
အချစ်ဆုံးသူငယ်ချင်းအဖြစ်နဲ့ ဘဝလက်တွဲဖော်အဖြစ် သို့ တည်ဆောက် နိုင်ဖို့ ခင်မင်မှုကလည်း အရေးကြီးပါတယ်
Importance
ဒီနေ့မှာ အချစ်ဆုံးသူငယ်ချင်းအဖြစ်နဲ့ ဘဝလက်တွဲဖော်အဖြစ် relationship တည်ဆောက် နိုင်ဖို့ ခင်မင်မှုကလည်း အရေးကြီးပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
စုံတွဲတစ်တွဲက တစ်ခါတစ်လေ တသက်တာ လက်တွဲဖော်မဖြစ်ပေမဲ့ အချစ်ဆုံး သူငယ်ချင်း တွေ ဖြစ်နေရင် ဒါကလည်း special bond အထူးခိုင်မြဲစွာ ချည်နှောင်နေတဲ့အတွက် နောက်ပိုင်းမှာ အချစ်ဇာတ်လမ်းတွေဖြစ် ကျော်လွန်ရောက်ရှိသွားနိုင်ပါတယ်။
သူငယ်ချင်း အချင်းချင်း ဆွဲဆောင်မှုထက် အချစ်က ပိုပြီး နက်ရှိုင်းနေရင်၊ ရင်းနှီးတဲ့ မိတ်ဆွေ အဖြစ်ထက် ပိုနေရင် နောက်ပိုင်းမှာ အချစ်ဆုံး သူငယ်ချင်းအဖြစ်ကနေ ဘဝလက်တွဲဖော်အဖြစ် လည်း ရောက်ရှိသွားနိုင်ပါတယ်။
နှလုံးသားနဲ့ရင်းရတဲ့ သူငယ်ချင်းအဖြစ်နဲ့ကတော့ တစ်ဦးကိုတစ်ဦး အထူးအာရုံစိုက်တဲ့ အလုပ်တစ်ခု အခြေခံဖြစ်တဲ့ ပျော်ရွှင်မှု၊ ယုံကြည်မှုနဲ့ ပျော်စရာလေးတွေကို အမြဲတမ်း ကြိုးစားပြီး ပိုပြီး လုပ်ယူရပါတယ်။
ခက်ခဲတဲ့အချိန်ပဲဖြစ်နေပါစေ အရေးကြီးတာက တစ်ယောက်ရဲ့ဘေးမှာ တစ်ယောက်ရှိနေဖို့ နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာ သက်တောင့်သက်သာ ရှိနေဖို့ mask မျက်နှာဖုံး (သို့)ဟန်ဆောင်မှု မရှိနေဖို့ လိုအပ်ပါတယ်။
ဒီလိုလက်တွဲ ချည်နှောင်နိုင်ဖို့ ချစ်ယုံနဲ့တော့ မလုံလောက်ပါဘူး။ တစ်ယောက်ကို တစ်ယောက် စစ်မှန်တဲ့ အကြိုက်တွေရှိဖို့ လိုပါသေးတယ်။
အချစ်ဆုံးသူငယ်ချင်းအဖြစ်ကနေ ဘဝလက်တွဲဖော်အဖြစ် ဖြစ်တည်လာဖို့ ရိုးသားမှုက ခိုင်မာတဲ့ ကြာရှည်ခံတဲ့ relationship ရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။
အဲ့ဒီလို တည်ဆောက်နိုင်ဖို့ နှစ်ဦးစလုံးရှိ စိတ်ခံစားချက်တွေ အတွေးတွေ၊ အိမ်မက်တွေ sharing လုပ်နိုင်ရမယ်။
နှစ်ဦးသား ကမ္ဘာကြီးကို ရင်ဆိုင်ရတဲ့အခါမှာ ရိုးသားမှုကို အခြေခံတဲ့ ဆက်နွယ်မှုတွေ စိတ် ခံစားချက်တွေ ရင်းနှီးမှုတွေနဲ့ ဘယ်လောက်ပဲ အခက်အခဲတွေရှိနေပါစေ အားနည်းချက်တွေကို လိုလိုလားလား လက်ခံပေးနိုင်ပြီး စိတ်ရှည်ပေးပြီး ရိုးသားတဲ့ ဆက်နွယ်မှုရဲ့ အဓိက သော့ချက်က တစ်ဦးရဲ့စိတ်ခံစားချက်ကို တစ်ဦးက ကာကွယ်စောင့်ရှောက်ပေးနိုင်ရပါမယ်။
တစ်ခါတစ်လေမှာ ကိုယ်ရဲ့စိတ်ခံစးချက်အမှန်ကို ထုတ်ပြောမိလိုက်လို့ ငြင်းပယ်မှာလား၊ ဆုံးဖြတ်ချက် (သို့) ဝေဖန်လိုက်မှာလား၊ စိုးရိမ်ကြတယ်။ ဒါပေမယ့် မိမိတို့က နားလည်မှုတွေ ယုံကြည်မှုတွေ စိတ်ခံစားချက်နဲ့ ဆိုင်တဲ့ ရင်းနှီးကျွမ်းဝင်ခြင်းတွေနဲ့ တည်ဆောက်ထားရင် ဘဝရဲ့ အတက်အကျတွေကို အတူရင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်။
အချင်းချင်းဆက်နွယ်မှုမှာ ရိုးသားမှုရှိနေရင် တစ်ဦးနဲ့တစ်ဦးမျှဝေခံစားတတ်လာမယ်။ နားလည်လာမယ်။ တစ်ဦးက ပြောတာကို နားလည်မှုအပြည့်နဲ့ သေသေချာချာ နားထောင်ပေးမယ်။ ချက်ခြင်းကြီးပြန်တုန့်ပြန်တာမျိုးမလုပ်ပဲ နားထောင်ပေးတဲ့အတွက် နက်ရှိုင်းတဲ့ ချည်နှောင်မှုကို ရရှိ ပြီး ကျိုးကြောင်းခိုင်လုံတဲ့ စိတ်ခံစားချက်ကို အထောက်အကူရစေပါတယ်။ ဒါတွေက လက်တွဲဖော် အချင်းချင်း ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး အချင်းချင်းလွတ်လပ်မှုရှိလာတယ်။ လက်မခံဘူး ငြင်းပယ်တယ်ဆိုတာတွေ မရှိတော့တဲ့အတွက် သူငယ်ချင်းအစစ်အမှန်နဲ့ relationship ဖြစ်နိုင်ပါ တယ်။
နောက်ပြီး လက်တွဲဖော် အချင်းချင်းကြားမှာ ရိုးသားတဲ့ဆက်နွယ်မှုကို လက်တွေ့ကျင့်သုံး လုပ်ယူရမယ်။ အဲ့ဒီအချိန်မှာ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံမှု၊ ပိုမိုနားလည်မှုရှိလာတဲ့အသိနဲ့ ချစ်ခြင်း မေတ္တာတွေပိုရှိလာမယ်။ ပြီးပြည့်စုံတဲ့စိတ်ခံစားချက် ရရှိလာမယ်။ ဘဝခရီးမှာ သည်းခံပေးရတာ မလွယ်ကူပေမယ့် ဘဝရဲ့ စိန်ခေါ်မှုကို ဖြတ်သန်းရတဲ့အခါမှာ အချစ်ဆုံး သူငယ်ချင်းဆိုတဲ့ စိတ်ခံစား ချက်နဲ့ နေ့စဉ်ဖြတ်သန်းရတဲ့အတွက် အသေးအဖွဲ့ ကိစ္စပေမဲ့ မှတ်မိနေပြီး ပျော်ရွှင်တဲ့ စိတ်ခံစားချက် ကို ပေးလာပါတယ်။
လက်တွဲဖော်အချင်းချင်း ကတိပေးထားတဲ့အချက်တွေ တစ်ယောက်နဲ့တစ်ယောက် ခြားနား တဲ့ လိုအပ်ချက်တွေကိုလည်း လေးစားနိုင်ရမယ်။ ဒါတွေကည်း တစ်ယောက်နဲ့တစ်ယောက် ရှု့ထောင့်မျိုးစုံကနေ ပါဝင်ပတ်သက်နေတဲ့အခါမှာ အပြန်အလှန်သင်ယူရပါမယ်။ အချင်းချင်း နားလည်မှုပေးတာကလည်း အချင်းချင်းထောက်ပံ့မှုပေးတဲ့သဘောတွေရှိပြီး သက်ရောက်မှုတွေ အများကြီးရှိလှပါတယ်။ တစ်ဦးရဲ့စိတ်ပါဝင်စားမှုတွေ၊ ရည်မှန်းချက်တွေ အားဖြည့်ပေးရင် သက်တောင့်သက်သာရှိလှတဲ့ ဘဝကို တည်ထောင်တာပဲဖြစ်ပါတယ်။ မိမိတို့ အချင်းချင်း ကွဲပြား ခြားနားတဲ့ ရည်ရွယ်ချက်တွေရှိပေမယ့်လည်း တစ်ဦးရဲ့လွတ်လပ်မှုကို စိတ်ပါဝင်စားစွာနဲ့ ရှာဖွေနိုင် ဖို့ မိမိရဲ့ကိုယ်ပိုင် သတ္တိရှိိဖို့လိုအပ်လှပါတယ်။
မိမိတို့နှလုံးသားမှာ ပွင့်လင်းတဲ့အတွေးတွေနဲ့ ချဉ်းကပ်ကြရင် နှစ်ဦးစလုံးအတွက် လုံခြုံတဲ့ နေရာတစ်ခုကို ဖန်တီးသလိုဖြစ်သွားစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားတဲ့ ရည်မှန်းချက်တွေကို ကြည်နာမှုတွေ မျှဝေခံစားစာနာမှုတွေနဲ့ ဆွေးနွေးကြမယ် ဒီလိုချိန်းမှာ ပြစ်တင်သံတွေရှိကောင်းရှိနိုင်မယ်။ သဘောမတူပဲ စကားများတာတွေရှိနိုင်မယ်။ ဒါပေမယ့် နားလည်မှုအခြေခံရှိခဲ့တဲ့အတွက် အကျယ်မချဲ့ပဲ စိတ်ခံစားချက်ကို ချုံ့ပြီး ဖြေရှင်းရင်လည်း ရနိုင် ပါတယ်။
နှစ်ဦးကြား ဆက်ဆံရေးမှာ မပြေလည်မှုတွေ ကျရှုံးမှုတွေကို သင်္ခန်းစာယူပြီး ကြောက်ရွံ့မှု ကင်းတဲ့ဝေဖန်ပိုင်ခြားမှုတွေ လုပ်နိုင်ရမယ်။ ဒါမှသာ လုံခြုံမှုရှိတဲ့ လွတ်လပ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးသွားနိုင်မှာဖြစ်ပါတယ်။
လက်တွဲဖော်အချင်းချင်း ငွေရေးကြေးရေးကိစ္စရေး၊ အိမ်မှုကိစ္စတွေ တစ်ယောက်ရဲ့ ရည်မှန်း ချက်ကို တစ်ယောက်က ယုံကြည်ပေးတာတွေ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းပြီး ထောက်ပံ့မှုပေးတာ၊ အားဖြည့်ပေးတာတွေက အင်မတန်မှ အားကောင်းတဲ့ teamwork အသင်းအဖွဲ့စိတ်ဓာတ်ကောင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ relationship မှာ နေ့စဉ် တစ်ဦးရဲ့စိတ်သဘောထားအခြေအနေတွေကို တစ်ဦး က ရှာဖွေဆန်းစစ်ရင်း မိမိတို့ရဲ့ စိတ်ပေါ့ပါးအောင် လုပ်နိုင်သလို အနာဂတ်ဘဝ ပိုမိုနက်ရှိုင်းတဲ့ ချည်နှောင်မှုတွေကို တည်ဆောက်လို့ရနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ကျီစယ်စကားပြောတာတွေက လက်တွဲဖော်အချင်းချင်း ပြုံးပျော်မှုကို ဖြစ်စေသလို ရယ်မောရတဲ့အတွက် စိတ်ခံစားချက် သက်တောင့်သက်သာဖြစ်စေပါတယ်။
အမှားမရှိတဲ့ relationship ဆိုတာ မရှိပါဘူး။ ဒါကြောင့် ခွင့်လွှတ်ပေးနိုင်ပြီး သူငယ်ချင်း ချစ်သူတွေအဖြစ် ဘဝခရီးကို ရှေ့ဆက်လို့ relationship ကို တည်ဆောက်လို့ ရသွားနိုင်ပါတယ်။

