ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၁၇ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၃၀၊ ၇၊ ၂၀၂၄

ဓမ္မမိတ်ဆွေတို့ဒီကနေ့ကြားနာခဲ့ရတဲ့ကျမ်းစာမှာသခင်ခရစ်တော်ကဂျုံစပါးပင်နဲ့ပေါင်းပင်တွေ အတူတကွပေါက်ရောက်ရှင်သန်ကြီးထွားကြတဲ့အကြောင်း ကိုကြားနာခဲ့ရတယ်။ ကောင်းသောမျိုးစေ့နဲ့မကောင်းတဲ့မျိုးစေ့နှစ်ခုအကြောင်းကိုအဓိကဆိုလိုခြင်းဖြစ်တယ်။ ကောင်းသောမျိုးစေ့ကိုကြဲသောသူဟာသားတော်ဘုရားဖြစ်တယ်၊ မကောင်းသောမျိုးစေ့ကိုကြဲသောသူကနတ်ဆိုးဖြစ်တယ်။ လယ်ကွင်းပြင်ကြီးဆိုတာကတော့ဒီလောကကြီးကိုပြောဆိုခြင်းဖြစ်တယ်။ နောက်ဆုံးသောရိပ်သိမ်းချိန်ဟာ ကပ်ကမ္ဘာကုန်တဲ့နေ့၊ သို့မဟုပ် သေဆုံးသောနေ့၊ ရိတ်သိမ်းမယ့်ပုဂ္ဂိုလ်တွေကတော့ကောင်းကင်တမန်များဖြစ်တယ်။ ဒီပုံဥပမာကနေ ထောက်ရှုကြည်ရအောင် လောကမှာ ကောင်းတာတွေကြီးပဲရှိတာ မဟုတ် ကောင်းတာရော မကောင်းတာရော ရေားပြွန်နေတာကိုသတိရှိကြရမယ်။ ကိုက ကောင်းတဲ့အရာလား ဆိုးတဲ့အရာလား ကောင်းတဲ့သူလာမကောင်းတဲ့သူလား သိရမယ် ။ ကောင်းခြင်း ဆိုးခြင်း ဆိုတာ နေရာတိုင်းမိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်မှာရှိသလို၊ မိမိတဦးတည်‌မှာတောင် ကောင်းခြင်း မကောင်းခြင်းဟာ အတူတူ ရှိနေတပ်တာကို သတိရှိနေရမယ်။ နောက်ဆုံးသော အချိန်မှာတော့ ကောင်းမှုနဲ့မကောင်းမှုဟာ လုံးဝကွဲးပြားသွားမယ်။ ဘုရားဖန်ဆင်းထားတဲ့ ကောင်းမြတ်တဲ့အရာတွေ ကောင်းတဲ့သူတွေကတော့ ဘုရားသခင်နှင်ပြန်လည်ပေါင်းစပ်သွားကြမယ် မကောင်းတဲ့အရာတွေကတော့ ထာဝရငရဲး မီးရှိုခြင်းခံရမယ်၊ ဒီဥပမာက ယုံကြည်သူတွေကို စီရင်ဆုံးဖြတ်မည့်နောက်ဆုံးသော နေ့သစ်မှာ ကောင်းတဲ့သူတွေဖြစ်နေဖို့လိုတယ်။

rvamyanmar
rvamyanmar
Articles: 715

Leave a Reply

Your email address will not be published. Required fields are marked *