
စိန့်ဗင်းဆင်းဒီပေါလ် ဘုရားကျောင်းပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စဉ့်ကိုင်မြို့နယ်၊ဇော်ဂျီကျေးရွာရိ စိန့်ဗင်းဆင်းဒီပေါလ် ဘုရား ရှိခိုးကျောင်းပွဲကို ဇူလိုင်လ ၁၉၊၂၀၂၅ စနေနေ့၌ ဘုန်းတော်ကြီးFr. Joseph That Lwinမှ မစ္ဆားတရားဦး ဆောင်ပူဇော်ကျင်းပခဲ့ ပါသည်။
ဘုရားကျောင်းပွဲတော်ကို ဇူလိုင် ၁၈ရက်နေ့ ညနေအဝင်မစ္ဆားတရားကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Micheal KoKo Gyi မှဦးဆောင်ခဲ့ပြီး မစ္ဆားတရားအပြီးတွင် ဘာသာဝင်များနှင့်အတူ ရဟန္တာစိန့်ဗင်းဆင်း ဒီပေါလ်ဆင်းတု နှင့်ရပ်ကွက်သို့ စီတန်းလှည့်လည် ဆုတောင်းခြင်းများပြုလုပ်ခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းများပြုလုပ်ခဲ့ပါည်။
ပွဲတော်သို့ ရပ်နီး၊ရပ်ဝေးကျေးရွာများ၊မြို့နယ်များမှ ဘာသာဝင်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ ပါဝင်းဆုတောင်းခဲ့ကြပါသည်။
ရဟန္တာစိန့်ဗင်းဆင်းဒီပေါလ် အကြောင်းကို Fr. Patrick Nanda Yan Nyein Aung မှလည်း ခုလို ပြော ကြားခဲ့ပါသည်။
“ဘုရားသခင်ရဲ့အသက်တော်ထဲမှာ ပါဝင်လာဖို့အတွက် စိန့်ဗင်းဆင်းက ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေခြင်းဖြစ် တယ်။ ဘာဖြစ်လို့စိန့်ဗင်းဆင်းဟာ သူ့ရဲ့ဘဝအသက်တာမှာ ဒီလိုကြီးမှားတဲ့ဂရုဏာလုပ်ငန်းတွေ လုပ်နိုင် ရတာလဲ ဘာဖြစ်လို့ထင်လဲ အဖြေကရှင်းရှင်းလေး ဘုရားပါလို့လုပ်နိုင်တာဖြစ်တယ်။ စိန့်ဗင်းဆင်းက လူ့သဘော လူ့ဘောင်ထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ဘုရားသခင်ရဲ့ ဘဝအသက်တာ အားဖြင့် ပြန် လည်ထောက်ရှု့ဖို့အတွက် ကျွန်ုပ်တို့ကို ခေါ်နေခြင်းဖြစ်တယ်။
ဒါကြောင်းမို့ ဖိတ်ခေါ်လို့ရှိရင်ပါဝင်ရမယ်။ ဘယ်လိုပုံစံဘဝနဲ့ပဲဖိတ်ခေါ်ဖိတ်ခေါ် ပါဝင်ဖို့အဆင်သင့် ဖြစ်ရပါမယ်။ ရဟန္တာစိန့်ဗင်းဆင်းသည်လည်း ဘုရားရှင်ဖိတ်ခေါ်ခြင်းအပေါ် ပါဝင်လုပ်ဆောင်ခြင်းဖြင့် တုံ့ပြန်ခဲ့တယ်။ ဆင်းရဲသောသူတွေထဲက သခင်ခရစ်တော်ကိုရှာပါ ကျွန်ုပ်တို့တွေက ဆင်းရဲတယ်ဆိုရင် ရွှေ ငွေ၊ ဥစ္စာပစ္စည်းတွေကိုပဲမြင်တတ်ကြတယ်။ ကျွန်ုပ်တို့မှာ တစ်ခြားဆင်းရဲတာတွေ အများကြီးရှိ တယ် စာရိတ္တတွေဆင်းရဲတယ်၊ စိတ်ဓာတ်ရေးရာတွေဆင်းရဲလာတယ်၊ ဝိညာဉ်ရေးတွေ ဆင်းရဲလာကြ တယ်၊ လူပီတမှုတွေဆင်းရဲလာတယ်။
စိန့်ဗင်းဆင်းကို သဒါကြည်ညိုတယ်ဆိုတဲ့ကျွန်ုပ်တို့တွေ စိန့်ဗင်းဆင်း၏ဘဝအသက်တာကို အတုယူကြ မယ်ဆိုတဲ့ ကျွန်ုပ်တို့တွေ စိန့်ဗင်းဆင်းလိုမျိုးသခင်ခရစ်တော်ကို မဝေငှ၊ မပေးသင့်ဘူးလား ကျွန်ုပ်တို့ ထောက်ရှုရမယ်။ တစ်ခါတလေ ကျွန်ုပ်တို့က ဘုရားကျောင်းတက်ရုံနဲ့ ဘာသာတရားရှိတယ်လို့ ထင်နေ ကြတယ်။ တစ်ချို့အစိတ်ပိုင်းတော့မှန်တယ် ဒါပေမဲ့ ဘုရားတရားရဲ့အဆုံးအမတွေ ကျွန်ုပ်တို့ ရင်ထဲမှာ တကယ်ရှိကြလား ကျွန်ုပ်တို့မိမိကိုယ်ကို ပြန်စမ်းစစ်ကြည့်ရမယ်။
တစ်ခါတစ်ခါ ကျွန်ုပ်တို့တွေက အသင်းတော်နဲ့ ကင်းကွာစေတဲ့အချိန်တွေအများကြီးပဲ ဥပမာ- ဆုမတောင်းတော့တာ၊ တစ်ပါးသူအပေါ်မှာ ချစ်ခြင်းမေတ္တာတွေ မပြနိုင်တာ၊ ခွင့်လွတ်ခြင်းတရားတွေ မပြနိုင်တာ၊ ဒီတရားတွေကို စွန့်ပစ်တဲ့အခါတွေမှာ အသင်းတော်ကိုစွန့်ပစ်တာနဲ့အတူတူဖြစ်လာပါတယ်။ ဒါကြောင့်ဘာသာရေးတန်ဖိုးကို ကျစေတာက တစ်ခြားသူတွေမဟုတ်ဘူး ကျွန်ုပ်တို့ကိုယ်တိုင်ပဲ ကျွန်ုပ် တို့ဝိညာဉ်ရေးကို ဆုံးရှုံးစေတာ၊ ပျက်ဆီးစေတာလည်း ကျွန်ုပ်တို့ကိုယ်တိုင်ပဲ။
ကျွန်ုပ်တို့က တစ်ခါတစ်ခါ အပေါ်ယံတွေပဲအရမ်းလုပ်တယ်၊ နေတယ်၊ အသက်ရှင်တယ်။ ဒါမဲ့ဘုရားရှင် ကဒီနေ့ ကျွန်ုပ်တို့ကို စိန့်ဗင်းဆင်းအားဖြင့် သူ့လုပ်ဆောင်ချက်တွေကို အတုယူကျင့်ကြံစေတယ်။ ရဟန္တာ စိန့်ဗင်းဆင်းပြုလုပ်ခဲ့တဲ့ ဂရုဏာလုပ်ငန်းတွေသည် တကယ်ကချစ်ခြင်းမေတ္တာတွေ ဘုရားသခင်ကို ဝေမျှခြင်းဖြစ်တယ်။ အစေခံတဲ့အခါမှာ ကျေးဇူးတော်ရှိအောင် ကျွန်ုပ်တို့က အမြဲတမ်းကြိုးစားရမယ်။ ကျေးဇူးတော်ရှိအောင် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးသားကို သန့်စင်အောင်နေထိုင်ရမယ်။” ဟု Fr. Patrick Nanda Yan Nyein Aung မှပြောကြားခဲ့ပါသည်။
News&Photo-Paul
Youtube: rvamyanmar8152
Website: rvamyanmar.org

