
ဘယ်သူမှတယောက်တည်းမဟုတ် ဟူသောခေါင်စဉ်ဖြင့် ရဟန်းမင်းကြီးလီယိုအားပေး။

ဂျူဘီလီနှစ်၏ ဇွန်လ ၂၅-၂၇ တွင်ကျင်းပသော နိုင်ငံတကာဘုန်းတော်ကြီးများ၏အစည်းဝေး နှင့်ဘုန်းတာ် ကြီးများ၏ဂျူဘီလီ အစည်းအဝေးသို့တက်ရောက်လာသော ရဟန်းဖြစ်သင့်ကျောင်းသားများ၊ ထိန်း ကျောင်းပဲ့ပြင်ပေးသောဘုန်းတော်ကြီးများ၊ အစည်းဝေးတက်ရောက်လာသော ရဟန်းတော်များ ရောမ မြို့ Conciliazione ခန်းမ၌ တွေ့ဆုံခြင်းတွင်ရဟန်းမင်းကြီးက ရဟန်းဖြစ်သင်ကျောင်း သင်တန်းပေးခြင်း များ၊ ရဟန်းဘဝအသက်တာတို့နှင့်စပ်လျဉ်းပြီး သင်တို့သည်ဘယ်သောအခါမျှ တစ်ဦးတစ်ယောက် တည်းမဟုတ်ဟု တက်ယောက်လာသူများအားမိန့်ကြားခဲ့ပါသည်။
တက်ရောက်လာသူ လူပေါင်း ၁၇၀၀ လောက်အား ရဟန်းမင်းကြီးရုံးတော် ဘုန်းတော်ကြီးများအတွက် တာဝန်ခံ ကာဒီနယ် Lazzaro You Heung-sik က ယနေ့တွေ့ဆုံခြင်းသည် သာမန်တွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ ညီလာခံ သို့မဟုတ် သင်တန်းပေးခြင်းအကြောင်းအရာနဲ့ပတ်သက်ခြင်းဖြစ်တယ်။၊ အဓိကအကြောင်း အရာများကတော့ ညီရင်းအစ်ကိုပမာ အတွေ့ကြုံများ၊ စီးနုတ် (Synodal) နှင့် စစ်မှန်သောသာသနာတော် ကြောင်းကို ဆွေးနွေးကြဖို့ အကြောင်း၊ ဆက်လက်ပြီး ကာဒီနယ်ကြီးက ပျော်ရွှင်သောရဟန်းဘဝဆို သော အရာသည် ဆောင်ပုဒ်သက်သက်မဟုတ် နေ့စဉ်ရှင်သန်ရမည့် စစ်မှန်သောအရာ၊ အခြေခံကျသော ဖြစ်နိုင်ခြေများ ဖြစ်တယ် ၊ အဓိကကတော့ သခင်ခရစ်တော်နဲ့ရင်းနှီးစွာနေထိုင်ပါ၊ ရဟန်းဘဝရဲ့စစ်မှန် သောအသက်တာဆီကိုပြန်လာဖို့ပါပဲ ဟုပြောကြားခဲ့ပါသည်။
ရဟန်းမင်းကြီးလီယိုကလည်း သခင်ခရစ်တော်၏နှုတ်တော်ထွက်စကားဖြစ်တဲ့ “သင်တို့ကိုငါ၏ မိတ် ဆွေများဟုငါခေါ်သည်။” ဒီစကားက သာမန်ထုတ်ပြန်ချက်လေးမဟုတ်၊ ရဟန်းဘဝကို အပြည့်အဝနား လည်စေမည့်၊ အဓိပ္ပါယ်ဖွင့်ပေးမည့် စစ်မှန်တဲ့အသံဖြစ်တယ်။
ရဟန်းဘုန်းတော်ကြီးဘဝ သင်တန်းပေးခြင်းနဲ့ပတ်သက်ပြီး အချက်သုံးချက်ကိုလည်း ဆက်လက် ဝေမျှ ခဲ့ပါသည်။
၁။ ။ ရဟန်းဘဝသင်တန်းပေးခြင်းဆိုတာ ရင်းနှီးချစ်ခင်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ဒီအရာသည် တတ်ကျွမ်းမှုတွေဖြစ်လာအောင်သင်ပေးတာမဟုတ်၊ အဲဒီချစ်ခင်ရင်းနှီးမှုထဲမှာရှင်သန်တတ်အောင် သင် ကြားပေးခြင်းဖြစ်တယ်။ ဒါကြောင့်ရဟန်းဖြစ်သင်တန်းပေးခြင်းဟာ အသိပညာတွေကိုသာ ဆည်းပူး ခြင်းထက် ဘုရားနဲ့ရင်းနှီးခြင်း ကိုပိုမိုတိုးတက်စေဖို့အဓိကထားစေချင်တယ်။၊
၂။ ။ ညီရင်း အစ်ကိုပမာချစ်ခင်ခြင်းဟာ ရဟန်းဘဝအတွက်အဓိကကျသောအချက်ဖြစ်တယ်။ ဒါကြောင့် ဘုန်းတော်ကြီးများနှင့်ရဟန်းဖြစ်သင့်ကျောင်းသားများ သင်တို့ကိုအားပေးလိုတာက သင်တို့အချင်းချင်း သည်ပြိုင်ဖက်မဟုတ်၊ တစ်ဦးတစ်ယောက်တည်းသီးသန့်နေရာလည်းမဟုတ်၊ ညီရင်းအစ်ကိုပမာကဲ့သို့ နေထိုင်ကြရန်အားပေးချင်တယ်။
၃။ ။ ရဟန်းဘဝသင်တန်းပေးခြင်းဆိုတာ အတူတကွအစေခံခြင်း၊ အတူတကွဆုတောင်းခြင်း၊ နားထောင် တတ်ခြင်းနှင့် တစ်ဦးကိုတစ်ဦးချစ်နိုင်ခြင်းတို့ပဲဖြစ်တယ်။ ဒါကြောင့်သင်တန်းပေးသူတွေကို အထူးဂရု စိုက်ပြင်ဆင်ပေးရမည်။ ရဟန်းဖြစ်ရန်သင်တန်းပေးခြင်းဆိုတာ တစ်ဦးတစ်ယောက်တည်း အထီးကျန် နေရာမဟုတ် အဖွဲ့အစည်းနဲ့နေတတ်ရန်ဖြစ်တယ် ဒီအရာသည်အရေးကြီးသောအချက်ဖြစ်တယ်။
ဆက်လက်ပြီးရဟန်းမင်းကြီးလီယိုက ခေါ်တော်မူခြင်းအသက်တာနှင့်စပ်လျဉ်းပြီး ရဟန်းဘဝအသက် တာနဲ့ သာသနာပြုလုပ်ငန်းတွေကိုထိခိုက်စေသော လက္ခဏာများကိုရှင်းပြရာတွင် ရဟန်းဘဝသာသနာ ပြုခြင်းလုပ်ငန်းကို သစ္စာရှိစွာလုပ်ဆောင်နိုင်ရန် အမြဲတမ်းရုန်းကန်ကြိုးစားနေဖို့နဲ့ အရွယ်ရောက်သူ အမျိုးသားတိုင်းကို ရဟန်းဘဝသို့ဘုရားရှင်ကအမြဲတမ်းခေါ်နေကြောင်းလည်း
သင်တို့ရဲ့နေ့စဉ်အသက်တာမှာ စိတ်ပျက်ငြီးငွေ့ဖွယ်ရာများ၊ လွတ်လပ်ပျော်ရွှင်စရာများကို မကြောက် မရွံရှင်သန်နေထိုင်ခြင်းသည် လူငယ်များစွာကိုခေါ်တော်မူခြင်းအတွက်ပေးနေတယ်ဆိုတာကိုသတိရပါ။
ဘုရားနဲ့ပေါင်းစပ်ခြင်းမှရရှိသောသင်၏ပျော်ရွှင်မှုကို မေးလာသောလူငယ်များကိုဝေမျှပါ၊ ထိုအရာထဲမှာ သင့်ရဲ့စိတ်အားထက်သန်မှုကိုရှာဖွေပါ။
ရဟန်းတော်များနဲ့တွေ့ဆုံခြင်းအဆုံးမသတ်ခင် ရဟန်းတစ်ပါးမှ ပုပ်ရဟန်းမင်းကြီးအား ပွေ့ဖက်နှုတ် ဆက်ခဲ့ပါသည်။ ရဟန်းမင်းကြီးက ကျွန်ုပ်ပြန်လည်ပွေ့ဖက်နှုတ်ဆက်တာ ဒီရဟန်းတစ်ပါးထဲကိုမဟုတ် သင်းတို့အားလုံးကိုပွေ့ဖက်နှုတ်ဆက်ခြင်းဖြစ်တယ်ဆိုတာကိုသတိရပါ။
ငါတို့အားလုံးသည်အများအတွက်တစ်ယောက် ဖြစ်ကြတယ်။ ဒါကြောင့်ဒီနေရာမှာဘယ်သူမှ တစ်ယောက်တည်းအထီးကျန်နေတာမဟုတ်။ ကိုဘဝအတွက် ဝိညာဉ်ရေးရာဖြူစင်ဖို့ အပြစ်ဖြေခြင်း ကိုနားထောင်ပေးသော ကောင်းမွန်သောဘုန်းတော်ကြီး၊ ဝိညာဉ်ရေးရာလမ်းညွှန်ပေးသောပုဂ္ဂိုလ်၊ ကောင်းသောဝိညာဉ်ရေးခရီးမှာအဖော်ပြုပေးသူ အများကြီးရှိတယ်ဆိုတာကိုသတိရပါ။
တင်ဘယ်လောက်ဝေးလံခေါင်းပါးသောနေရာ၌ရောက်နေပါစေ။ သင်သည်ဘယ်တော့မှ တစ်ဦးတစ် ယောက်တည်းမဟုတ်၊ သင်နှင့်အတူတူအားလုံးရှိနေတယ်။ဘုရားရှင်ရဲ့ကျေးဇူးတော်တွေနဲ့အတူ သူ့ရဲ့နီး ကပ်မှုကိုအမြဲသတိရပါ။ ငါတို့အတူတကွစည်းလုံးစွာရှိနေခြင်းသည် ကမ္ဘာကြီးအတွက် စစ်မှန်သော အသံပါပဲ။။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

