
ရဟန်းမင်းကြီးလီယို (၁၄) ၏ကိုယ်တော်မြတ်ပွဲတော်ကြီးတနဂ်နွေနေ့ဩဝါဒတရား။
ရဟန်းမင်းကြီးလီယို (၁၄) သည် ကိုယ်တော်မြတ်ပွဲတော်ကြီးတနင်္ဂနွေနေ့၌ စိန့်ပီတာရင်ပြင်၌ ရောက်ရှိနေသော ဘုရားဖူးလူအုပ်ကြီးကို အောက်ပါအတိုင်းဩဝါဒချီးမြှင့်ခဲ့ပါသည်။ ယနေ့ဖတ်ရှု့သောဧဝံဂေလိကျမ်းစာတော်မြတ်ထဲ၌ ယေဇူးသခင်၏တရားတော်ကိုနားထောင်ရန် လူအုပ်ကြီးသည်စုဝေးလာကြသည်။ ယေဇူးသခင်သည် တရားတော်ကို သာဟောကြားခြင်းမဟုတ်။ လူအုပ်စုကြီးများထဲမှရောဂါဝေဒနာအမျိုးမျိုးစွဲကပ်ခံစားနေရသူများကိုလည်း ကုသပျောက် ကင်းစေခဲ့သည်။ အဟောသက်သက်ကိုသာပြုသူမဟုတ်ဘဲ တရားတော်ကိုလက်တွေ့ဖော်ဆောင်ကာ ကယ်တင်ရှင်ဟူသော ဂုဏ်ပုဒ်အတိုင်းပင် လူတို့၏ရောဂါဝေဒနာများမှကယ်တင်ပေးခဲ့၊ ကုသပေးခဲ့သည်။
ဤသို့အား ဖြင့် ဘုရားသခင်၏ချစ်ခင် ရင်းနှီးမှုကိုလူသားထုကထိတွေ့ခံစားရသည်။ ဘုရားသခင်အုပ်စိုးသောအရပ်ဒေသ၌ ကျွန်ုပ်တို့သည်မကောင်းမှုများ မှကင်းဝေးကြ သည်။ ကျွန်ုပ်တို့ဆာ လောင်ချိန်၊ မကျန်းမမာဖြစ်ချိန်၊ လောကအသက်တာ၏နောက်ဆုံးအချိန် စသောကျွန်ုပ်တို့လိုအပ်သည့်အချိန်များ၌ ယေဇူး သခင်သည် ကျွန်ုပ်တို့အလယ်၌ရှိနေသည်။ လိုအပ်ချက်တိုင်း၌ ဘုရားသခင်ရှိနေလျှင်ကျွန်ုပ်တို့၏ဘ၀ကိုအဓိပ္ပါယ်ရှိစေ သည်။ ဝေမျှခြင်း၏လက္ခဏာယေဇူးသခင်သည် အရေအတွက်မများလှသောမုန့်နှင့်ငါးတို့ကို ဝေမျှစေခြင်းဖြင့် ပမာဏတိုးပွားလာစေခဲ့ သည်။ သတ်မှတ်ကန့်သတ်ခြင်းလည်းမရှိ။ မိမိတို့၏ဆာလောင်မွတ်သိပ်မှု ပြေပျောက်သည်အထိစားခွင့်ပြုခဲ့ပြီးနောက် အကြွင်းအကျန်များပြန်လည်ကောက်သိမ်းရာ (၁၂) တောင်းအပြည့်ရခဲ့သည်။ ယေဇူးသခင်သည် ထိုမျှများပြားသောလူအုပ် ကြီး၏ဆာ လောင်မွတ်သိပ်မှု ကို၀လင်စွာကျွေးမွေးနိုင်ခဲ့သည်။ ဘုရားသခင်လုပ်ဆောင်သည်ကိုသူလုပ်ဆောင်သည်။ ကျွန်ုပ်တို့အား လည်း သူကဲ့သို့ပြုလုပ်ရန်သင်ကြားပါသည်။
မျက်မှောက်ကမ္ဘာ၌ အခြားသောသူတို့၏လောဘစောကြောင့် ငတ်မွတ်ဆာလောင် နေရသော သူများ၏ ဒုက္ခကိုသတိရရန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် နွမ်းပါးချို့တဲ့သူများအား ေ၀မျှလိုသောစိတ်ခေါင်းပါးခြင်းကြောင့်လူနည်းစုမှာသုံးမကုန်ဘဲ အများစုမှာမွှဲတေနေကြရသည်။ အခြားသူတို့၏နွမ်းပါးချို့တဲ့မှုကိုလစ်လျူရူခြင်းကြောင့် နာကြင်မှုများ၊ မတရားမှုများ တိုးပွားလာရ သည်။ အထူးသဖြင့် ယခုနှစ်၏သန့်ရှင်းသောဂျူဗလီနှစ်၌ ယေဇူးသခင်သည်စံပေတံသည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများနှင့်အစေခံသည့်လုပ်ရပ်များကိုထိန်းကျောင်းနေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၌ရှိ သော ပေါင်မုန့်ကိုအခြားလိုအပ်သူများအားေ၀မျှပေးရန်၊ ထို့နောက်တိုးပွားလာစေရန် ခေါ်တော်မူခြင်း ခံရသူများဖြစ်ကြသည်။ ထို့ ကြောင့်ဘုရားသခင်၏နိုင်ငံတော်ရောက်ရှိလာချိန် နီးကပ်နေသည့် အကြောင်းကိုကြေညာဟောပြောရမည်။ ယေဇူးသခင်သည် အသက်မုန့်ဖြစ်သည်။ ထိုမုန့်သည်လူသားတိုင်းကိုသေခြင်းမှ ကယ် တင်သည်။
ဤနက် နဲသောယုံကြည်ရာအချက်ကား ကိုယ်တော်မြတ်ကိုဖန်ဆင်းသောမစ္ဆားတရား အတွင်း၌ကျင်းပကြသည်။ ဆာလောင်မွတ် သိပ်ခြင်းသည် ကျွန်ုပ်တို့ဘ၀၏အခြေခံကျသော လိုအပ်ချက်ဖြစ်ဖြစ်သည်။ ထို့ကြောင့် မုန့်ကိုဖဲ့ခြင်းသည် ဘုရားသခင်၏ကယ်တင်ခြင်းလက် ဆောင်ကို ဖော်ပြနေခြင်းဖြစ်သည်။ ချစ်လှစွာသောမိတ်ဆွေတို့ … ယေဇူးသခင်သည် ကျွန်ုပ်တို့၏ဆာလောင်မွတ်သိပ်ခြင်း ကိုပြေစေသော ဘုရားသခင်၏ကျွေးမွေးမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်၏ အသားတော်သည် ထာ၀ရအသက်မုန့်တော်ဖြစ်သည်။ ယူ၍စားကြလော့။ သင်တို့အားလုံးအတွက်ပင်ဖြစ် သည်။ အသက်ရှင်သောမုန့်အစစ်အမှန်ဖြစ်သော ယေဇူးသခင် အားပင့်ယူခြင်းဖြင့် ကျွန်ုပ်တို့သည် သူ့အတွက် ရှင်သန်ရမည်။ သူ၏ခန္ဓာတော်ကိုလုံး၀ဥသုန်ပူဇော်ခြင်းဖြင့် လက်၀ါးကပ် တိုင်ပေါ်တင်သတ်ခံပြီးနောက် ပြန်လည်ရှင်ပြန်ထမြောက်သောသခင်သည် သူ့ကိုယ်သူကျွန်ုပ်တို့၏လက်ထဲသို့ထိုးအပ် လိုက်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည်လည်း ဘုရားသခင်အားပင့်ယူရန်ဖန်ဆင်းခံရကြောင်းကို အမှတ်ရလာသည်။ ခရစ္စတူးနှင့်ပေါင်းစပ်ခြင်း၊ဘုရားသခင်ကျွန်ုပ်တို့အားပေးသော အစားအစာဖြင့် ကျွန်ုပ်တို့ကို အားအင် ဖြည့်တင်းပေးခဲ့သည်။ ယေဇူး သခင်ကို အားလုံး၏စိတ်နှလုံးထဲသို့အရောက်ပင့်ဆောင်ပေးကြပါစို့။ လူတိုင်းသူ၏ကယ်တင်ခြင်းလုပ်ငန်းစဉ်၌ပါ၀င်နိုင်ရန်ယေဇူးသခင်တည်ခင်းသောစားပွဲတော်နံဘေး၌လာရောက်ကြရန်ဖိတ်ခေါ်နေသည်။ ပွဲတော်သို့ဖိတ်ခေါ်ခံရသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော် ယေဇူးသခင်အားဖြင့်ဘုရားသခင်ဖော်ပြသောချစ်ခြင်း၏သက်သေများဖြစ်ကြ သည်ဟုမိန့် ကြားခဲ့သည်။ ဘာသာပြန်- Fr. Clement Angelo Ate News- Vatican News Website: rvamyanmar.org #rvamyanmar #VaticanNews #PopeLeoXIV #ArchdioceseofMandalay

