မန္တလေးကက်သလစ်သာသနာလုံးဆိုင်ရာ လူငယ်များ၏ဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ သာသနာလုံးဆိုင်ရာ လူငယ်များ၏ ဂျူဘီလီပွဲကို မန္တလေးသာသနာ၊ ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ဘုရားကျောင်း၌ (၂-၃၊၈၊၂၀၂၅) နှစ်ရက်သာ ကျင်းပခဲ့ပါသည်။

ဂျူဘီလီမစ္ဆားတရားမစခင် မနက်ပိုင်း တွင် အနယ်နယ်အရပ်ရပ်မှ လာသော လူငယ်များအား ဂျူဘီလီပွဲ ကျင်းပရာ ခန်းမဆောင်၌ စုပြီး မန္တလေးသာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် ဒါရိုက်တာ Fr. Alphonse Aung Ko Latt မှ ရောက်ရှိလာသော လူငယ်များအား ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါ သည်။ ထိုနောက် စလေးရှင်းဂိုဏ်းမှ Sr.Cynthimar Sylvie (FMA) မှ လူငယ်များအား ဂျူဘီလီနဲ့ဆိုင်သော အကြောင်းအရာများကို ပို့ချပေးခဲ့ပါသည်။

ဂျူဘီလီတံခါးဝင်ခြင်းနှင့် ဂျူဘီလီမစ္ဆားတရားကိုသာသနာစီရင်စု အသီးသီးမှ လူငယ်ကိုယ်စာလှယ်များ ဘုန်းတော်ကြီးများနှင့်အတူသာသနာအလံ၊ သာသနာစီရင်စုကိုယ်စားပြုအလံများကိုင်ဆောင်ပြီး    (၂.၈.၂၀၂၅)နေ့ ၁၁:ဝဝ အချိန်၌ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

မစ္ဆားတရားအတွင်းဆရာတော်မိန့်ကြားသည်မှာ

“ကျွန်ုပ်တို့ရဲ့ဘဝမှာ တစ်ယောက်ချင်းစီတိုင်းက မျှော်လင့်ချက်ရှိဖို့လိုတယ် ကျွန်ုပ်တို့မှာ မျှော်လင့်ခြင်း ရှိနေသမျှ ဘယ်တော့မှ မြေပေါ်မှာဝပ်ဆင်းမသွားပါဘူး။ ဒီနေ့ကျွန်ုပ်တို့ ကျင်းပနေတဲ့လူငယ်များ၏ ၂၀၂၅ ဂျူဘီလီပွဲသည် ကျွန်ုပ်တို့နှလုံးသားထဲကို သာသနာတော်က မပျက်အောင်ထည့်ပေးလိုက်တဲ့ ကြွေးကြော်သံက ငါ့ကိုခွန်အားပေးတော်မူသော အရှင်အားဖြင့် ငါသည်အရာရာကို တတ်စွမ်းနိုင်၏ ဒီခွန်အားတွေနဲ့ ကျွန်ုပ်တို့၏ မျှော်လင့်ချက်တွေကို ပိုမိုခိုင်မာအောင် လုပ်ရမည်။” ဟုဆရာတော် ကြီးမာကု ဦးတင်ဝင်းမှမိန့်ကြားခဲ့ပါသည်။

လူငယ်ကော်မရှင် ဒါရိုက်တာ Fr. Alphonse Aung Ko Latt မှ ဂျူဘီလီပွဲကျင်းပရတဲ့အကြောင်း ပြောကြားရာမှာ

“သဘာဝဘေးဒဏ်၊ အမျိုးမျိုးသော ဘေးဒဏ်ကြောင့် မျှော်လင့်ချက်တွေပျောက်ဆုံးနေသော လူငယ် တွေ ခွန်အားရပြီးတော့ မျှော်လင့်ခြင်းပြည့်ဝဖို့ရန် ပုပ်ရဟန်းမင်းကြီး မိန့်ကြားထားသည့်အတိုင်း ကွဲပြာ နေတဲ့ ကမ္ယာကြီး၊ အစိတ်စိတ်အမွှာမွှာ ကြေမွနေတဲ့ မြန်မာနိုင်ငံတော်မှာ ဘုရားသခင်ရဲ့ မျှော်လင့် ခြင်း မှတ်တိုင်များအဖြစ်လူငယ်တွေကို တောက်ပဖို့ရန်အတွက် ရဟန်းမင်းကြီးဖိတ်ခေါ်တဲ့ စကားကို အမှီပြု ပြီးတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကက်သလစ်လူငယ်များအနေဖြင့် စိတ်ဓာတ်မကျပဲ မျှော်လင်း ခြင်းပြည့် ဝတဲ့အသက်သာကိုရှင်သန်နိုင်ရန် မိမိပတ်ဝန်းကျင်ကိုလည်းမျှော်လင့်ခြင်းသတင်းကောင်း တွေကို ဝေမျှ နိုင်တဲ့သူတွေဖြစ်ဖို့ရန်အတွက် ယနေ့ဂျူဘီလီပွဲကျင်းပခြင်းအားဖြင့် ခွန်အားရရှိဖို့မျှော်လင့် တယ်။

လူငယ်တွေကိုတွေ့ချင်တယ် သူတို့အချင်းချင်း လည်းရင်းနှီးစေချင်တယ် တစ်ယောက်နဲ့တစ်ယောက် မိမိတို့ တွေ့ကြုံခံစားနေရတဲ့ ပြသနာတွေကို ဝေမျှခြင်းအားဖြင့် သူတို့ကြုံရတဲ့ အခက်အခဲတွေကို ရင် ဆိုင်ကျော်လွှားနိုင်ဖို့ ခွန်အားရရှိဖို့ရန်နဲ့ တစ်ဦးနှင့်တစ်ဦးအားပေးဖို့ရန်ရည်ရွယ်ပြီးတော့ ကျင်းပရခြင်း ဖြစ်ပါတယ်။

ဒီဂျူဘီလီပွဲတော်ကို ပါဝင်ခြင်းအားဖြင့် သူတို့ရှေ့ဆက်ရမဲ့ဘဝမှာ မျှော်လင့်ချက်နဲ့ ရှေ့ကိုဆက်လျှောက် နိုင်ဖို့ခွန်အားတွေရလာမယ်လို့ယုံကြည်တယ်။ ဒီဂျူဘီလီပွဲကနေပြန်သွားတဲ့အခါမှာ မတူသော ဘဝ အသက်သာကို မတူသောစိတ်နေစိတ်ထားအားဖြင့် ရှင်သန်နိုင်မယ်။ ကိုယ်တွေ့ကြုံသော အခက်အခဲ တွေကို လက်မြောက်အရှုံးမပေးပဲနဲ့ မျှော်လင့်ခြင်း၊ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာတွေ သယ်ဆောင် သွားနိုင်တဲ့လူငယ်တွေ မိမိရပ်ရွာ မိမိရဲ့သာသနာအုပ်စု မိမိရဲ့နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမဲ့လူ ငယ်များ၊ အနာဂါတ်ခေါင်းဆောင်များဖြစ်လာမယ်လို့မျှော်လင့်ထားတယ်” ဟု ပြောကြားခဲ့သည်။

ဆက်ပြီး Sr. Cynthimar Sylvie (FMA)မှလည်း လူငယ်များအား ဂျူဘီလီနဲ့ဆိုင်တဲ့ အကြောင်းပို့ချ ရာ တွင်

ထာဝရဘုရားရှင်၌မျှော်လင့်ခြင်းသည် စိုးရိမ်ပူပန်ခြင်းတွေအားလုံးကို အောင်နိုင်တယ် ဂျူဘီလီဆိုတာ ခနခနကြားဖူးမှာပဲ ဂျူဘီလီဆိုတာဘာလဲ ဂျူဘီလီဆိုတာကျေးဇူးတော်အထူးစီးဆင်းတဲ့နှစ် ဖြစ်ပါ တယ်။ ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကို အပြစ်ကနေခွင့်လွတ်ပေးတဲ့ကာလ ပြီးရင် ကိုယ်နဲ့မတည့်သူ မသိတဲ့သူ မုန်းတဲ့သူ အကုန်လုံးနဲ့ ပြန်လည်းသင့်မြတ်ခြင်း ကိုလုပ်ဆောင်ရမဲ့အချိန် ဖြစ်တယ်။ ပြီးတော့ကိုယ့်ရဲ့ဝိညာဉ်ရေးရာကို အသစ်တစ်ဖန်ပြန်ပြီးတော့ ပိုမိုကောင်းမွန်အောင် ကြိုးစား နေထိုင် ရမယ်။

ယနေ့ချိန်မှာ အခြေနေအမျိုးမျိုးကြောင့်လူငယ်တွေဒုက္ခရောက်ကြတယ် စိတ်ဓာတ်တွေကျကြတယ် ဒါပေမဲ့ ခရစ်တော်ရဲ့ ရှင်သန်ခြင်းက သင့်အတွက် ခွန်အားဖြစ်ရမယ်။ လူငယ်တွေက အသင်းတော်ရဲ့ အနာဂါတ်၊ နိုင်ငံရဲ့အနာဂါတ်ဖြစ်တယ် လူငယ်တွေကို အသင်းတော်ကလိုအပ်တယ်။ ဒါကြောင့် လူငယ် တစ်ယောက် အနေနဲ့ ရှိသင့်ရှိထိုက် တတ်သင့်တတ်ထိုက်တဲ့ အသိပညာတွေ အတတ်ပညာတွေရှိအောင် အမြဲကြိုးစား သင်ယူရမယ် ပျင်းနေလို့မရဘူး။ လူတိုင်းမှာရည်မှန်းချက်ပန်းတိုင်တစ်ခုစီတော့ အနည်း ဆုံးရှိကြတယ်။ ဒါကြောင့်ဘယ်လိုပဲအခက်အခဲတွေရှိပါစေ ဇွဲမလျှော့ပဲကြိုးစားပါ ဆုတောင်းပါ ကျွန်ုပ်တို့နဲ့အတူ ဘုရားသခင်အမြဲရှိနေတာကိုယုံကြည်ရမယ်။” ဟုပြောကြားခဲ့ပါသည်။

သင်တန်းတက်ရောက်သောလူငယ်များမှလည်း ခုလိုပြောပါတယ်

Gloria Pan Moe Moe Aung (စိန့်ဂျိုးဇက်သာသနာစီရင်စု)

ခုလိုလူငယ်တွေပြန်ပြီးတစ်စုတစ်စည်းပြန်ဆုံရတဲ့အတွက် ပျော်လည်းပျော်တယ်၊ဝမ်းလည်းဝမ်းသာ တယ် သင်တန်းပို့ချချက်တွေလည်း လူငယ်တွေအတွက် ခွန်အားရစရာတွေ အများကြီးပါပါတယ်။ အဓိကတော့ လူငယ်တွေကြားရင်းနှီးမှုပိုမိုရရှိလာတယ်လို့ ခံစားရတယ်။

Ronnie တင်အောင်မြင့် (လူငယ်ဥက္ကဌ) စိန့်ဇေးဗီးယား သာသနာစီရင်စု။

လက်ရှိဒီမှာရှောက်ရှိလာတဲ့ လူငယ်တွေက အကြောင်းအမျိုးမျိုးကြောင့်လူငယ်တွေ့ဆုံမှုက အရမ်းနည်း တယ်။ပြီးတော့ဒီလူငယ်တွေက သက်ထွေးကနေ လူငယ်ဘက်သို့ကူးပြောင်းလာတဲ့ လူငယ်တွေများ တယ်။ ဒီတွေ့ဆုံမှုကလည်းသူတို့အတွက်ပထမဆုံးတွေ့ဆုံမှုလို့လည်း ပြောလို့ရပါတယ်။ သူတို့ခုလို လာပါဝင်ခြင်းအားဖြင့် ဂျူဘီလီဆိုတာကို သာသနာတော်က ဘယ်လိုအဓိပ္ပာယ်နဲ့ ဘယ်လို အပိုင်း အခြားနဲ့ကျင်းပနေတယ်ဆိုတဲ့အသိတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။

ပြီးတော့ကျွန်ုပ်တို့မှာ ကိုယ်စီကိုယ်စီ ရဲ့မျှော်လင့်ချက်အရာတွေရှိပါတယ် အဲ့အရာတွေကို အကောင်အ ထည်ဖော်ဖို့အတွက် ကိုယ်အပါအဝင် ကိုယ့်ပတ်ဝန်းကျင် သာသနာထဲမှာရှိတဲ့ လူငယ်အချင်းချင်း လက်တွဲချိတ်ဆက်ပြီး လူငယ်လုပ်ငန်းဖြစ်စေ၊ သာသနာလုပ်ငန်းဖြစ်စေ အာသွန်ခွန်စိုက် မျှော်လင့်ချက် ကြီးစွာနဲ့ ဆက်လက်လျှောက်လှမ်းစေချင်ပါတယ်။

Photo&News-Paul

Website: rvamyanmar.org

#rvamyanmar#LocalNews#YouthJubilee2025#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *