မန္တလေးသာသနာလုံးဆိုင်ရာ ရဟန်းတော်များ၏ Safegurding Awareness Training ( အကာအကွယ် ပေးခြင်းနှင့် အမြင်ဖွင့်သင်တန်း) ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ သာသနာလုံးဆိုင်ရာ ဘုန်းတော်ကြီးများ၏ Safegurding Awareness Training( အကာကွယ်ပေးခြင်းနှင့် အမြင်ဖွင့်သန်တန်း) ကို မန္တလေးသာသနာ ပြင်ဦးလွင် အနီးစခန်း ဒွန်ဘောစ့်ကို ဓမ္မရိပ်သာကျောင်းဆောင်၌  (၁၅၊၇၊၂၀၂၅) မှ (၁၇၊၇၊၂၀၂၅) ရက်နေ့ထို ၃ ရက်သာ ကျင်းပခဲ့ပါသည်။

သင်တန်းအဖွင့်နေ့၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ကြိုဆိုနှုတ်ဆက်စကားပြောကြားရာမှာ ဒီသင် တန်းကို ကျွန်ုပ်ကိုယ်တိုင်တက်ချင်ပေမဲ့ တစ်ခြားအလုပ်ကိစ္စရှိနေလို့ အချိန်မရခဲ့ဘူး သို့ပေမဲ့ ခုလို ဘုန်း တော်ကြီးများ၊ သီလရှင်များ စုံစုံလင်လင် တက်ရောက်ခဲ့တဲ့အတွက် ဝမ်းသာအားရမိပါတယ်  သင်တန်း မှ လေ့လာသင်ယူခဲ့သော အသိပညာများကို မိမိဘဝအတွက် အသုံးခြရင်း အများသူငှါကို ပြန်လည်ဝေမျှ ကြဖို့ တိုက်တွန်းအားပေးခဲ့ပါသည်။

 ဤသင် တန်းကို Resource Persons များဖြစ်တဲ့ Fr. Hein Zaw (PIME) and MDY Diocesan Safegurding Team တို့မှဦးဆောင်ပြီး ကျင်းပခဲ့ပါသည်။

သင်တန်းပို့ချရခြင်းနဲ့ပတ်သက်ပြီး တာဝန်ခံဘုန်းတော်ကြီး Fr. Henry Brang Mai မှလည်း ခုလိုပြော ကြားခဲ့ပါသည်။

“တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆရာတော်ကြီးအဖွဲ့ကို ပုပ်ရဟန်းမင်းကြီး  ကနေပြီးတော့ တောင်းဆိုထားတဲ့ဒီ ကလေးသူငယ်တွေနဲ့ ထိခိုက်လွယ်တဲ့အခြေအနေမှာရှိတဲ့လူကြီးတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ လို အပ်တဲ့အရာဖြစ်တယ်ဆိုပြီး ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားခဲ့တဲ့စာချွန်တော်အတိုင်း မန္တလေး ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး၏ လမ်းညွန်မှုဖြင့် ဤသင်တန်းကို ကျင်းပရခြင်းဖြစ်ပါတယ်။

သင်တန်းပို့ချတဲ့အခါမှာ မထမဆုံးက ဒီစိတ်ပိုင်းအသိပညာပေးအပိုင်းလည်းပါတယ်။ ဥပမာ-  လူတစ် ယောက်ဟာ အနိုင်ကျင့်စော်ကားခံနေရရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ သူဘယ်လို မျိုးခံစားနေရတယ် ဆို တဲ့အရာကို မြင်နိုင်အောင်၊ သိနိုင်အောင်ထက် ခံစားနိုင်ဖို့ ဆိုပြီး ဒီစိတ်ပညာပိုင်းရှု့ထောင့်ကနေ သင်တန်း ပို့ချတာဖြစ်ပါတယ်။နောက်တစ်ချက်က ဒီကက်သလစ်အသင်း တော်ရဲ့ ကာနန်ဥပဒေ ရှု့ထောင့်မှာ ဒီက လေးသူငယ်တွေနဲ့ ထိခိုက်လွယ်တဲ့ သူတွေကို ဘယ်လို စောင့်ရှောက်ရမယ်ဆိုတဲ့ အရာနဲ့ပတ်သက်ပြီး တော့ ကက်သလစ်အသင်းတော်က ကာနန်ဥပဒေက ဘာတွေပြောထား သလဲဆိုတဲ့ ဆိုတဲ့အရာတွေ ကိုသိဖို့ ဒီသင်တန်းမှာ အဓိကအနေနဲ့ပါဝင်တာဖြစ်ပါ တယ်။

ပို့ချတဲ့အခါမှာ ကလေးတွေနှင့် လူကြီးတွေကိုပို့ချတဲ့ပုံစံချင်းကတော့မတူဘူး ဥပမာ- ကလေးတွေ ဆိုရင် သူတို့နားလည်နိုင်ပုံစံ အကတို့နဲ့တွဲပြီး ဘယ်အရာကဘယ်လိုဆိုတာတွဲ သင်ပေးရင် သူတို့ကပိုမှတ်မိ လွယ်တယ်။ ပြီးတော့ ဒီရုံဝန်ထမ်းတွေကိုကြတော့ ဒီလိုအနိုင်ကျင့်စော်ကားခြင်းဆိုတဲ့ အရာက ဘယ်လို အရာ၊ ဘယ်လိုအပြုအမူ၊ ဘယ်လိုအပြောအဆို စိတ်ပိုင်းဆိုင်ရာ၊ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လစ်လျူရှု့မှု စသည်ဖြင့်  အခြေခံ အကြောင်းအရာများကိုပိုချပါသည်။ နောက်တစ်ခုက အာဏာကို အလွဲသုံးစား လုပ် ခြင်းအားဖြင့် အနိုင်ကျင့်စော်ကားမှုများဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့်မို့ အာဏာကို အလွဲသုံးစားမ လုပ်ပဲ ကောင်မွန်စွာအသုံးချပြီး ထိခိုက်လွယ်တဲ့သူတွေကို ကာကွယ်ပေးဖို့ အကြောင်း များပို့ချခြင်း ဖြစ်ပါတယ်။

သန်တန်းပို့ချတာနဲ့ပတ်သက်ပြီးဘယ်လိုအခက်အခဲ တွေနဲ့ကြုံရလဲဆိုရင် ဒီလိုမျိုးသင်တန်းက တစ်ချို့က အပြစ်တွေကိုပဲ ထောက်ပြ၊ဝေဖန်၊ ရှုံ့ချနေတယ်လို့ ထင်တဲ့သူလည်းရှိကောင်းရှိမယ် အဲလိုမျိုးအခက် အခဲတော့ရှိတယ်။ တကယ်တမ်းတော့အဲလိုမျိုးတော့မဟုတ်ပါဘူး ဒီကလေးသူငယ်နဲ့ ထိခိုက်လွယ်တဲ့ သူတွေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာက တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ရမယ်ဆိုတဲ့ အရာ ကအဓိကပါပဲ။

ဒီလိုသန်တန်းပြုလုပ်ပေးခြင်းဖြင့် အနိုင်ကျင့်စော်ကားခြင်းဆိုတဲ့အရာ မြင်နိုင်တဲ့အရာရှိသလို၊ မမြင်နိုင် တဲ့စိတ်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အဲ့လိုမျိုးစိတ်ဒါဏ်ရာတွေမဖြစ်ဖို့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ၊သာသ နာတွေမှာ၊ ဆေးရုံဆေးခန်းတွေမှာ စသည့်နေရာတွေမှာ လုံခြုံတဲ့ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ ကဖန်တီး ပေးရမယ်။ အဲ့လိုမျိုးဖန်တီးနိုင်ဖို့အတွက် အမြင်ပွင့်ရမည် ဒီအနိုင်ကျင့်စော်ကားခြင်းခံရတဲ့ သူရဲ့စိတ်ထဲ မှာ ဘယ်လိုစိတ်ဒါဏ်ရာတွေရသွားတယ် ဆိုတဲ့အရာတွေကို ကျွန်ုပ်တို့က ကောင်းကောင်း နားလည် သဘောပေါက်တယ်ဆိုရင် ကျွန်ုပ်တို့ပတ်ဝန်းကျင် နေရာတိုင်းမှာ လုံခြုံတဲ့ နေရဖန်တီးပေး ဖို့ အတွက် ပိုပြီးစိတ်အာထက်သန်လာမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလိုအနိုင်ကျင့်စော်ကားခြင်းနဲ့ ပတ်သက် ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်ညိုးထိုးပြီးတော့ ပြစ်တင်ဝေဖန်တာထက် မိမိကိုယ်ကို ကိုယ့် ရဲ့ ဖြစ်တည်မှုနဲ့ အမြင်တွေကိုအရင်ပြောင်းဖို့အရေးကြီးပါသည်။” ဟု  Fr. Henry Brang Mai ကပြော သည်။

ဆက်လက်ပြီးဒီသင်တန်းတက်ခြင်းအားဖြင့် ရရှိလာတဲ့အရာတွေကိုသင်တန်းတက်ရောက်လာတဲ့ ဘုန်း တော်ကြီးများ ၊သီလရှင်များမှလည်း ခုလိုပြောကြားခဲ့ပါသည်။

 Sr. Elizabeth Hkawng Naw

 ဒီသင်တန်းကို တက်ခြင်းအားဖြင့် အရင်က မသိလို့ကလေးတွေအပေါ်မှာ အလွဲသုံးစားလုပ်ခဲ့ မိတဲ့ အရာတွေကို ပြန်သတိရမိစေတယ်။ ပြီးခဲ့တဲ့အမှားတွေကိုတော့ ပြန်ပြင်လို့ မရတော့ဘူးပေါ့နော ဒါပေမဲ့ ဆက်ပြီးမမှားအောင် ကိုယ့်စိတ်ကို အရင်ပြောင်းလဲရမယ် ပြီးတော့ ကိုယ်ကြည့်ရှု့စောင့်ရှောက် ရမည့်ကလေးတွေအပေါ်လည်း နူးညံ့သိမ်မွေ့ စွာသင်ကြားဖို့ရန်း အများကြီးသင်ခန်းစာ ဗဟုသုတ တွေ ရရှိခဲ့ပါတယ်။

Fr. Francis Saw Kalza Min

 ကျွန်ုပ်တို့သည် ပတ်ဝန်းကိုဖြစ်ဖြစ်၊ တစ်စုံတစ်ဦးကိုဖြစ်ဖြစ် ပြောင်းလဲအောင်လုပ်ဆောင် မယ်ဆိုရင် အရင်ဦးဆုံး မိမိကိုယ်ကို နဲ့ မိမိစိတ်တွေကို အရင်ပြောင်းလဲယူရမယ် ဆိုတဲ့အသိတရားတွေ ပိုရလာ တယ်။

Fr. Eugene Chit Soe Oo

ဒီသင်တန်းက အများကြီးအကျိုးရှိပါတယ် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဖြစ်တော့ဖြစ်နေတယ် ဒါမဲ့မသိကြ သတိမပြုမိကြတဲ့အရာကတော့ pSychological abuse ပေါ့ အဲ့အရာက ပြန်ကုဖို့လည်း ခက်ခဲသည့် အရာဖြစ်တယ်။ pSychological abuse ကတော့ စိတ်နဲ့ဆိုင်ပြီး မြင်နိုင်တဲ့အရာမဟုတ်တဲ့ အတွက် ကြောင့်မို့ ဒီအကြောင်းအရာကိုခုလို ဒီအမြင်ဖွင့်သင်တန်းမှာ သိရှိခွင့်ရတဲ့အတွက် အများကြီး အကျိုးရှိ တယ်လို့မြင်မိပါတယ်။

Sr. Cecilia Aye Chan May

ဒီကသိရှိလာတဲ့ အသိပညာတွေကို ကိုယ့်ရဲ့ သာသနာပြုလုပ်ငန်းတွေမှာ ဘယ်လိုပြန်အသုံးချမလဲဆို တော့ မထမအနေနဲ့က  သာသနာတော်အနေနဲ့ရော ပြီးတော့ကိုယ့်ရဲ့အသင်းဂိုဏ်း အနေနေ့ရော ကူညီ ထောက်ခံပေးဖို့လိုတယ်။ အဖွဲ့အစည်းနဲ့နေတဲ့အတွက်ကြောင့်မို့ ကိုယ်လုပ်ဆောင်ချင်တဲ့ အရာကို ဒီအဖွဲ့ အစည်းကနေပြီးကူညီထောက်ပံ့ပေးဖို့လိုတယ်။ တစ်ယောက်တည်းဆောင်ရွက်ဖို့ ဆိုတာတော့ မဖြစ် နိုင်ပါဘူးသိရှိလာတဲ့ဗဟုသုတတွေကို အတူတကွအကောင်အထည်ဖော်နိုင်ဖို့လိုပါတယ် ဒါမှ ကျွန်မတို့ရဲ့ သာသနာပြုလုပ်ငန်းတွေမှာ တစ် ယာက်နဲ့တစ်ယောက်ဖေးမကူညီရင်း ကိုယ့်အားနည်းချက်၊ သူ့အား နည်းချက်တွေကို အပြန်အလှန် ဆွေးနွေးသုံးသပ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလုပ်ဆောင်သွားရင် အများကြီး အကျိုးရှိမယ်လို့ ထင်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *