ဘုရားသခင်လူသားတိုင်းကိုပေးသောဂုဏ်သိက္ခာကိုသက်သေခံကြရန် ရဟန်းမင်းကြီးတိုက်တွန်း။

ရဟန်းမင်းကြီးလီယို (၁၄) သည် (၂၀၂၅) ‘Day for Life’ (ဘ၀အတွက်နေ့) ဟုခေါင်းစဉ်ပေးထားသော လူ့ အသက်ကိုကာကွယ်ခြင်း၊ သန္ဓေတားဆီးခြင်း၊ ဖျက်ချခြင်းကိုဆန့်ကျင်ကာကွယ်လှုပ်ရှားမှု၌ ပါ၀င်ကြသူ များနှင့်အတူနီးကပ်စွာရှိနေကြောင်းမိန့်ကြားခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်နိုင်ငံများမှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ကြီးမှုကျင်းပခြင်း ဖြစ်သည်။
ဤလှုပ်ရှားမှုကိုနှစ်စဉ်လုပ်ဆောင်လေ့ရှိသည်။ ယခုကဲ့သို့လုပ်ဆောင်ရခြင်းမှာ လူ့ဘ၀တန်ဖိုးကို အဆင့် တိုင်း (ကိုယ်၀န်စရစဉ်၊ ကိုယ်၀န်ရင့်လာချိန်၊ သန္ဓေသားဘ၀ရောက်ရှိလာချိန်) နှင့်အခြေအနေတိုင်း၌ တန်ဖိုးထားတတ်ရန် ရည်ရွယ်သည်။
ယခုနှစ်၏ဆောင်ပုဒ်မှာ ဂျူဗလီနှစ်၏ဆောင်ပုဒ်အတိုင်း ‘မျှော်လင့်ခြင်းသည်စိတ်မပျက်စေပါ။ ဝေဒနာကြား၌အဓိပ္ပါယ်ကိုဖွေရှာပါ’ ဟုစိန့်ပေါလ်၏ (ရောမဩ၀ါဒစာ ၅း၅-၆) ၌ဖော်ပြထားချက်ကို ယူထားသည်။ ခရစ်ယာန်တို့၏ မျှော်လင့်ခြင်းသည် ဆင်ခြင်တုံတရားမဲ့အကောင်းမြင်ရုံမျှမဟုတ်။ ကျွန်ုပ် တို့နှင့်အစဉ်ရှိနေသောဘုရားသခင်၏ အစွမ်းတန်ခိုးပေါ်ရမ်းခါမပစ်နိုင်သောယုံကြည်ခြင်းရှိရန်တိုက် တွန်းနေသည်။ ဤမျှော်လင့်ခြင်းသည် လူ့ဘ၀၏ဝေဒနာခသောမဟူရာညမျိုးကိုလည်းကောင်း၊ ၄င်း ထက်ကျော်လွန်၍လည်းကောင်း ခံထမ်းနိုင်သည်။
ယခုနှစ်ကျင်းပသော ‘အသက်၏နေ့’ အစီအစဉ်၌ပေးပို့သည့်သ၀တ်လွှာထဲ၌ ဝေဒနာခံစားနေရသူများ အတွက် ဆုတောင်းရန်နှင့်ဓားပြတို့၏လုယှက်ရိုက်နက်မှုကိုခံရသည့် ကောင်းသောဆာမာရီတန်နယ် သားကဲ့သို့ဝေဒနာခံစားနေကြရသူများနှင့်နီးကပ်စွာရှိနေရန်၊ နောက်ထပ်အစားထိုး ပြန်မရနိုင်တော့ တဲ့ တန်ဖိုးကိုသက်သေခံရန် လီဗာပူးဂိုဏ်း ချုပ်သာသနာပိုင်ဆရာတော် John Sherrington ကတိုက်တွန်း ခဲ့သည်။ ဂျူဗလီနှစ်၏ဦးတည်ချက်ဖြစ်သော လူသားတို့အားကြီးမားစွာလွှမ်းမိုးထားသည့် ဝေဒနာ၏ နက်နဲသောအဓိပ္ပါယ်ကိုလူသားတို့သည်ဖွေရှာကြရန်၊ဤသို့ဖွေရှာရင်းကျေးဇူးတော်အားဖြင့်ဝေဒနာသည် ကျွန်ုပ်တို့နှင့်ယေဇူးသခင်တည်ရှိနေခြင်းဖြစ်သည်ကိုသိရှိပြောင်းလဲသွာမည်ဖြစ်ကြောင်း ရဟန်းမင်း ကြီးကမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးကဆက်လက်၍ လူသားတိုင်းအားဘုရားသခင်ပေးထားသောဂုဏ်သိက္ခာကို ခြွင်းချက် မရှိစေဘဲ အားလုံးသက်သေခံရန်၊ ဆိုးရွားစွာမကျန်းမမာဖြစ်နေသောသူများအား ယေဇူးသခင်၏ သိမ် မွေ့လှသည့်အထိအတွေ့နှင့်ရင်းနှီးကျွမ်း၀င်မှုကိုထိတွေ့ခံစေရန်၊ လူ့အသိုင်းအ၀ိုင်းအနေဖြင့် ပြည်သူများ ကိုလစ်လျှူရှုရန်ထက် တတ်နိုင်သလောက်စစ်မှန်သောချစ်ခြင်း၊ စာနာသနားစိတ်ဖြင့် ကာကွယ်ရန် အား ပေးရမည်ဟုမိန့်ကြားရင်း၊ လူ့အသက်ကိုနည်းလမ်းအသွယ်သွယ်ဖြင့်ကာကွယ်ရန်၊ ကယ်တင်ရန် လုပ်ဆောင်နေကြသောသူတို့၏လုပ်ဆောင်ချက်များအားလုံးကိုပညာတော်ကိန်း၀ပ်ရာဌာနဖြစ်သောမယ်တော့်ထံအပ်နှံပူဇော်ကာ သေခြင်းမှဘုန်းတော်ဂုဏ်တော်နှင့်အောင်မြင်ထမြောက်သောသခင်၏ ရဲရင့် ခြင်း၊ ပျော်ရွှင်ခြင်နှင့်ငြိမ်းချမ်းခြင်းကျေးဇူးတော်ဖြစ်သည့် သူ၏တမန်တော်ကောင်းချီးကို ပေး၍ဩ၀ါဒ ကိုနိဂုံးချုပ်ခဲ့သည်။
ဘသာပြန်-Fr. Clement Angelo Ate
News- Vatican News
Website: rvamyanmar.org