ဖာသာရ် Cyril Nay Myo Htet (SJ) ကာလ(၁၁)ကြိမ်မြောက် အင်္ဂါနေ့ဩဝါဒ ၁၇၊ ၆၊ ၂၀၂၅
ချစ်လှစွာသောဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမပေါက်လတို့ဒီကနေ့ဟာ၁၁ကြိမ်မြောက်သာမန်ကာလအင်္ဂါနေ့ဖြစ်ပါတယ်။ ဒီကနေ့သမ္မာကျမ်းစာမှာသခင်ခရစ်တော်ကမိမိကိုယ်ချစ်တဲ့သူများကိုပြန်ချစ်ပြီးတော့ မိမိကိုယ်မုန်းသောသူများကိုမုန်းရမယ်ဆိုတဲ့သွန်သင်ညွန့်ကြားမှုကိုဆန့်ကျင်ခဲ့တယ်။ ထို့ထက်ပိုပြီးလုပ်ဆောင်ရန်တိုက်တွန်းခဲ့ပါတယ်။ အဲဒါကတော့မိမိရန်သူကိုချစ်ဖို့ မိမိကိုမတရားညှဉ်းပန်းသောသူတွေကိုဆုတောင်းမေတ္တာပို့သပေးဖို့ဖြစ်ပါတယ်။ အဲဒါဆိုရင်ကျွန်ုပ်တို့အားလုံးဟာဘုရားသခင်ရဲ့သားသမီးဖြစ်လာလိမ့်မယ်။ ဘုရားသခင်ဟာကောင်းမြတ်တဲ့သူအပေါ်မှာကော မကောင်းတဲ့သူအပေါ်မှာကောနေကိုထွက်စေတယ် မိုးကိုရွာသွန်းစေတယ်။ တကယ်လို့မိမိကိုချစ်သောသူကိုသာလျှင်ပြန်ချစ်မယ်ဆိုရင်တော့ကျနော်တို့ဟာအခွန်ခံတွေ လိုဖာရီဇေဦးတွေလိုပဲဖြစ်မယ်။ မယုံကြည်သောသူဘာသာပတွေတောင်အဲ့လောက်လုပ်နိုင်သေးတယ်မဟုတ်လား။ ထို့ကြောင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်စုံလင်တော်မူသည့်နည်းတူ သင့်တို့သည်လည်းစုံလင်ခြင်းရှိကြလော့လို့ဆိုထားတယ်။ ကျွန်ုပ်တို့အားလုံးကိုစုံလင်ပြည့်ဝခြင်ရင်တော့ စစ်မှန်တဲ့ဘုရားသခင်ရဲ့သားသမီးဖြစ်ချင်ရင်တော့ဒီလောကရဲ့သွန်သင်မှုတွေထက်သာလွန်ပြည့်စုံစွာကျင့်ကြံနေထိုင်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ဘုရားသခင်ကတော့အားလုံးအပေါ်မှာကောင်းမြတ်သလိုပဲကျွနုပ်တို့လည်းကောင်းမြတ်ရမှာဖြစ်ပါတယ်။ ဘုရားသခင်ကအားလုံးအပေါ်မှာရက်ရောသလိုပဲကျွန်ုပ်တို့လည်းရက်ရောရမှာဖြစ်ပါတယ်။ ဘုရားသခင်ဖန်ဆင်းထားတဲ့တောတောင်၊ မြစ်ချောင်၊နေလ၊ သစ်ပင်ပန်းပင်အားလုံးကိုအတုယူဖို့လိုပါတယ်။ မြစ်ချောင်းကတော့သူဆီမှာရေလာခက်တဲ့သူကအားလုံးကိုခွင့်ပြုတယ်။လူဆိုးတဲ့လူကောင်းမသတ်မှတ်ထားပါဘူး။ သစ်ပင်ကလည်းသူ့ရဲ့အသီးကိုလာခူးတဲ့သူအားလုံးကိုခွင့်ပြုတယ်။ လူဆိုးလူကောင်းမခွဲခြားပါဘူး။ ပန်းပွင့်ကလည်းသူ့ကိုနမ်းရှိုက်တဲ့သူတွေကိုအားလုံးကိုခွင့်ပြုတယ်။ လူဆိုးလူကောင်းမခွဲခြားပါဘူး။ အဲဒီလိုပဲအားလုံးဟာလည်းမြင့်မြတ်တဲ့စိတ်ထားနဲ့သဘောထားပြီးတော့ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံဖို့သွန်သင်မှာကြားနေတယ်။ တစ်ပါးသူကောင်းစေဖြစ်စေ ဆိုးသည်ဖြစ်စေ မိမိကတော့အမြဲတမ်းကောင်းမြတ်ဖို့မြင့်မြတ်တဲ့စိတ်ထားနဲ့လုပ်ဆောင်မှုတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပြုမူနေထိုင်မှုဟာအပြောလွယ်သလောက်ကျင့်ကြံလုပ်ဆောင်ရမှာခက်ပါတယ်။ ဒီအရာတွေကိုလည်းကျွန်ုပ်တို့ရှေ့မှာလုပ်ဆောင်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဥပမာေတင်အာဖရိကတိုက်က Nissan Mandela , united statements america က Martin Luther king junior အိန္ဒီယာနိုင်ငံက မဟာဓမ္မဂါနီမှာစသော ပုဂ္ဂိုလ်ကြီးများဟာအကြမ်းမဖက်နည်းလမ်းများနဲ့ရန်သူကိုအနိုင်ယူခဲ့တာတွေ့ရတယ်။ လူသားအားလိုတူညီတဲ့အခွင့်အရေးကိုတရားမျှတခြင်းတွေကိုရရှိဖို့အမှန်တရားအတွက်အသက်ရှင်နေထိုင်သွားခဲ့ကြတယ်။ ကျွန်ုပ်တို့အားလုံးလည်းသခင်ခရစ်တော်ကိုစံပြနမူနာယူပြီးတော့ရှင်သန်စွာနေထိုင်သွားကြပါစို့။ အာမင်