ဒီကနေ့မှာတော့ ဇူလိုင်လ ၁၁ ရက်နေ့ရဲ့မွေးနေ့ရှင်ဖြစ်တဲ့ ရဟန္တာဘက်နဒက်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။အနောက်တိုင်းသားရသေ့တွေရဲ့ဂိုဏ်းချူပ်ဖြစ်တဲ့ ရှင်ဘက်နဒက်ကို၈၄၀ ခုနှစ်မှာအီတလီနိုင်ငံနာချီယာမြို့မှာမွေးဖွားခဲ့ပါတယ်။ရှင်ဘက်နဒက်ဟာအကျင့်သိက္ခါပျက်ဆီးနေတဲ့သူရဲ့အပေါင်းအဖော်တွေရဲ့ဘဝကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့တာကြောင့် အသက်၂၀ အရွယ်မှာပဲ ဆူဗြာတူတောင်မှာသွားရောက်နေထိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့ နတ်ဆိုးဟာ အရင်ကသူနဲ့သိကျွမ်းခဲ့တဲ့ချောမောလှပတဲ့အမျိုးသမီးတစ်ဦးကို သူ့ရဲ့စိတ်ကူးအိမ်မက်ထဲမှာဖြစ်ပေါ်စေပြီး သူ့ရဲ့နှလုံးသားကို ရမ္မက်မီးပြင်းထန်စွာတောက်လောင်စေခဲ့ပါတယ်။သို့ပေမယ့်လို့လဲ ချက်ချင်းဆိုသလိုပဲ ရှင်ဘက်နဒက်ဟာသူ့ရဲ့ကိုယ်ပေါ်မှာဆင်မြန်းထားတဲ့ ဝတ်ရုံတန်ဆာတွေကို ဖယ်ခွါပြီး သူ့ရဲ့အသားအရေတွေပေါက်ပြဲသွားတဲ့အထိ ဆူးချုံတွေပေါ်မှာလူးလှိမ့်နေခဲ့ပါတယ်။ဒီနည်းအားဖြင့်သူ့ဝိညာဉ်ရဲ့အနာတွေကို ခန္ဓာကိုယ်ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ကုသပျောက်ကင်းစေခဲ့ပါတယ်။နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဒီကိုဘာရိုရသေ့ကျောင်းရဲ့အကြီးအကဲအဖြစ် ကမ်းလှမ်းခံခဲ့ရတာကြောင့် လက်သင့်ခံခဲ့ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့ရသေ့တွေဟာ သူ့ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကို မနှစ်မြို့တာကြောင့် ရှင်ဘက်နဒက်ကို အဆိပ်ခပ်သတ်ဖို့ရန်အတွက် ကြံစည်ကြိုးစာခဲ့ကြပါတယ်။သို့ပေမယ့်လို့လဲရှင်ဘက်နဒက်ဟာဘုရားတရားရှိတဲ့သူဖြစ်တာကြောင့် ခရစ္စတူးအမှတ်အသားပြုနေတဲ့အချိန်မှာပဲ အဆိပ်ခတ်ထားတဲ့ စပျစ်ရည်ခွက်ဟာအစိပ်စိပ်အမြွှာမြွှာကွဲသွားခဲ့ပါတယ်။အဲ့တာကြောင့်သူ့အပေါင်းအဖော်တွေရဲ့အကြံအစည်တွေလဲ ပေါ်သွားခဲ့ပါတယ်။ရှင်ဘက်နဒက်နဲ့အိမ်နီးချင်းနေထိုင်ခဲ့တဲ့ ဖလော်ရင့်ပီဦးဆိုတဲ့ ရဟန်းတပါးဟာလဲ ရှင်ဘက်နဒက်ကို မနာလိုစိတ်ပွားခဲ့တာကြောင့် ဖျက်ဆီးဖို့ရန်အတွက်ကြံစည်ခဲ့ပါတယ်။ရှင်ဘက်နဒက်ကိုအဆိပ်ထည့်ထားတဲ့ပေါင်မုန့်နဲ့လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် နောက်ပိုင်းမှာ မကောင်းတဲ့အမျိုးသမီးတွေနဲ့ ရှင်ဘက်နဒက်ရဲ့ရသေ့ကျောင်းက ရသေ့တွေကိုဖျားယောင်းပြီး ဖျက်ဆီးဖို့ရန်အတွက်ကြိုးစားခဲ့ပါတယ်။ဒါကြောင့်နော်ကထပ်လာမယ့်နှောင့်ယှက်ခြင်းတွေကိုရှောင်လွှဲနိုင်ဖို့ရန်အတွက် ၅၃၀ ခုနှစ်မှာဆူဗီအာဂူကိုစွန့်ပြီး ကာစီနိုတောင်မှာ ရသေ့ကျောင်းအသစ်ဖွင့်လှစ်ခဲ့ပါတယ်။ရွှေကွတ်ထားတဲ့ဉပဒေလို့အမည်ရတဲ့ဆုတောင်းခြင်းနဲ့အလုပ်ဆိုတဲ့စာအုပ်ထဲမှာပါတဲ့ဉပဒေအရ ရသေ့တွေဟာ ၈ နာရီတိုင်အောင်မေတ္တာဆိုရပြီ ၈ နာရီအိပ်ကာ ၈ နာရီအလုပ်ကြမ်းလုပ်ခြင်း ဘာသာရေးစာပေများဖတ်ကြားခြင်းကရုဏာရေးလုပ်ငန်းတွေကို လုပ်ဆောင်ခြင်း အစရှိတာတွေကို လုပ်ဆောင်ကြဖို့ပါရှိပါတယ်။ဂေါ့လူမျိုးတွေဟာ အီတလီပြည်ကိုကျူးကျော်ခဲ့တဲ့အခါမှာ ဘုရင်ပီးလတ်ဟာသူ့ရဲ့စစ်သူကြီးကိုမင်းဝတ်တန်ဆာတွေကိုဝတ်ဆင်ပြီးဘုရင်အဖြစ်ဟန်ဆောင်စေခါ ရှင်ဘက်နဒက်ဆီကိုအဖြစ်မှန်သိမသိ စေလွှတ်ခဲ့ပါတယ်။သို့ပေမယ့်လို့လဲရှင်ဘက်နဒက်ဟာ ဘုရင်အဖြစ်ဟန်ဆောင်ထားတဲ့စစ်သူကြီးဖြစ်ကြောင်း မဆိုင်မတွပင်ပြောနိုင်ခဲ့တာကြောင့် ပီလတ်ဘုရင်မင်းကြီးကိုယ်တိုင်အရိုအသေပေးခဲ့ရပါတယ်။ရှင်ဘက်နဒက်ဟာ ၅၄၇ ခုနှစ်မှာ ကိုရင်ဘဝနဲ့ပဲကွယ်လွန်သွားခဲ့ပြီး ရဟန်းမင်းကြီးကရှင်ဘက်နဒက်ကို ဉရောပတိုက်ကို မှိုင်းမကာကွယ်သူအဖြစ်ကြေညာခဲ့ပါတယ်။ဘက်နဒက်ရဲ့အသင်းဝင်များထဲကရဟန်းမင်းကြီးအပါး ၅၀ ထွက်ခဲ့သလို ဆရာတော်အပါး ၇၀၀၀ နဲ့ ရဟန္တာအပါးပေါင်း ၄၀၀၀၀ ကျော်ပေါ်ထွက်ခဲ့ပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *