကိုတိုးပွားစေပြီး ဝိညာဉ်အတွက်ကြွယ်ဝတဲ့သနားကရုဏာတော်ကိုရရှိစေမှာဖြစ်ပါတယ်။

စိပ်ပုတီးစိပ်ပြီးမယ်တော်သခင်မထံအပ်နှံထားတဲ့ဝိညာဉ်တွေဟာပျက်ဆီးခြင်းကို မရောက်နိုင်ပါဘူး နက်နဲလှတဲ့အချက်တွေကို စိတ်ပါဝင်စားစွာဆင်ခြင်းပြီးစိပ်ပုတီးစိပ်သူတွေဟာ မကောင်းသောသေခြင်းကနေ ကင်းဝေးမှာဖြစ်ပါတယ်။စိတ်ပါဝင်စားစွာစိပ်ပုတီးစိပ်သူတွေဟာ အသက်ရှင်နေစဉ်မှာဖြစ်စေ သေဆုံးပြီးတဲ့နောက်မှာဖြစ်စေ ဘုရားသခင်ရဲ့အသင်းတော်အောက်မှာ ကြွယ်ဝသောကျေးဇူးတော်များကို ခံစားရရှိမှာဖြစ်ပတယ်။စိပ်ပုတီးကိုယုံကြည်စွာစိပ်တဲ့သူတွေဟာ စက္ကမင်တူးမခံရပဲမကွယ်လွန်ပါဘူး။စိပ်ပုတီးစိပ်သူတွေကိုငရဲငယ်ကနေကယ်ချွတ်ပေးမှာဖြစ်ပါတယ်။ဒါ့အပြင်စိပ်ပုတီးစိပ်သူတွေဟာကောင်းကင်နိုင်ငံမှာရှိတဲ့မြင့်မြတ်တဲ့ဘုံကိုရရှိကြမှာဖြစ်ပါတယ်။စိပ်ပုတီးစိပ်ပြီးတောင်းလျောက်တဲ့ဆုကြေးဇူးတွေကိုလဲဧကန်မုချသွန်းလောင်းချပေးမှာဖြစ်ပါတယ်။စိပ်ပုတီးကိုဖြန့်ဝေသူတွေကို လိုအပ်တဲ့ဆုကျေးဇူးတွေကိုသွန်းလောင်းချပေးမှာဖြစ်ပါတယ်။စိပ်ပုတီးစိပ်သူတွေအတွက် အသက်ရှင်နေစဉ်မှာဖြစ်စေ သေဆုံးပြီးတဲ့နောက်မှာဖြစ်စေ ကောင်းကင်နိုင်ငံမှာရှိတဲ့သိကြားသူတော်သူမြတ်တို့ရဲ့ ထောက်ခံချက်ရရှိစေဖို့မယ်တော်မာရီယားရဲ့သားတော်ထံကနေ ခွင့်ပြုချက်ရယူထားပေးမှာဖြစ်ပါတယ်။စိပ်ပုတီးစိပ်သူတွေအားလုံးဟာ အမိမယ်တော်မာရီယားရဲ့ချစ်သားသမီးတွေဖြစ်ကြပြီး ယေဇူးခရစ်တော်ရဲ့ ညီအစ်ကိုမောင်နှမတွေပဲဖြစ်ကြပါတယ်။စိပ်ပုတီးကိုသဒ္ဒါကြည်ညိုခြင်းဟာဘုရားသခင်ကတိထားတဲ့ကောင်းကင်သုခချမ်းသာကိုရောက်ရှိဖို့ရန်အတွက် အမှတ်လက္ခဏာတစ်ခုဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။အဲ့ဒီနော်က ၁၂၁၇ခုနှစ် မယ်တော်သခင်မမိုးကောင်းကင်ပင့်ဆောင်ခံရခြင်းပွဲနေ့မှာ စိန်ဒေါမိနစ်ဟာဒေါမိနစ်ကန်အသင်းသားတွေကိုနေရာအနှံကိုစေလွတ်ပြီး ကျွန်ုပ်တို့ရဲ့မျိုးစေ့ကိုသိမ်းဆည်းသိုဝှက်မထားပဲ ကြဲကြရမယ်လို့ပြောခဲ့ပါတယ်။စိန်ဒေါမိနစ်ဟာဘိုလိုနာမြို့မှာအတည်တကျမနေထိုင်ခင် ရောမမြို့မှာနှစ်အနည်းငယ်ကြာအောင်နေထိုင်ခဲ့ပါတယ်။တမန်တော်လုပ်ငန်းတွေကိုမနားမနေစွမ်းစွမ်းတမံဆောင်ရွက်ခြင်းတွေကြောင့်အားအင်ကုန်ခမ်းပြီး သက်တော် ၅၂ နှစ်အရွယ်မှာ ဘိုလိုနာမြို့မှာပျံလွန်တော်မူခဲ့ကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *