ဖာသာရ် David Toe Wai (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၁)ကြိမ်မြောက် သောကြာနေ့ဩဝါဒ ၂၀၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီကနေ့ကျွန်ုပ်တို့ကြားနာခဲ့ရတဲ့ရှင်မာ‌တေးဦးအခန်းကြီး ၆း၁၉-၂၃မှာ ကိုယ်တော်ရှင်ကတော့သံချေးပိုးရွတို့ဖျက်ဆီးနိုင်၍သူခိုးများခိုးယူဖောက်ခွဲနိုင်သောလောကီဥစ္စာရတနာများကို သင်တို့အဖို့မစုစောင်းကြနဲတဲ့ သံ‌ချေးပိုးရွတို့မဖျက်ဆီးနိုင်သူခိုးများလည်းခိုးယူခဲ့ပြီးဖောက်ထွင်းခြင်းမပြုနိုင်သောကောင်းကင်ဘဏ္ဍာများကိုသာ သင်တို့အဖို့စုဆောင်းကြ‌လော့လို့ကြားနာရပါတယ်။ ဒီအကြောင်းအရာလေးနဲ့ဆက်စပ်လို့ ရှင်လုကာ အခန်းကြီး ၁၂း၁၃-၂၁မှာ ကိုယ်တော်ရှင်မိန့်ဆိုခဲ့တဲ့အရာရှိပါတယ်။ လူစုဝေးထဲကတစ်ယောက်က ဆရာသခင်ကျွန်ုပ်ကိုအမွေခွဲဝေပေးပါရန် ကျွန်ုပ်၏ညီအကိုအားမိန့်တော်မူပါလျှောက်ပါတယ်။ ဒီအခါမှာကိုယ်တော်ရှင်က ငါ့ကိုသင်တို့အတွက်တရားသူကြီးလည်းမဟုတ် အမွေခွဲဝေသူအဖြစ်ခန့်ထားသနည်းလို့မိန့်တော်မူပါတယ်။ အဲဒီနောက် ကိုယ်တော်ကလောဘစိတ်လွန်ကျူးလွန်ခြင်းကိုရှောင်ကျဉ်ကြဖို့နဲ့ အသက်သည်ဥစ္စာဓနကြွယ်ဝခြင်း၌တည်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုအတိအလင်းဟောကြားခဲ့တာကိုကြားနာခဲ့ရပါတယ်။ ကိုယ်တော်ရှင်က ဥပမာလေးတစ်ခုကိုလည်းဆက်လည်ပြီးတော့မိန့်တော်မူပါတယ်။ တစ်ခါကသူဌေးတစ်ဦးကတော့မိမိရဲ့လယ်မြေမှာသီးနှံများစွာထွက်ရှိတာကြောင့်ဒီသီးနှံတွေနဲ့ဘယ်လိုပြုလုပ်ရမလဲလို့စဉ်းစားတွေးတော‌နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အသီးအနှံတွေလည်းသိုလောင်ဖို့ရန်အတွက်ကျည်တိုက်ကောင်းကောင်းမရှိလို့ဖြစ်တယ်။ ရှိတဲ့ကျည်တိုက်တွေလည်းအားလုံးပြည့်နေပြီဖြစ်တယ်။ ဒါ့ကြောင့်သူကတော့ရှိတဲ့ကျည်တိုက်တွေကိုဖြိုဖျက်ပြီးတော့ အခါမှာပို၍ကြီးမားတဲ့ကျည်တိုက်တွေကိုတည်ဆောက်မယ်။ သူ့ရဲ့သီးနှံတွေနဲ့ ဥစ္စာပျက်စီးများကိုသိုလှောင်မယ်ပြီးရင် ငါ့ဝိညာဉ်ကိုလည်း အိုငါဝိဉာဉ်သင်၌များပြားစွာသောဥစ္စာပစ္စည်းများကိုနှစ်ပေါင်းများစွာအတွက်သိုလှောင်ထားလျက်ရှိ၏။ စိတ်သက်သာစွာနေ၍ စားသောက်လျက်ပျော်ရွှင်စွာနေတော့ဟုဆိုပြီးတွေးတောနေတယ်။ ဒါပေမဲ့ ဘုရားသခင်ကတော့အသင်လူမိုက် ဤည၌သင့်ဝိညာဉ်ကိုသင့်ထံမှပြန်တောင်းလိမ့်မည်။ ထိုအခါကျတော့သစ်စုဆောင်းထားသောအရာသည် မည်သူ့အတွက်ဖြစ်မည်နည်လို့မိန့်တော်မူပါတယ်။ ကျွန်ုပ်တို့လူတိုင်းလူတိုင်းရဲ့ဘဝမှာလုံးလုံးခြုံချုံနဲ့နေချင်ကြတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်ကြတယ်။ အက်တော့ကိုယ့်ဘဝလုံခြုံမှုတွေကိုပေးနိုင်တဲ့ပျော်ရွှင်မှုကိုပေးနိုင်တဲ့အရာတွေကိုရှာဖွေလာကြတယ်။ တချို့အသူတွေက ချမ်းသာကြွယ်ဝမှု ဥစ္စာဓနများစွာပိုင်ဆိုင်လေးဘဝကပိုပြီးလုံခြုံလေးလို့ထင်မှတ်လာတဲ့အခါမှာ ငွေနောက်ကိုတကောက်ကောက်လိုက်ရင်းနဲ့အချိန်ကုန်နေကြပါတယ်။ တစ်ချို့သောသူတွေကတော့သြဇာအာဏာကိုလက်ဆုပ်လက်ကိုင်ထားနိုင်ရင်တော့ ဘဝကပိုပြီးတော်လုံခြုံမှုရှိတယ်လို့လက်ခံထားတဲ့အခါမှာ အဲဒီတော့သြဇာအာဏာနောက်ကိုလိုက်ရင်းနဲ့ မရမကနည်းနဲ့ ရာထူးဂုဏ်ဒုတွေကိုရှာဖွေနေကြပါတယ်။ တစ်ချို့တွေကတော့‌အောင်မြင်ကျော်ကြားမှုတွေက ဘဝကိုပျော်ရွှင်စေနိုင်တယ်လို့လက်ခံထားတဲ့အခါမှာ အောင်မြင်ကျော်ကြားမှုကို ဆောင်ခြင်းပေးနိုင်တဲ့အရာတွေအပေါ်မှာပဲ ဘဝကိုပုံအပ်ထားကြတယ်။ ဒီကနေ့ကျနုပ်တို့တရားယူရမယ့် အရာကတော့အထက်ဖော်ပြထားတဲ့အရာတွေက တကယ်ပဲဘဝကိုလုံခြုံမှုနှင့် ပျော်ရွှင်မှုမပေးနိုင်ပါဘူ။ ကျနော့်တို့ဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုနှင့် လုံခြုံမှု ငြိမ်းချမ်းမှု ကိုပေးနိုင်တဲ့အရာကတော့ဘုရားရှင်တစ်ပါးတည်းသာပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီကနေ့ကိုယ်တော်ရှင်က သံ‌ချေးပိုးရွတို့ မဖျက်ဆီးနိုင် သူခိုးများလည်းခိုးယူပြီးဖောက်ထွင်းချင်းမပြုနိုင်တဲ့ ကောင်းကင်နိုင်ငံမှာကောင်းကင်ဘဏ္ဍာကိုရှာဖွေကြဖို့ရန်အတွက် မိန့်မှာနေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ရှာဖွေရမယ့် အရာကတော့ဘုရားအပေါ်မှာထားတဲ့ ယုံကြည်ခြင်း မျှော်လင့်ခြင်း ချစ်လေးမြတ်နိုးခြင်း ပါရမီပဲဖြစ်ပါတယ်။ ဘုရားရှင်၌ငြိမ်းချမ်းမှု ပျော်ရွှင်မှုနှင့်လုံခြုံမှုကိုခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်ုပ်တို့တတွေ ကိုဒီကနေ့ရရှိထားတဲ့ကျေးဇူးတော်တွေအတွက် ဘုရားရှင်အားကျေးဇူးတင်ကြရအောင်။ ဘုရားရှင်အပေါ်မှာ ယုံကြည်ခြင်းနဲ့ ကျနုပ်တို့၏ ဘဝအသက်တာမှာစစ်မှန်တဲ့ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု လုံခြုံမှုကိုပေးနိုင်တဲ့‌ကောင်းကင်ဘဏ္ဍာကို ပိုမိုရှာဖွေစုဆောင်းနိုင်ဖို့အတွက်တရားယူသွားကြပါစို့ဘုရားရှင်သားသမီးအပေါင်းဘုရားရှင်‌ကောင်းကြီးပေးပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *